ဂြိုလ်တုထုတ်လွှင့်မှုတွေက အိုဇုန်းအလွှာကို ထိခိုက်ပျက်ဆီးနိုင်သလား

ရော့ကတ်တွေ ထုတ်လွှင့်မှုက ကမ္ဘာကြီးရဲ့ အိုဇုန်းအလွှာကိုထိခိုက်စေပါတယ်။အာသာထဲကို အလည်သွားဖို့ လပေါ် ဆင်းသက်ဖို့ မားစ်ပေါ် ခရီးသွားဖို့ စတဲ့အရာတွေအတွက်ဂြိုလ်တု ထုတ်လွှင့်မှုတွေ တိုးတက်လာသလို တော်တော်များများကလည်း ခေတ်သစ် အာကာသ စူးစမ်းရှာဖွေမှုအတွက် အိပ်မက်မက်ကြပါတယ်။ ဒါပေမယ့် NOAA မှုမှာအကြံပြုထားကတော့ အာကာယာဉ်ပျံရဲ့ လှုပ်ရှားမှုတွေက ကျွန်မတို့နေထိုင်တဲ့ကမ္ဘာကြီးကိုကာကွယ်ထားတဲ့ အိုဇုန်းအလွှာကို ထိခိုက်စေနိုင်ပါတယ်။

credit photo

ရေနံဆီလောင်စာကိုသုံးတဲ့ ရော့ကတ် အင်ဂျင်တွေကို ကမ္ဘာတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြပြီး အမည်းရောင် ကာဗွန် ဒါမှမဟုတ် ကြက်ခိုးငွေ့တွေပါတဲ့ မီးခိုးတွေကို ထုတ်လွှတ်ပါတယ် ။ ဒီထုတ်လွှင့်မှုက ကမ္ဘာလေထုအလွှာထဲကို တိုက်ရိုက်ရောက်သွားပါတယ်။ ကမ္ဘာပေါ်ကို နေကနေ ကျရောက်နေတဲ့ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေ ရန်ကနေ ကျွန်မတို့ သက်ရှိတွေအားလုံးကို ကာကွယ်ပေးနေတဲ့ အိုဇုန်းအလွှာပေါ့ ။ ဒီရောင်ခြည် လွန်ကဲလာရင် အရေပြားကင်ဆာ ဖြစ်နိုင်သလို လူသားတွေရဲ့ ကိုယ်ခံအားလည်း အားနည်းလာနိုင်ပါတယ်။ စိုက်ပျိုးရေးနဲ့ ဂေဟစနစ်ကိုလည်း ထိခိုက်လာနိုင်ပါသေးတယ်။

credit photo

၂၀၂၂ ဇန်နဝါရီ ၁ရက်နေ့ကြေငြာချက်အရတော့ ဟိုက်ဒရိုကာဗွန်လောင်ဆာဆီသုံးမှုက အိုဇုန်းအလွှာကို ဆယ်ဆ ပျက်ဆီးစေပြီး လေထုလှည့်ပတ်မှု ပုံစံကိုပါ ပြောင်းလဲစေပါတယ်။ ဒီလိုတိုးတက်မှု အဆင့်က နောက်ထပ် ဆယ်စုနှစ် ၂ ခုအတွင်း မှန်လာနိုင်တဲ့ လက္ခဏာရှိပါတယ်။

