စကြာဝဠာကြီးထဲက အမြန်ဆုံးအရာ လေးခု

ကျည်ဆံထက်အများကြီးမြန်တဲ့အရာတွေကတော့ ကြယ်တာရာအစုအဝေးထဲက အရာတွေဘဲဖြစ်ပါတယ်။ညဘက်ကောင်းကင်ကြီးကို ငေးကြည့်လိုက်မယ်ဆိုရင် တည်ငြိမ်အေးချမ်းနေတဲ့နေရာအဖြစ် စကြဝဠာကြီးကို လွယ်လွယ်နဲ့ ပုံဖော်လို့ရမှာပါ။ဒါပေမယ့် တကယ်တမ်းမှာတော့ အာကာသအပြင်ဘက်က အရာတွေက အရမ်းကို မြန်မြန်ဆန်ဆန် လှုပ်ရှားနေကြတာပါ။ဒါဆိုရင် ကြယ်တာရာအစုတွေထဲက အရမ်းကို မြန်ဆန်လွန်းတဲ့အရာတွေကို ဘယ်နေရာမှာ ရှာကြမလဲ ။အောက်မှာ ဖော်ပြထားတာကတော့စကြဝဠာကြီးထဲက အမြန်ဆုံး အရာ လေးခုပဲ ဖြစ်ပါတ​ယ်

၁။ စကြဝဠာ ပြန့်ကားခြင်း

Credit: Andreus / iStock / Getty Images Plus

အမြန်နှုန်း – အလင်းထက်မြန်သည်

စကြဝဠာကြီးဟာ ပြန့်ကားနေတယ်လို့ ကျွန်တော်တို့သိထားကြပါတယ် ။ ဒါပေမယ့် ဒီဟာက အာကာသ ဟင်းလင်းပြင်ကိုတော့ မပြည့်သွားနိုင်ပါဘူး။ဘာလို့လဲဆိုရင် အဲဒီအာကာသဟင်းလင်းပြင်ကိုယ်တိုင်ကိုက ကျယ်ပြန့်လာလို့ပါပဲ။ ရူပဗေဒသဘောတရားအရတော့ အရာ၀တ္ထုနှစ်ခုက တစ်ခုနဲ့တစ်ခု သက်ဆိုင်နေရင် အလင်းထက်မြန်တဲ့ အမြန်နှုန်းနဲ့ မရွေ့လျားနိုင်ဘူးလို့ ပြောထားပေမယ့် သူတို့ရွေ့လျားတဲ့ နေရာမှာတော့ ကန့်သတ်ချက် မရှိပါဘူ။း ဒါကြောင့် အစောပိုင်း ဖြစ်ပေါ်ထားတဲ့ စကြ၀ဠာကြီးက အလင်းထက် မြန်မြန် ပြန့်ကားနိုင်တယ်လို့ ပြောနိုင်တာပါ။စည်းမျဉ်းတွေအရတော့ ကျွန်တော်တို့ စကြ၀ဌာကြီးထဲမှာ အဝေးဆုံးမြင်နိုင်တာကို နက္ခတ်တာရာ ဇုန်လို့ ခေါ်ပြီး အဲဒီအရာကျော်သွားရင်တော့ အလင်းက က စကြဝဠာကြီးရဲ့ သက်တမ်းတစ်လျှောက်အတွင်း ကျွန်ုပ်တို့ဆီကို မရောက်နိုင်တော့ပါဘူး။
ကျွန်ုပ်တို့ ဒါကို လုံး၀မမမြင်ဖူးနိုင်ဘူးဆိုပေမ​​ယ့် စကြာဝဠာကြီးကတော့ ဒီဘောင်အကန့်အသတ်ကျော်မှာရှိနေပါသေးတယ် ။ စကြဝဠာကြီးရဲ့ မမြင်ရတဲ့ အစိတ်အပိုင်းတွေက အလင်းထက်မြန်တဲ့အလျင်နဲ့ ကျွန်ုပ်တို့ဆီကနေ အဝေးကိုသွားနေတာပါ။
ဒါကြောင့် ထင်ရှားတဲ့ အစိတ်အပိုင်းတွေက ကျွန်ုပ်တို့ဆီကနေ အလင်းထက် အဆမီလီယျံနဲ့ချီပြီး မြန်ဆန်တဲ့ အလျင်နဲ့ အဝေးကို ရွေ့လျားနေနိုင်ပါတယ်။

