ကမ္ဘာ့ သံလိုက်စက်ကွင်းရဲ့ နောက်ကွယ်မှ လျှို့ဝှက်ချက်များ

ပထဝီသံလိုက်စက်ကွင်းလို့ သိထားကြတဲ့ ကမ္ဘာမြေကြီးရဲ့ သံလိုက်စက်ကွင်းကို ကျွန်မတို့ကမ္ဘာဂြိုလ်အတွင်းပိုင်းထဲကနေ ထုတ်လွှတ်တာဖြစ်ပြီး အာကာသထဲထိကိုဖြန့်ကျက်ကာ ကမ္ဘာကြီးတစ်ခုလုံးကို သံလိုက်စက်လုံးအဖြစ်နဲ့ ဖန်တီးထားပါတယ်။
သံလိုက်စက်ကွင်းမရှိဘူးဆိုရင် ကမ္ဘာကြီးပေါ်က ကျွန်မတို့ သိထားတဲ့ သက်ရှိတွေကို နေကနေတစ်သမတ်ထဲ လွင့်ထွက်လာသော အဖိုဓာတ် အမဓာတ်ဆောင်တဲ့ အမှုန်လေးတွေဖြစ်တဲ့ ဆိုလာလေတိုက်ခတ်မှုကနေ ကျွန်မတို့ကို ကာကွယ်ပေးပါတယ်။
ကမ္ဘာကြီးမှာ ဝင်ရိုးနှစ်ခုရှိပါတယ် ပထဝီ ဝင်ရိုး နဲ့ လျှပ်စစ်သံလိုက် ဝင်ရိုးတို့ပဲဖြစ်ပါတယ်။

credit photo

ကမ္ဘာဂြိုလ်ထဲမှာ ကြီးမားတဲ့ သံလိုက်ချောင်းကြီးရှိတယ်လို့ တွေးကြည့်လိုက်ပါ
အဲဒါဟာ ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းပါပဲ ကမ္ဘာကြီးရဲ့ ဝင်ရိုးနဲ့ အကြမ်းဖျင်းအားဖြင့် အပြိုင်တည်ရှိတဲ့အရာပေါ့
သံလိုက်ရဲ့ အဆုံးတစ်ခုစီတိုင်းက ပထဝီအရ တောင် မြောက် ဝင်ရိုးတွေနဲ့ ၁၀ ဒီဂရီ လောက် နီးကပ်နေပါတယ် ။ ကမ္ဘာကြီးရဲ့ မမြင်နိုင်တဲ့ သံလိုက်စက်ကွင်းကတော့ ပတ်လမ်း ကွင်းဆက်အပိတ်ပုံစံသွားနေပြီး သံလိုက်ဝင်ရိုးတစ်ခုစီနဲ့ ထောင့်မှန်ပုံစံ ကျနေပါတယ်
ပထဝီဝင်ရိုးတွေဖြစ်တဲ့ တောင်နဲ့မြောက်ဝင်ရိုးတွေက GIS ပထဝီအနေအထားအရ လောင်ဂျီကျူ့လိုင်းတွေ စုံစည်းရာ နေရာ ဖြစ်ပါတယ် ။

credit photo

ပထဝီမြောက်ဝင်ရိုးကတော့ အာတိတ်သမုဒ္ဒရာအလယ်မှာ တည်ရှိပြီး တောင် ဝင်ရိုးကိုတော့ အန္တာတိကမှာ တွေ့ရမှာဖြစ်ပါတယ်။
လျှပ်စစ်သံလိုက်ဝင်ရိုးတွေကတော့ ကမ္ဘာကြီးကို သံလိုက်လှိုင်း ဆွဲငင်အားတွေဝင်တဲ့နေရာမှာ တည်ရှိပါတယ် ။ သံလိုက် မြောက် ဝင်ရိုးကိုတော့ North Dip ဝင်ရိုးလို့ သိထားပြီး လက်ရှိမှာတော့ ကနေဒါ မြောက်ပိုင်း အယ်လက်စ်မီးယား ကျွန်းမှာ တွေ့ရှိထားပါတယ် ။ သံလိုက်အိမ်မြှောက်က မြောက်ဘက်ကို ညွှန်ပြနေတဲ့အချိန်မှာ သူဟာ ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းနဲ့ အပြိုင်အနေအထားမှာ ရှိနေပြီး သံလိုက် မြောက်ဝင်ရိုးစွန်းကို ညွှန်ပြနေပါတယ်။ ဒါဟာ GISပထဝီအနေအထားအရ 310 မိုင် (၅၀၀ ကီလိုမီတာ ) ကွာဝေးတဲ့မြောက်ဝင်ရိုးစွန်းကို ညွှန်ပြနေတာမဟုတ်ပါဘူး။