ဂြိုလ်တု ထုတ်လွှင့်မှု သုံးဆတိုးလာခြင်း

credit photo

ထုတ်လွှင့်မှုနှုန်းက မကြာသေးခင်ဆယ်စုနှစ်တွေမှာ သုံးဆတိုးလာပါတယ်။ လာမယ့်နှစ်တွေမှာလည်း တိုးလာဖို့ ရှိသေးကြောင်း ကြိုတင် မျှော်မှန်းထားပါတယ်။ ရော့ကတ်တွေက ထရိုပ်ပိုစပီးယား အလွှာထက်ကို လူသားတွေကြောင့် တိုက်ရိုက် လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ အရင်းအမြစ်တွေပါ ။ ထရိုပိုစပီးယားအလွှာကတော့ ကမ္ဘာ့မျက်နှာပြင်ပေါ် ၄-၆ မိုင်အမြင့်မှာရှိနေတဲ့ လေထုအလွှာရဲ့ အနိမ့်ဆုံး နယ်ပယ်ပါ
လောလောဆယ်တော့ ရော့ကတ်ကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေက ခန့်မှန်းချေ တစ်နှစ်ကို တန် တစ်ထောင် ရှိနေပါတယ်။
သုတေသနပညာရှင်တွေတွေ့ရှိထားတာကတော့ ဒီလိုအပြုအမူအဆင့်က နှစ်စဉ် စတရပ်တိုစပီးယား ရဲ့ အပူချိန်ကို ၀.၅ ကနေ ၂ ဒီဂရီ ဆဲလ်စီးရပ် ဒါမှမဟုတ် ၁ ကနေ ၄ ဒီဂရီ ဖာရင်ဟိုက်ထိ တိုးလာပါလိမ့်မယ်တဲ့ ။ အဲဒါက ကမ္ဘာလုံးဆိုင်ရာ လေလှည့်ပတ်မှုပုံစံကို ပြောင်းလဲစေပြီး လေထုအလွှာ လှည့်ပတ်မှုကို အားနည်းစေပါတယ်။

ရော့ကတ်ရဲ့ မီးခိုးထွက်ပေါက်က အိုဇုန်းအလွှာကိုဘယ်လိုသက်ရောက်နေလဲ

credit photo

အပူချိန်နဲ့ လေထုလှည့်ပတ်မှုက စတရပ်တိုစပီးယားက အိုဇုန်းအလွှာကို ပြင်းပြင်းထန်ထန်သက်ရောက်တာကြောင့်ပါတဲ့။ ဒါကြောင့် စမ်းသပ်မှုတွေမှာ အပူချိန်နဲ့ လေတိုက်ခတ်မှုတွေက အိုဇုန်းကို အများကြီး ပြောင်းလဲစေတာ မဆန်းပါဘူး။
သိပ္ပံပညာရှင်တွေက အိုဇုန်းလွှာလျော့နည်းလာမှုကို မြောက်ဘက် ၃၀ ဒီဂရီ မြောက်ဝင်ရိုးစွန်းဘက် ဒါမှမဟုတ် ဟောက်စ်စတန် လက်တီကျူ့ မှာ တစ်နှစ်ပတ်လုံးနီးပါး အကြမ်းဖြင်းအားဖြင့် တွေ့ရှိခဲ့ပါတယ်။အများဆုံးလျော့နည်းမှုဖြစ်တဲ့ ၄ ရာခိုင်နှုန်းကိုတော့ မြောက်ဝင်ရိုးစွန်း ဇွန်လမှာ တွေ့ရှိရပါတယ်။ဒီလို ကွက်ကြားကွက်ကြား အိုဇုန်းလွှာ လျော့နည်းမှုက အမဲရောင် ကာဗွန် ဖြန့်ကျက်မှုနဲ့ တိုက်ရိုက်အချိုးကျနေပြီး ပူနွေးလာမှုကလည်း အဲဒါနဲ့ သက်ဆိုင်နေပါတယ်။

credit photo

သိပ္ပံသုတေသနအဖွဲ့ကတော့ ဟိုက်ဒရိုကာဗွန်စွမ်းအင်ကို သုံးတဲ့ အာကာသယာဉ်တွေနဲ့ အနာဂတ်မှာ အာကာသခရီးသွားလာမှု အဆမတန်တိုးပွားလာရင် ဖြစ်လာမယ့် သက်ရောက်မှုတွေကို ကောင်းကောင်းနားလည်နိုင်ဖို့ တစ်နှစ်ကို မီးခိုးငွေ့ တန် ၃၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြားထုတ်လွှင့်တဲ့ ကြီးမားတဲ့ ထုတ်လွှင့်မှု နမူနာပုံစံကြီး နှစ်ခုကို ဖန်တီးထားပါတယ်။လေထုအလွှာရဲ့ တုံ့ပြန်မှုကို သေချာလေး လေ့လာချင်တာကြောင့်ပါ ။ ရလဒ်တွေကတော့ စတရပ်တို စပီးယား အလွှာက အမဲရောင် ဟိုက်ဒရိုကာဗွန်ကို ပိုပြီးအထိမခံကြောင်း ပြသခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*