၂။ အလင်း

Credit: Aaron Foster / Getty Images

အမြန်နှုန်း – တစ်စက္ကန့်လျှင် ၂၉၉၇၉၂.၄၅၈ ကီလိုမီတာ
အာကာသဟင်းလင်းပြင် ပြန့်ကားနှုန်းက စကြဝဠာထဲမှာ အမြန်ဆုံးအရာဆိုတာ နည်းနည်းတော့ လက်မခံနိုင်စရာဖြစ်နေပါလိမ့်မယ် ။ စကြဝဠာထဲက အမြန်ဆုံး သဘာဝတရားက အလင်းကိုယ်တိုင်ပဲလို့ပြောရင်ပိုပြီး ရိုးသားရာရောက်ပါတယ် ။ စကြဝဠာကြီးမှာ ကိုယ်ပိုင်လိုအပ်တဲ့ အမြန်နှုန်းရှိပါတ​ယ် ။ ဒါဟာ အလင်းရဲ့ အမြန်နှုန်းပါပဲ။အဲဒီထက် ဘယ်အရာကမှ မမြန်ပါဘူး။ ဒါပေမယ့် ဘာလို့များအလင်းထက် ဘယ်အရာကမှ မြန်မြန်မရွေ့လျားနိုင်တာလဲ
အလေးချိန်ရှိတဲ့ အရာဝတ္ထုတွေ ရွေ့လျားဖို့ စွမ်းအင်လိုပါတယ် ။ ရူပဗေဒသဘောတရားအရ အလေးချိန်ရှိတဲ့ အရာတစ်ခု အလင်းအလျင်နဲ့ ရွေ့လျားဖို့ဆို အနန္တစွမ်းအင် လိုအပ်ပါတယ်။

၃။ Gravitational waves

Credit: Mark Garlick / Science Photo Library / Getty Images

အမြန်နှုန်း – တစ်စက္ကန့်ကို ၂၉၉၇၉၂.၄၅၈ ကီလိုမီတာနှုန်း
ထုထည်မရှိတဲ့ အမှုန်တွေအားလုံးက အလင်းအလျင်နဲ့ သွားလာကြပါတယ်
အားနည်းတာပဲ ဖြစ်ဖြစ် အားကောင်းတဲ့ နျူကလီးယားအား ဖြစ်ဖြစ် ဆွဲငင်အားဖြစ်ဖြစ် ညွှန်ရပ်ပါ စက်ကွင်းကို ဖန်တီးကြည့်လိုက်ပါ။ဆွဲငင်အားလှိုင်းတွေကို ပထမဆုံးထောက်လှမ်းတွေ့ရှိချက်ကို ၂၀၁၆ မှာ ကြေငြာခဲ့ပါတ​ယ်။နောက်ပိုင်းမှာတော့ ဒီအာကာသလှိုင်းဂယက်လေ့လာမှုတွေက စကြဝဠာကြီးကို ပိုပြီးနားလည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

၄။ Cosmic rays

Cosmic rays permeate the Solar System. Credit: ESA

အမြန်နှုန်း – တစ်စက္ကန့်လျှင် ၂၉၉၇၉၂.၄၅၇၉၉၉၉ ကီလိုမီတာနှုန်း

သူတို့က တကယ်တမ်း ရောင်ခြည်တွေမဟုတ်ပါဘူး အက်တမ်တစ်ဝက်ပါတဲ့ အမှုန်လေးတွေဖြစ်ပြီး စကြ၀ဌာထဲက ဂြိုလ်တွေ ပေါင်းစည်းတာတို့ အရမ်းကြီးမားတဲ့ကြယ်တွေ ပေါက်ကွဲတာတို့ စတဲ့ စွမ်းအားပြင်းထန်တဲ့ အခြေအနေတွေကနေ ပေါ်ထွက်လာတာပါ။
လေ့လာရသလောက် အမြန်ဆုံး ကော့စမစ်ရောင်ခြည်က အလင်းအလျင်နီးပါးသွားနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*