Lockdown စည်းကမ်းတွေ ချိုးဖောက်လို့ လာတားဆီးတဲ့ရဲမေကို ပြန်ကိုက်ခဲ့လို့ ထောင်ကျသွားတဲ့အမျိုးသား

အမျိုးသားတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်ကြောင့်ချမှတ်ထားတဲ့ Lockdown စည်းကမ်းတွေကို ချိုးဖောက်လို့ လာရောက်တာဆီးတဲ့ အမျိုးသမီးရဲအရာရှိတစ်ဦးကို ပြန်ကိုက်ခဲ့တဲ့အတွက် ထောင်ကျသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးကတော့ Rochdaleဒေသမှာဖြစ်ပွားခဲ့တာဖြစ်ပြီးအသက် ၂၁နှစ်အရွယ်ရှိတဲ့ ထိုရဲမေဟာလမ်းမပေါ်က နှောက်ယှက်သူတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

အသက်၃၀အရွယ်ရှိ နှောက်ယှက်သူထိုအမျိုးသားအား စည်းကမ်းချိုးဖောက်မှုကြောင့် သူမဟာဖုန်းဆက်အကြောင်းကြားနေစဉ်မှာ ထိုအမျိုးသားက သူမကိုကိုက်ပြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။ ထို့အပြင်ထိုအမျိုးသားဟာ အခြားရဲအရာရှိတစ်ဦးကိုလည်း စော်ကားခဲ့ပါသေးတယ်။

ထိုအမျိုးသားဟာ ကိုရိုနာဗိုင်းရပ်ကြောင့် ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ကာ Drake Street အနီးမှာရှိတဲ့ သူ့ရဲ့အသိအိမ်ကို လာရောက်လည်ပတ်တာဖြစ်ပါတယ်။ ရဲအရာရှိကသူ့ကိုပိတ်ဆို့ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်နေကြောင်းရှင်းပြဖို့ ကြိုးစားနေသော်လည်း သူကဒေါသကြီးစွာနဲ့ လက်မခံဘဲသူမကို ကိုက်သွားခဲ့ပြီး ထိုရဲမေလေးကတော့ ဆေးကုသမှုခံယူခဲ့ရပါတယ်။

သူမဆေးကုသမှုခံယူပြီးနောက် ကိုရိုနာဗိုင်းရပ်ပါထပ်မံစစ်ဆေးခဲ့ရပြီး အဖြေကတော့ Negative ထွက်ခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုအပြီးမှာတော့ မန်ချက်စတာရဲတစ်ဖွဲ့ချုပ်ရဲ့ ရဲမှုးချုပ်ဖြစ်သူ Ian Hopkins က ” လူတစ်ချို့ရဲ့အပြုအမူနဲ့ ပက်သက်ပြီး ကျွန်တော်မှာပြောစရာ စကားမရှိအောင်ဖြစ်ရတယ် “လို့ဆိုပါတယ်။

” ဒီအဖြစ်အပျက်ကတော့ ယခုလိုကိုရိုနာဗိုင်းရပ်ကာလမှာ ဖြစ်ပွားရတာဟာ နိုင်ငံရဲ့ အဆင့်ကို အနိမ့်ဆုံးဆွဲချနေသလိုပါဘဲ။ သက်ဆိုင်ရာဌာနတွေက ကျွန်တော်မျှော်လင့်ထားသလို ဆက်လက်လုပ်ဆောင်မယ်လို့ထင်ပါတယ် ” ဆိုပြီးဆက်ပြောထားပါတယ်။

ထိုအမျိုးသားကတော့ ရဲအရာရှိနှစ်ဦးကို စော်ကားမှုနဲ့ကိုယ်ထိလက်ရောက် စော်ကားမှုတွေအတွက် ဝန်ခံခဲ့ပြီး  ထိုပြစ်မှုတွေအတွက် ထိုအမျိုးသားဟာ ထောင်ဒဏ် ၁၀ လချမှတ်ခံခဲ့ရပါတယ်။ တရားသူကြီးကတော့ ထိုအမျိုးသားအနေနဲ့ သူ့လုပ်ရပ်အပေါ် နောင်တရနေမှုနဲ့တောင်းပန်မှုတို့ကို ထည့်သွင်းစဉ်းစားပေးကာ ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့တယ်လို့လည်း ဖော်ပြချက်တွေအရသိရပါတယ်။

( www.softwarekaber.com တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ )

Be the first to comment

Leave a Reply

Your email address will not be published.


*