ဒမ်ဘဲလ် နက်ဗျူလာ

ဂြိုလ်တွေရဲ့ နက်ဗျူလာတွေအများစုက သေးငယ်ပြီး လှပကြပါတယ် ။ ဒမ်ဘဲလ်နက်ဗျူလာအမ် ၂၇ဟာ တစ်ခုခု ထူးခြားနေတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ ၁၇၆၄ ဂျူလိုင် မှာ ချားလ်စ် မာစီရာ က ရှာဖွေတွေ့ရှိခဲ့ပြီး အမ် ၂၇ဟာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ အာကာသ နက်ဗျူလာတစ်ခုဖြစ်ပါတယ်။ သူကဒါကို ကြယ်မရှိတဲ့ နက်ဗျူလာ ဘဲဥ ပုံစံရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

credit photo

ဆယ်စုနှစ်တစ်စုကြာပြီးတဲ့နောက် ဂျွန် ဟက်စ်ချယ်က ဒါကို ဒမ်ဘဲလ် (အလေးတုံး) ပုံစံရှိတဲ့ နက်ဗျူလာလို့ ဖော်ပြခဲ့ပါတယ်။နောက်မကြာခင်မှာပဲ သဲနာရီပုံစံနဲ့တူတယ်လို့ နာမည်ပြောင်ပေးခဲ့ပါသေးတယ်။ တစ်ချို့ကလည်းဒါကို ပန်းသီးအူတိုင် နက်ဗျူလာ သို့မဟုတ် နက်တိုင် နက်ဗျူလာလို့ ခေါ်ကြပါသေးတယ်
ကြယ်တာရာစု ဗော်လ်ပီကူလာ ဖော့စ်မှာရှိနေတဲ့ ဒမ်ဘဲလ်က ကောင်းကင်မှာ အတောက်ပဆုံး နက်ဗျူလာတစ်ခုဖြစ်ပါတယ်။ နှစ်ဖက်ကြည့်မှန်ပြောင်းတွေ ရှာဖွေရေးမှန်ပြောင်းတွေက သေးသိမ်တဲ့ ခါးလေးနဲ့ ထောင့်မှန်ပုံစံရှိတဲ့ အလင်းကွက်အနေနဲ့ ဂမ်မာ ဆာဂျစ်တဲ ရဲ့ မြောက်ဘက် ကြယ်အစုအဝေးရဲ့ သုံးဒီဂရီမှာ မြောလွင့်နေပါတယ်။

credit photo

တယ်လီစကုပ်ရဲ့ ပါဝါအနိမ့်ကို သုံးပြီးသူ့ကို ရှာလို့ရပါတယ် ပြီးရင်တော့ အကောင်းဆုံးမြင်ကွင်းကိုမြင်ရဖို့ ၁၀၀ဆ အနည်းဆုံးပြောင်းပေးရပါမယ် ။ နတ်ဗျူလာရဲ့ အလင်းရောင်က အချိုးမညီမျှဘဲ သဲနာရီပုံစံမှာတောင်ဘက်တစ်ဝက်က မြောက်ဘက်ထက် တောက်ပနေပါတယ်။နားရွက်လို့ ခေါ်ကြတဲ့ ထောင့်မှန်ကျနေတဲ့ ခပ်မှိန်မှိန်ချဲ့ထွင်မှုလေးတွေက အလယ်ဗဟိုကနေ အဝေးကို ဖြာထွက်နေပါတယ်။
အလယ်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၈၀၀ ကျော်ကနတ်ဗျူလာကို မွေးဖွားပေးခဲ့တဲ့ ကြယ်ရဲ့ အကြွင်းအကျန် သေးငယ်တဲ့ အဖြူရောင် လုံးလေးကို ဖုံးကွယ်ထားပါတယ်။

credit photo

ဂြိုလ်တိုင်းရဲ့ နတ်ဗျူလာတွေက ထူးခြားပါတယ် ဘာလို့လဲဆိုတော့ သူတို့ရဲ့ ပုံသဏ္ဍာန်တွေက ကျွန်ုပ်တို့ ကြည့်တဲ့ရှုထောင့်ပေါ်ကို မူတည်နေလို့ပါပဲ။ ဝင်ရိုးကို ကြည့်တဲ့ ထောင့်ပေါ်မူတည်ပြီး တစ်ချို့က အဝိုင်းပုံ သို့ အပြားပုံစံ ရှိကြပါတယ်။ ဒါပေမယ့် ဘေးဘက်က ကြည့်ရင်တော့ ဆလင်ဒါပုံစံနဲ့ တွေ့ရတတ်ပါတယ် ။ တောက်ပနေတဲ့ သဲနာရီပုံစံ ဒမ်ဘဲလ်ကတော့ စက်လုံးပုံစံ ဝင်ရိုးတိုမှာ လှည့်ပတ်နေပါတယ်။ နားရွက်ပုံစံ အလင်းတွေကတော့ သူ့ရဲ့ အဓိက ဝင်ရိုးမှာ တည်ရှိနေပါတယ်တဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*