အာကာသထဲက တွင်းနက်ကြီး(Black Hole)ဆိုတာဘာလဲ?

အာကာသတွင်းနက်ဆိုတာ အလင်းတောင် မလွတ်မြောက်နိုင်အောင် ဆွဲငင်အား ကြီးမားတဲ့ အာကာသထဲက နေရာတစ်ခုပါ ။ ဆွဲငင်အားကြီးမားလွန်းတာကြောင့် အရာ၀တ္ထုတွေက ကျဉ်းမြောင်းတဲ့ နေရာလေးထဲကို ညှစ်ဝင်သွားပါတယ်။ ကြယ်တစ်လုံး သေဆုံးသွားတဲ့အချိန်ကျရင် ဒါမျိုး ဖြစ်လာနိုင်ပါတယ်
အလင်းတောင် မလွတ်မြောက်နိုင်တာကြောင့် လူတွေက ဒီတွင်းနက်ကြီးတွေကို မမြင်နိုင်ပါဘူး ။ အထူးကိရိယာတွေတပ်ဆင်ထားတဲ့ အာကာသကြည့် တယ်လီစကုပ်နဲ့သာ တွင်းနက်တွေကို ရှာနိုင်မှာပါ။ အဲဒီကိရိယာတွေကတွင်းနက်ကြီးတွေနားကပ်နေတဲ့ ကြယ်တွေက တခြားကြယ်တွေနဲ့ ဘယ်လိုကွာခြားလဲဆိုတာ မြင်နိုင်ပါတယ်
တွင်းနက်ကြီးတွေက ဘယ်လောက်တောင်ကြီးမားလဲတွင်းနက်​တွေက ကြီးတာလည်းရှိသလို သေးတာလည်းရှိပါတယ် ။

credit photo

သိပ္ပံပညာရှင်တွေက အသေးဆုံး တွင်းနက်တစ်ခုက အက်တမ်တစ်ခုစာလောက်ရှိမယ်လို့ ထင်ထားကြပါတယ်။ အရမ်းကို သေးငယ်ပေမယ့်လည်း တောင်ကြီးတစ်တောင်စာ ထုထည်ရှိပါတယ် ။ ထုထည်ဆိုတာက ၀တ္ထုတစ်ခုထဲမှာပါဝင်တဲ့ ပစ္စည်းပမာဏကို ဆိုလိုချင်တာပါ
နောက်ထပ်တွင်းနက်တစ်မျိုးကိုတော့ စတယ်လာ လို့ခေါ်ပါတယ် ။သူ့ရဲ့ ထုထည်ကတော့ နေရဲ့ ထုထည်ထက် အဆ ၂၀ ပိုများပါတယ် ။ ကမ္ဘာကြီးရဲ့ ဂလက်ဆီထဲမှာ စတယ်လာထုထည်ရှိတဲ့ တွင်းနက်ပေါင်း များစွာ ရှိနိုင်ပါတယ် ။ကမ္ဘာကြီးရဲ့ ဂလက်ဆီကို နဂါးငွေ့တန်းလို့ခေါ်ပါတယ်
အကြီးဆုံးတွင်းနက်ကြီးတွေကိုတော့ စူပါမက်ဆစ်ဖ် လိ့ ခေါ်ပါတယ။ ဒီတွင်းနက်ကြီးရဲ့ ထုထည်က နေလုံးပေါင်း တစ်မီလီယျံကို အတူတကွ စုစည်းထားသလိုပါပဲ ။

credit photo

သိပ္ပံပညာရှင်တွေက ကြီးမားတဲ့ ဂလက်ဆီတိုင်းရဲ့ အလယ်မှာ စူပါမက်ဆစ်ဖ် တွင်းနက်ကြီးတစ်ခုရှိနေတယ်လို့ သက်သေတွေ ရှာတွေ့ခဲ့ပါတယ်။ နဂါးငွေ့တန်း ဂလက်ဆီရဲ့ အလယ်က စူပါမက်ဆစ်ဖ် တွင်းနက်ကြီးကိုတော့ ဆာဂျစ်တရပ်စ်လို့ခေါ်ပြီး သူ့ရဲ့ ထုထည်က နေ ၄မီလီယျံနဲ့ ညီပါတယ် ။ သူ့ထဲမှာ ဆိုရင် ကမ္ဘာလိုဂြိုလ်ပေါင်း မီလီယျံချီပြီး ဆံ့ပါတယ်။

