ရှေးခေတ်မာယာလူမျိုးများရဲ့ ထူးခြားတဲ့အချက် (၁၀)ချက်

ရှေးခေတ်မာယာလူမျိုးများရဲ့ ထူးခြားတဲ့အချက် (၁၀)ချက်

ရှေးခေတ် မာယာ လူနေမှုစနစ်ဟာ အေဒီ ၃၀၀ ကနေ ၉၀၀ အတွင်း စတင်ပေါ်ပေါက်လာခဲ့တာပါ ။ မာယာ ယဉ်ကျေးမှုဟာ အမြဲတမ်း နားလည်ရခက်ပြီး ကျွမ်းကျင်ပညာရှင်တွေတောင် သူတို့ လူနေမှုအဖွဲ့အစည်းရဲ့ ရှုထောင့်ကို မသိကြပါဘူး ။ ဒီ ထူးဆန်းတဲ့ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ဘာအချက်တွေ သိထားသင့်လဲ။ ဘယ်လိုကြောင့်ထူးဆန်းတာလဲဆိုတာ ဆက်လက်ရှုစားကြည့်လိုက်ပါဦးနော်…

Credit Photo

၁။ထင်ထားတာထက် ပိုပြီးကြမ်းတမ်းခြင်း

Credit Photo

မာယာရဲ့ ရိုးရာဓလေ့ရှုထောင့်အရ သူတို့က ကြယ်တွေကိုသာ​ ငေးကြည့်ပြီး ရတနာနဲ့ လှပတဲ့ အမွှေးအတောင်တွေ လဲလှယ်တတ်တဲ့ ငြိမ်းချမ်းတဲ့သူတွေပါ ။ ဒါက ရုပ်တုတွေ ဘုရားကျောင်းတွေကို ရှာမတွေ့ခင်တုန်းကပဲ ဖြစ်ပါတယ်။ ကြည့်ရတာတော့ မာယာတွေက မြောက်ပိုင်း အက်ဇ်တပ်အတွက် ကြောက်မက်ဖွယ်ကောင်းပြီး စစ်မက်လိုလားတဲ့ အိမ်နီးခြင်းနိုင်ငံပါ ။

Credit Photo

စစ်မက်မြင်ကွင်းတွေ လူသားစတေးမှုတွေကိုကျောက်တုံးတွေမှာ ထွင်းထုထားပြီး အများပြည်သူအဆောက်အဦးတွေမှာ ရေးထိုးထားခဲ့ပါတယ် ။

၂။ကမ္ဘာကြီးက ၂၀၁၂ မှာ အဆုံးသတ်လိမ့်မယ်လို့ သူတို့ မယုံခဲ့ကြဘူး

Credit Photo

ဒီဇင်ဘာ ၂၀၁၂ နားရောက်တဲ့အခါမှာ တော်တော်များများက မာယာပြက္ခဒိန် အဆုံးသတ်တော့မယ်လို့ မှတ်ထားခဲ့ကြတယ် ။ အမှန်ပါပဲ ။ သူ့ပြက္ခဒိန်က ရှုပ်ထွေးပါတယ် ။ တိုတိုပြောရရင်တော့ ဒီဇင်ဘာ ၂၀၁၂ ရောက်လာတဲ့အချိန် သူက သုညကို ပြန်ရောက်သွားတာပါ ။

ဒါပေမယ့် ပြက္ခဒိန်ကို ခုလို ပြန်စလိုက်ခြင်းနဲ့ပတ်သက်ပြီး သိပ်စိုးရိမ်တဲ့ပုံမပေါ်ပါဘူး ။ သူတို့ဒါကို အစ တစ်ခုအနေနဲ့ တွေးခဲ့ပုံပါပဲ ။ ဒါပေမယ့် သူတို့ ကပ်ဘေးတွေကိုခန့်မှန်းထားတဲ့ သက်သေတွေတော့ မရှိခဲ့ပါဘူး။

၃။ သူတို့မှာ စာအုပ်တွေရှိခဲ့တယ်

Credit Photo

မာယာတွေ စာတတ်မြောက်ကြပြီး သူတို့စာအုပ်တွေ ကြည့်လိုက်ရင် ဓာတ်ပုံတွေ အရုပ်စာတွေ ထူးခ​ြားတဲ့ အစက်အပြောက်တွေ ပါဝင်ပါတယ် ။ တကယ့်လက်တွေ့မှာတော့ ရှေးခေတ်မာယာတွေက ရှုပ်ထွေးတဲ့ ဘာသာစကားတစ်ခုခုကို အသုံးပြုခဲ့တာပါ ။ မာယာတွေအားလုံးက စာတတ်မြောက်တာမဟုတ်ဘဲ စာအုပ်တွေအားလုံးကိုတော့ ဘုန်းတော်ကြီးအတန်းအတွက် အသုံးပြုခဲ့ဖို့ ထုတ်လုပ်ခဲ့တာပါတဲ့ ။

