
ဟန်ဂေရီနိုင်ငံမှ သရုပ်ဖော်သူ Gergely Dudás သည် အလွန်သေးငယ်သော နှလုံးပုံနှင့်ကြက်ဥပုံ၊ ဝက်ဝံနှင့်ကြောင် စသည်တို့ထဲတွင်ကွဲပြားခြားနားသော အရာများကို ဖုံးကွယ်ထားသည့် ပဟေဠိများရေးဆွဲထားပါတယ်။ သူကထိုအရာများကို သူ့ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ တင်ထားပြီး သူ့မှာကိုယ်ပိုင်စာအုပ်တွေလည်း ရှိပါတယ် လို့ရေးသားထားပါတယ်။ သူတင်ထားတဲ့ ပဟေဠိပုံရိပ်အချို့ကိုတော့ ယခုဆောင်းပါးထဲမှ ာဖော်ပြပေးလိုက်ပါတယ်။
(၁) ဒီဆင်ပုံတွေထဲကအသဲပုံတစ်ခုကိုရှာကြည့်ပါ။
(၂)ခတ္တာပန်းတွေကြားမှာဖွက်ထားတဲ့ကြက်ဥတစ်လုံးကိုရှာကြည့်ပါ။
(၃) ဒီဓါတ်ပုံထဲမှာတော့ ငါးလေးတစ်ကောင်ကို ရှာကြည့်ပါ။
(၄) သရဲတစ္ဆေတွေကြားမှာတော့ ပိုလာဝက်ဝံလေးတစ်ကောင်ကို ဖွက်ထားပါတယ်။ သင်တို့ရှာတွေ့သလား?
(၅) ဒီဓါတ်ပုံထဲက သစ်ရွက်တွေကတော့ အရွက်တွေအများစုဟာ အရွက်သုံးရွက်သာပါပြီး တစ်ခုကတော့ လေးရွက်ရှိနေပါတယ်။ထိုအရွက်ကိုရှာကြည့်ကြည့်ပါ။
(၆) ဒီဇီးကွက်ကာတွန်းပုံတွေ ကြားထဲမှာ ဖွက်ထားတဲ့ ကြောင်ကာတွန်းပုံလေးကို ရှာကြည့်ပါ။
(၇)ပင်လယ်ဖျံတွေကြားထဲမှာရှိနေတဲ့ မုန်ချိုတုံးလေးတစ်ခုကိုရှာကြည့်ပါ။
(၈)ယုန်တွေကြားထဲမှာဖွက်ထားတဲ့ ကြက်ဥကိုရှာကြည့်ပါ။
(၉)ဒီခရုတွေကြားထဲမှာတော့အသဲပုံတစ်ခုရှိနေပါတယ်။သင့်ရှာတွေ့ပါသလား?
(၁၀)ဒီဝက်ဝံတွေကြားထဲမှာတော့ သူတို့အရောင်နဲ့ဆင်တဲ့ဘောလုံးတစ်လုံးရှိနေပါတယ်။
(၁၁)ဆန်တာကလော့ရဲ့ ဦးထုပ်ကိုတော့ကောင်လေးတစ်ယောက်ယူထားပါတယ်။သင်ဝိုင်းကူပြီးရှာပေးလိုက်ပါဦး။
(၁၂)အရိုးစုတွေထဲမှာတော့မှင်စာတစ်ကောင်ရှိနေပါတယ်။
(၁၃) ဒီဓါတ်ပုံထဲက ငါးတစ်ကောင်က ဘယ်နားမှာရှိနေလဲဆိုတာ သိပါသလား။
(၁၅)ကြောင်လေးတွေကြားထဲကမှ ယုန်လေးတစ်ကောင်ကိုရှာကြည့်လိုက်ပါဦး။
အဖြေများ
Leave a Reply