credit photo

ကိစ္စတွေကို နည်းနည်းလေး ရှုပ်ထွေးသွားအောင် ပြောရမယ်ဆိုရင်တော့ ကျွန်မတို့ ခေါ်နေတဲ့ သံလိုက် မြောက်ဝင်ရိုးစွန်းက တကယ်တော့ သံလိုက် တောင်ဝင်ရိုးစွန်းပါ
သံလိုက်စက်ကွင်းအရင်းအမြစ်တွေက တောင် မြောက် အစွန်းနှစ်ဖက်ရှိကြပါတယ် ။သံလိုက်ကို ပြောရမယ်ဆိုရင်တော့ ဆန့်ကျင်ဘက် ဝင်ရိုးတွေဖြစ်တဲ့ တောင်နဲ့မြောက်က တခြား ဝင်ရိုးစွန်းတွေဖြစ်တဲ့ တောင် – တောင် ၊ မြောက် – မြောက် တွန်းကန်နေချိန်မှာတော့ သူတို့က အချင်းချင်း ဆွဲငင်ကြပါတယ် ။ ဒါကြောင့် သံလိုက်က မြောက်ဘက်ကို ညွှန်ပြနေတာက တကယ်တော့ ပထဝီအနေအထားအရ မြောက်ဝင်ရိုးစွန်းနဲ့ နီးကပ်နေတဲ့ သံလိုက်တောင်ဝင်ရိုးစွန်းဘက်ကို ဆွဲငင်ခံလိုက်ရတာပါ ။


ပထဝီဝင်ရိုးစွန်းတွေနဲ့မတူတာကတော့ ကမ္ဘာကြီးရဲ့ သံလိုက် ဝင်ရိုးတွေက အတည်တကျမရှိပဲ အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ ။ ပထမဆုံးအနေနဲ့ ဗြိတိန် ရှာဖွေလေ့လာသူ ဂျိမ်းစ် ကလက်ခ်က သံလိုက်​မြောက်ဝင်ရိုးကို ၁၈၃၁ ခုနှစ်မှာ ကနေတာ နူနာဗော့ နယ်မြေရဲ့ ဘိုသိစ် ကျွန်းစွယ်မှာ တွေ့ရှိခဲ့တာပါ ။ အဲဒီရှာဖွေတွေ့ရှိမှုပြီးနောက်ပိုင်းမှာတော့ သံလိုက်မြောက်ဝင်ရိုးက အနောက်မြောက်လမ်းကြောင်းအတိုင်း တစ်နှစ်ကို ၂၅ မိုင် ရွေ့လျားသွားပါတယ် ။ အဲဒီထက်ပိုတာကတော့ ကမ္ဘာကြီးရဲ့ သံလိုက်ဝင်ရိုးတွေက မြောက်က တောင်အဖြစ် တောင်က မြောက်အဖြစ်လဲ ပြောင်းလဲသွားတတ်ကြပါသေးတယ် ။ ဒီလို ဖြစ်စဉ်မျိုးကို တွေ့ရတဲ့ အချိန်ကာလကတော့ ပုံသေမရှိပဲ နှစ်ပေါင်း ၂၀၀၀၀၀ တိုင်းမှာ တွေ့ရတတ်ပါတယ်တဲ့

Be the first to comment

Leave a Reply

Your email address will not be published.


*