စပိန်တွေရောက်ခဲ့တဲ့ အချိန်တုန်းကတော့ မာယာတွေမှာ စာအုပ်ထောင်နဲ့ချီရှိပြီပါပြီတဲ့ ။ ဒါပေမယ့် တော်တော်များများ မီးရှို့ခံခဲ့ရပြီး မာယာ မူရင်းစာအုပ် ၄အုပ်ပဲ ကျန်ခဲ့ပါတယ်။

၄။လူသားစတေးမှုကို သူတို့ လေ့ကျင့်ခဲ့တယ်

Credit Photo

မက်ဆီကို အလယ်ပိုင်းကနေ အက်ဇ်တပ် ယဉ်ကျေးမှုက လူသားစတေးမှုနဲ့ဆက်စပ်နေပါတယ် ။ ဒါပေမယ့် ဒါက ဖြစ်နိုင်တာ စပိန်လူမျိုးတွေ ဒါကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တာကြောင့်ပါ ။ မာယာတေ​ွက သွေးဆာပြီး သူတို့နတ်ဘုရားတွေက ယဇ်ပူဇော်တတ်ကြပါတယ်။ တခြားမြို့တွေကို ကျူးကျော်တိုက်ခိုက်ပြီး သုံ့ပန်းတွေကိုကျွန်ပြုတတ် စတေးတတ်ကြတယ် ။ ယဇ်ပူဇော်ခံခဲ့ကြရပါတယ်။

၅။ ကောင်းကင်မှာသူတို့ နတ်ဘုရားတွေကိုတွေ့ခဲ့တယ်

Credit Photo

မာယာတွေက ကြယ် နေ လနဲ့ဂြိုလ်တွေ ရွေ့လျားမှုကို အသေးစိတ်မှတ်တမ်းတင်တတ်ကြတဲ့သူတွေပါ။ ဒီလို ကောင်းကင်ကို အသေးစိတ်လေ့လာတဲ့ အကြောင်းပြချက် တစ်စိတ်တစ်ပိုင်းက နေ လနဲ့ဂြိုလ်တွေက ကောင်းကင်နဲ့ အောက်ဘုံ ကမ္ဘာမြေကြီးကြားထဲမှာ သွားလာကူးလူးနေတဲ့ နတ်ဘုရားတွေ လို့ ယုံကြည်ခဲ့တာကြောင့်ပါ ။ နက္ခတ်ဂြိုလ်ခွင်တွေကိုတော့ မာယာဘုရားကျောင်းတွေမှာ အထိမ်းအမှတ်ပွဲတွေနဲ့ မှတ်တမ်းတင်ခဲ့ကြတယ်။

၆။အဆုံးအစမရှိ ရောင်းဝယ်ဖောက်ကားခဲ့ကြတယ်

Credit Photo

မာယာတွေဟာ မက်ဆီကိုနဲ့ အမေရိက အလယ်ပိုင်းတစ်လျှောက် ရောင်းဝယ်ဖောက်ကားခဲ့ကြတယ် ။ သူတို့က တန်ဖိုးရှိတဲ့အရာတွေနဲ့ အသက်မွေးဝမ်းကြောင်းအတွက် အရာတွေကို ရောင်းဝယ်ခဲ့ကြတယ် ။ အသက်မွေးဝမ်းကြောင်းကုန်တွေမှာ အခြေခံပစ္စည်းအနေနဲ့ အစားအသောက် အဝတ်အထည် ဆား နှင့် လက်နက်တွေ ပါဝင်ပါတယ် ။

အဖိုးတန်ကုန်တွေမှာတော့ ကျောက်စိမ်း​ ရွှေနဲ့ တောက်ပတဲ့ အမွှေးအတောင်တွေ ပါဝင်ကြတယ် ။အုပ်ချုပ်သူလူတန်းစားကတော့ အဖိုးတန်ပစ္စည်းတွေကိုသာ စိတ်ဝင်စားပြီး သူတို့ သေဆုံးတဲ့အခါ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုပါ မြှုပ်နှံခဲ့ကြပါတယ် ။

၇။ သူတို့မှာ ဘုရင်တွေနဲ့ တော်ဝင်မိသားစုတွေရှိတယ်

Credit Photo

မြို့ကြီးတိုင်းမှာဘုရင်တစ်ပါးစီရှိတယ် ။ မာယာအုပ်ချုပ်သူတွေက သူတို့ကို အုပ်ချုပ်နိုင်ခွင့်ပေးထားတဲ့ နေ လနဲ့ ဂြိုလ်တွေက တိုက်ရိုက်ဆင်းသက်လာတယ်လို့ ဆိုပါတယ် ။ ဘာလို့လဲဆိုတော့ သူ့မှာဘုရင်သွေါ်ရှိတာကြောင့် ကောင်းကင်ဘုံ အောက်ဘုံနဲ့ လူသားကမ္ဘာကြားထဲမှာ ဘုရင်က အရေးကြီးတဲ့ပုဂ္ဂိုလ်လို့ ဆိုလို့ရပါတယ်။ ဘုရင်သေဆုံးတဲ့အခါ အုပ်ချုပ်မှုကို သူ့ရဲ့သားစီ အဆင့်ဆင့် လက်ဆင့်ကမ်းပေးပေမယ့် ချွင်းချက်တော့ရှိပါတယ်။ မာယာမြို့တွေကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်မ လက်တစ်ဆုပ်စာတောင် ရှိပါသေးတယ်။

