ကလေးတွေကိုလွယ်ကူစွာထိန်းကျောင်းနိုင်မယ့်နည်းလမ်း (၁၀)ခု

ကလေးတွေက စူးစမ်းတတ်သလို ထူးထူးခြားခြား အလုပ်လဲကြိုးစားတတ်ပါတယ် ။ တစ်ခါတစ်လေ ကလေးထိန်းရတာက တော်တော်လေးကို ခက်ခဲတယ့်အလုပ်ပါ ။ဒါကြောင့် ဒီတစ်ခါမှာဆိုရင်တော့ ဖေဖေ မေမေတို့အတွက် ဒီလိုခက်ခဲတဲ့အလုပ်လေးကို ပျော်စရာလဲကောင်း တီထွင်ဖန်တီးနိုင်စွမ်းလဲရှိ ဘေးလဲကင်းအောင် ဘယ်လိုလုပ်သွားရမလဲဆိုတာနဲ့ပတ်သက်ပြီး နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါရစေ။

၁။ ကလေးတွေ ပန်းချီဆွဲနေတဲ့အချိန်မှာ စက္ကူအိတ်လေးကို အပေါက်ဖောက်ပြီး စွပ်ထားပေးလိုက်ခြင်းအားဖြင့် အင်္ကျီတွေ ပေကျံခြင်းကနေ ကာကွယ်နိုင်ပါတယ်။

© 5-Minute Crafts/Youtube

၂။ ချိုလိမ်လေးတွေ ကြမ်းပြင်ပေါ် ပြုတ်ကျမှာစိုးရိမ်နေသလား?။မပူပါနဲ့ မိုးပျံပူဖောင်းလေးနဲ့ တွဲချည်ပေးထားလိုက်ပါနော်။

© 5-Minute Crafts/Youtube

၃။ သကြားလုံးရောင်စုံလေးတွေကို ရေနဲ့ဖျော်ပြီး ထားလိုက်ရင်တော့ အရောင်လဲခြယ်လို့ရသလို စားလို့လဲ စိတ်ချရတဲ့ ရောင်စုံလေးဖြစ်သွားပါပြီ။

© 5-Minute Crafts/Youtube

၄။ ကလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ မုန့်လေးတွေစားစေချင်တယ်ဆိုရင်တော့ သကြားလုံးပတ်တဲ့အခွံလေးနဲ့ သစ်သီးလေးတွေကို လိပ်ပြီး ကျွေးလိုက်ပါ။

© 5-Minute Crafts/Youtube

၅။ ကလေးတွေရဲ့ ခေါင်းစည်းကြိုးကို အိပ်ရာကနေ မနိုးဘဲ ချွတ်နိုင်ဖို့ လီမွန် ရနံ့ဆီကို သုံးလိုက်ပါ ။ လီမွန်ရနံ့ဆီက ခေါင်းစည်းကြိုးကွင်းကို အရည်ပျော်သွားစေပါတယ်။

© 5-Minute Crafts/Youtube

၆။ သပ်ရပ်တဲ့ pony tail လေးရဖို့ ဖုန်စုပ်စက်ကို အသုံးပြုပြီး စည်းပေးလို့ရနိင်ပါတယ်။

© 5-Minute Crafts/Youtube

၇။ ကုလားထိုင်နဲ့ တီရှပ်ကို တွဲစွပ်ပြီး သင့်ကလေးကို တီရှပ်ထဲထည့်လိုက်ခြင်းအားဖြင့် စိတ်အေးချမ်းသာစွာ ထမင်းကျွေးလို့ရပါပြီ။

© 5-Minute Crafts/Youtube

၈။ရေခဲချောင်းစားအချိန် အရည်တွေ စီးကျလာပြီး လက်ညစ်ပတ်မသွားအောင် cupcake ခွက်အခွံကို အောက်ကနေ စွပ်ပေးထားလိုက်ပါ။

© 5-Minute Crafts/YouTube

၉။ အလုပ်လဲလုပ် ကလေးကိုလဲအချိန်ပေးပြီးသားဖြစ်အောင် စားပွဲကို ပတ်ပြီး အဝတ်ပုခက် ဆင်ပေးထားလိုက်ပါ။

© 5-Minute Crafts/Youtube

၁၀။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရာတွေကိုပဲ သောက်ဖို့ ဖရဲသီးနောက်မှာ သောက်စရာတစ်ခုကို ထားလိုက်ပါ ။ ဖရဲသီးကနေတစ်ဆင့် ခွက်ထဲကို ပိုက်ကိုတပ်ပေးပြီး သောက်ခိုင်းလိုက်ပါ ။ အရသာရှိရှိနဲ့ သောက်သုံးကျမှာ အမှန်ပါပဲ။

© 5-Minute Crafts/Youtube

Be the first to comment

Leave a Reply

Your email address will not be published.


*