
ဂျပန်ရေငုပ်သမားအဘိုးနဲ့ ပင်လယ်ငါးကြီးရဲ့ ၂၅ နှစ်ကြာ သံယောဇဉ်
ကျွန်မတို့ရဲ့ စာဖတ်ပရိသတ်တွေ တော်တော်များများ လူတွေနဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကြား ဒါမှမဟုတ်ရင် တောရိုင်းတိရိစ္ဆာန်တွေနဲ့တောင် နွေးထွေးချစ်ခင်ဖွယ်ကောင်းလှတဲ့ သူငယ်ချင်း လိုသံယောဇဉ်တွေ ရှိတတ်ကြတာကို ကြားဖူးကြမှာပါ။အိမ်မွေးတိလေးတွေဟာ ချစ်ဖို့ကောင်းပြီး ရင်းနှီးခင်မင်တတ်ကြသလို တောရိုင်းတိရိစ္ဆာန်လေးတွေကလည်း သူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့ လူသားတွေကို ကျေးဇူးတင်တတ်ကြပါတယ်။ သူတို့က သင်တို့ရဲ့ ကြင်နာမှု ချစ်ခြင်းမေတ္တာ ဂရုစိုက်မှုတွေကို ခံစားသိရှိကြပြီး တူညီတဲ့ […]