၈။ သူတို့ရဲ့ ကျမ်းစာတွေ ရှိနေပါသေးတယ်

Credit Photo

ရှေးခေတ်မာယာယဉ်ကျေးမှုအကြောင်းပြောရရင် ဒီနေ့သိထားတာတွေက နည်းနည်းလောက်သာ ရှိပါသေးတယ် ။ ထင်ရှားတဲ့ မှတ်တမ်းတစ်ခုကတော့ ရှိနေပါသေးတယ် ။ Popal Vuh လို့ခေါ်တာပါ ။ ဒါက မာယာမျိုးနွယ်တွေအကြောင်း သူရဲကောင်းအမြွှာနှစ်ဦးရဲ့ ဇာတ်လမ်းကို ရေးသားထားတဲ့ အထွတ်အမြတ်ထားတဲ့ စာအုပ်ဖြစ်လို့ဆိုရမှာပါ ။ ၁၇၀၀ အေဒီမှာ ဖာသာ ဖရန်စစ်စကိုက ဒါကို ငှားရမ်းခဲ့ပြီး ကွင့်ချ်ဘာသာနဲ့ရေးသားခဲ့ပါတယ်။ မူရင်းပျောက်ဆုံးသွားပေမယ့်လို့ မိတ္တူကတော့ ဆက်လက်ရှိနေဆဲပါ ။

၉။ ဘယ်သူမှ သူတို့ဘာဖြစ်ခဲ့လဲဆိုတာ မသိခဲ့ကြဘူး

Credit Photo

အေဒီ ၇၀၀ မှာ မာယာ လူနေမှုက သန်မာနေဆဲပါ ။ အင်အားကြီးတဲ့မြို့တွေက ချိနဲ့တဲ့ မြို့တွေကို အုပ်ချုပ်တယ် ကုန်သွယ်မှုတွေ ယဉ်ကျေးမှုတွေကလည်း ထိပ်ဆုံးကိုရောက်လာတယ် ။ အေဒီ ၉၀၀ မှာတော့ မာယာရဲ့ အင်အားကြီးမြို့တွေ လဲပြိုခဲ့ရတယ် ။ ဒါဆို ဘာဖြစ်ခဲ့တာလဲ …. ဘယ်သူမှတော့ သေချာမသိကြဘူး ။ တချို့ကတော့ စစ်ပွဲ တချို့ကတော့ ရာသီဥတု ပြောင်းလဲမှုကို အပြစ်တင်ခဲ့ကြတယ် ။ ဖြစ်နိုင်တာကတော့ ဒီအချက်တွေအားလုံးပေါင်းသွားတာ ဖြစ်နိုင်ပေမယ့် ဘယ်သူမှတော့ မသိကြသေးပါဘူး။

၁၀။ သူတို့ ရှိနေတုန်းပါပဲ

Credit Photo

ရှေးခေတ် မာယာ လူနေမှုက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ထဲက သေဆုံးသွားခဲ့ပေမယ့် မာယာလူမျိုးတွေအားလုံး သေဆုံးပျောက်ကွယ်သွားတယ်လို့ မဆိုလိုပါဘူး ။ စပိန် ကျူးကျော်သူတွေ ရောက်လာတဲ့ ၁၅၀၀ အစောပိုင်းမှာ မာယာ ယဉ်ကျေးမှု ရှိနေဆဲပါ ။ အမေရိကန်တွေလိုပဲ သူတို့ ကျွန်ပြုခံရကာ ယဉ်ကျေးမှုတွေ ဖျက်ဆီးခံခဲ့ရသလို စာအုပ်တွေပါ ဖျက်ဆီးခံခဲ့ရတယ်။

နှစ်ပေါင်း ၅၀၀ တိုင် မာယာလူမျိုးတွေက သူတို့ယဉ်ကျေးမှု အစဉ်အလာတွေကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ် ။ ဂွာတီမာလာ နဲ့ မက်ဆိကို ဘက်လစ် အစိတ်အပိုင်းတွေမှာ မာယာ လူနေမှု ရဲ့ ဘာသာစကား အဝတ်အစားနဲ့ ကိုးကွယ်မှုကို ဆွဲကိုင်ထားတဲ့ သူတွေရှိနေပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*