
အန်နာချန်ဟာ သဲသောင်ပြင်ပေါ်မှာ အရောင်အသွေးစုံလင်ပြီး လှပတဲ့ ပင်လယ်ခရုခွံလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အနုပညာလက်ရာတွေကို ဖန်တီးပုံဖော်တတ်တဲ့ ဒီဇိုင်နာ တစ်ယောက်ပါ “အားမာန်အပြည့်နဲ့ ခြင်္သေ့ပုံတူ ၊ ပင်ဂွင်းမေမေနဲ့ ပင်ဂွင်းသားလေး ”စတဲ့ သူမရဲ့ လက်ရာတွေကို ကြည့်ခြင်းအားဖြင့် အန်နာဟာ သူ့ရဲ့ အနုပညာလက်ရာတွေကို ခံစားချက်ကနေတစ်ဆင့် စီးမြောသက်ဝင်ဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာ သိမြင်နိုင်မှာပါ
ကံကောင်းစွာနဲ့ပဲ ကျွန်မတို့ သူမရဲ့ လက်ရာတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့မေးခွန်းတစ်ချို့ကို ဖြေကြားပေးခဲ့ပါတယ်
အန်နာချန်ရဲ့ လှပတဲ့ အနုပညာလက်ရာတွေကို ပထမဆုံးမြင်လိုက်တဲ့အချိန်ထဲက ပရိသတ်တွေကို မျှဝေပေးချင်နေခဲ့တာပါ
သူမဖန်တီးထားတဲ့ လက်ရာတစ်ခုစီတိုင်းက ကွဲပြားခြားနားနေပြီးတော့ သူကိုယ်တိုင်ကောက်ယူထားတဲ့ ခရုခွံလေးတွေ ဒါမှမဟုတ် သူရဲ့ ကိုယ်ပိုင်အကြံဉာဏ်ပေါ် စိတ်ကူးစိတ်သန်းယူထားတာပါလို့ သူ့ရဲ့ အနုပညာဖန်တီးမှု အဆင့်ဆင့်ကို ပြောပြခဲ့ပါတယ်
” ကျွန်မ သင့်တော်တဲ့ ခရုခွံလေးတွေ ရဖို့အတွက် ပင်လယ်ကမ်းခြေတွေကို သွားကောက်ရပါတယ် တစ်ခါတစ်လေတော့ ကောက်လို့ရလာတဲ့ ခရုခွံလေးတွေနဲ့ ပုံတူရုပ်ပုံ ဖန်တီးဖို့ အဆင်မပြေတဲ့အခါမျိုးမှာ ပန်းချီဆွဲတဲ့ကားချပ်ဆီကို ပြန်သွားရတတ်တယ်” လို့ပြောပြခဲ့ပါသေးတယ်
အန်နာက သဲတွေကို အောက်ခံပစ္စည်းအဖြစ် သုံးဖို့ အရမ်းကို စိတ်အားထက်သန်ခဲ့ပါတယ် ဒါဟာ သူမလုပ်ခဲ့ဖူးတဲ့အရာတွေအားလုံးနဲ့ ကွဲပြားတယ်လို့လည်း ပြောခဲ့ပါတယ် ဖြစ်နိုင်ချေအလားအလာကောင်းတွေ အများကြီးရှိပေမယ့်လို့ အနည်းငယ်သာ ဖော်ထုတ်ခွင့်ရတာပါတဲ့
သူမဟာ ရှေ့လျှောက် အကန့်အသတ်တွေကို ကျော်ဖြတ်ပြီး ကျွန်မတို့ နောက်ခံပစ္စည်းအဖြစ် ယူဆပြီး အလေးထားကြတဲ့ ရွှံ့တွေ ကျောက်တုံးတွေ သစ်သားနဲ့ သံတွေလိုမျိုး သဲပန်းချီပုံတူ လေးတွေကိုလည်း တူညီတဲ့လေးစားမှုမျိုး ရနိုင်ဖို့ မျှော်လင့်နေမိပါတယ် လို့ ဖြေကြားခဲ့ပါတယ်
“ကျွန်မ လပုံစံ ခရုလေးတွေကို ပြီးခဲ့တဲ့နွေရာသီထဲက တောက်လျှောက် စုဆောင်းနေခဲ့တာ သူတို့ကို ကြည့်နေပေမယ့်လည်း လန်းဆန်းတဲ့ ပြောင်းလဲမှုတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ဖို့ ဘယ်ခေါင်းစဉ်အောက်မှာ သုံးရမလဲဆိုတာ စဉ်းစားနေမိတယ် အဲဒီလိုနဲ့ ကျွန်မ Instagram ကို ကြည့်နေတဲ့အချိန် အနုပညာရှင်တစ်ယောက်ဟာ စက္ကူသိုးလေးတစ်ကောင်ရဲ့ အမွှေးလေးတွေကို စက္ကူမျှင်လိပ်လေးတွေနဲ့ပဲ ဖန်တီးထားတာ မြင်လိုက်မိပါတယ် ။ ပြန်ကြည့်လိုက်တိုင်း အရမ်းသိသာနေပေမယ့်လို့ လအတော်ကြာတဲ့အထိ ကျွန်မအတွက် အဲဒီအရာက ပဟေဌိဖြစ်နေခဲ့ပါသေးတယ် ” လို့ အန်နာချန်က ပြောပြခဲ့ပါတယ်
(1)

(2)

(3)

(4)

(5)

(6)

(7)

(8)

(9)

(10)

(11)

(12)

(13)

(14)

Leave a Reply