 

ဒီတွင်းနက်ကြီးတွေ ဘယ်လိုဖြစ်လာတာလဲ

သိပ္ပံပညာရှင်တွေက စကြ၀ဌာကြီးစတင်ခဲ့တုန်းက တွင်းနက်လေးတွေ ဖြစ်လာတယ်လို့ တွေးခဲ့ကြတယ်
စတယ်လာ တွင်းနက်တွေကတော့ အရမ်းကိုကြီးမားတဲ့ကြယ်တွေ ကြွေတဲ့အချိန်မှာ ဖြစ်ပေါ်လာတာပါ။ သိပ္ပံပညာရှင်တွေကတော့ စူပါမက်ဆစ်ဖ် တွင်းနက်ကြီးတွေက ဂလက်ဆီစပြီး ဖြစ်ပေါ်လာချိန်တည်းက ရှိနေခဲ့တာလို့ ထင်ပါတယ်

credit photo

တွင်းနက်ကြီးတွေက အမဲရောင်ဖြစ်နေတယ်ဆိုရင် သိပ္ပံပညာရှင်တွေ သူတို့ အဲဒီမှာ ရှိနေမှန်း ဘယ်လိုသိကြတာလဲ …..
တွင်းနက်တွေကို မမြင်နိုင်တာက အင်မတန်သန်မာတဲ့ ဆွဲငင်အားက အလင်းအားလုံးကို သူ့ရဲ့ အလယ်ဗဟိုဆီသို့ ဆွဲငင်သွားလို့ပါ ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ တွင်းနက်ပတ်လည်က ကြယ်တွေနဲ့ ဓာတ်ငွေ့တွေကို ပြင်းထန်တဲ့ ဆွဲငင်အား ဘယ်လိုသက်ရောက်လဲဆိုတာ မြင်နိုင်ပါတယ်။ ကြယ်တွေကို လေ့လာပြီး တွင်းနက်ကို သိရှိနိုင်ပါတယ်။ကြယ်တစ်လုံးနဲ့ တွင်းနက်တစ်ခု နီးကပ်လာပြီဆိုရင် စွမ်းအားမြင့် အလင်း ထွက်လာတယ်
ဒါကို လူသားတွေရဲ့ မျက်စိနဲ့ မမြင်နိုင်ပေမယ့်လို့ အာကာသထဲက ဂြိုလ်တုတွေ တယ်လီစကုပ်တွေကိုသုံးပြီး ကြည့်လို့ရပါတယ်

တွင်းနက်ကြီးက ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သလား …..

တွင်းနက်တွေဟာ ကြယ်တွေ လတွေ ဂြိုလ်တွေကို စားသုံးဖို့ အနားမသွားပါဘူး ။ကမ္ဘာကြီးကလည်း တွင်းနက်ကြီးထဲကို မကျရောက်နိုင်ပါဘူး ။ ဘယ်တွင်းနက်ကမှလည်း အဲဒီလိုလုပ်ဖို့အတွက် နေအဖွဲ့အစည်းစနစ်ရဲ့ အနားမှာ မရှိနေပါဘူး

credit photo

နာဆာက တွင်းနက်ကြီးတွေကို ဘယ်လိုလေ့လာသလဲ …..
နာဆာက အာကာသထဲမှာ သွားလာနေတဲ့ ဂြိုလ်တုတွေ တယ်လီစကုပ်တွေကိုသုံးပြီး တွင်းနက်တွေအကြောင်းကို ပိုပြီးသိရဖို့ လေ့လာကြပါတယ် ။အဲဒီ အာကာသယာဉ်တွေက သိပ္ပံပညာရှင်တွေကို စကြ၀ဌာကြီးနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို ဖြေပေးနိုင်ဖို့ အကူအညီပေးကြပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*