အခေါင်းထဲမှအလောင်းကောင်က လက်ရမ်းပြနေသောဖြစ်ရပ်အား အမိအရဗီဒီယိုရိုက်ကူးခဲ့မိ

အသုဘအခမ်းအနားတစ်ခုမှာ ရိုက်ကူးထားသောဗီဒီယိုထဲတွင် အခေါင်းထဲမှ အလောင်းကောင်က လက်ရမ်းပြနေသည့် ထူးဆန်းဖြစ်ရပ်တစ်ခု ပါဝင်လာခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံ၊ မာနာဒိုမှာဖြစ်ပျက်ခဲ့တဲ့ ထိုဗီဒီယိုထဲမှာတော့ အခေါင်းဘေးနားမှာဘုန်းတော်ကြီးက ဝတ်ပြုဆုတောင်းစာကိုကျယ်လောင်စွာဖတ်နေကာ ဘေနားမှာလည်းလူများစွာက စုဝေးနေတာကိုတွေ့ရမှာပါ။ ထိုဗီဒီယိုထဲက ဘုန်းတော်ကြီးရဲ့ ဆုတောင်းသံတွေကတော့ ” သမာကျမ်းစာထဲမှာ ဘုရားရှင်ပြောကြားခဲ့တယ်။ငါသည် အသင်တို့ရဲ့ ဘဝတွေနဲ့ ရှင်သန်ထမြောက်ခြင်းရဲ့ ထွက်ပေါက်တစ်ခုဖြစ်တယ်။ငါ့ကိုယုံကြည်သူများဟာ သေလွန်သော်လည်းပြန်လည်ရှင်သန်လိမ့်မည်” ဟုရွတ်ဖတ်နေပါတယ်။

Credit Photo

ဗီဒီယိုရိုက်ကူးသူမှာ ခေါင်းတလားရဲ့ အပေါ်ဘက်ကမှန်ဘောင်ပေါ်ကို ကင်မရာလှည့်ပြီး ဗီဒီယိုရိုက်လိုက်တဲ့အချိန်တွင် အခေါင်းအတွင်းမှ လူသေကောင်လှုပ်နေတာကိုတွေ့ရမှာပါ။ ဒီဗီဒီယိုကိုတော့ မေလ ၅ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပြီး အချို့တွေကတော့ အလောင်းကောင်ဟာ လှုပ်ရှားဖို့ကြိုးစားနေတာဖြစ်မယ်လို့ မှတ်ချက်ပေးထားကြပါတယ်။

Credit Photo

ဒါပေမယ့် အနီးစပ်ဆုံးဖြစ်နိုင်ခြေရှိတာကို ရှင်းပြထားတာကတော့ သေဆုံးပြီး လူများရဲ့ ခန္ဓာကိုယ်အတွင် ပြောင်းလဲမှုတွေကြောင့် အလောင်းကောင်မှာ ရွေ့သွားတာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

Credit Photo

၂၀၁၉ ခုနှစ်ကလေ့လာတွေ့ရှိမှုတွေအရလည်း သေပြီးသားခန္ဓာကိုယ်မှာရွေ့လျားနိုင်ကြောင်း သိရှိရပါတယ်။ ဩစတေးလျနိုင်ငံ Central Queenland တက္ကသိုလ်မှ သုတေတီများရဲ့ ပြိုကွဲခြင်းဖြစ်စဉ် လေ့လာတွေ့ရှိချက်များအရလည်း သေဆုံးပြီးသားလူများရဲ့ ခန္ဓာကိုယ်ဟာ ပြင်ပအကူအညီတစ်စုံတစ်ရာမပါဘဲ လှုပ်ရှားနိုင်ကြောင်း သိရပါတယ်။သုတေသီ Alyson Wilson ကABC သတင်းဌာနကို ပြောပြချက်အရ “အလောင်းကောင်ရဲ့ လက်ဟာသိသိသာသာလှုပ်သွားတာကိုကျွန်တော်တို့တွေ့လိုက်ရပါတယ်။

Credit Photo

ဒီလှုပ်ရှားမှုဟာ ခန္ဓာကိုယ် ဖြိုခွဲမှုဖြစ်စဉ်နဲ့ ဆက်စပ်နေမယ်လို့ထင်ပါတယ်”လို့ပြောကြားထားပါတယ်။ သေဆုံးပြီးသားခန္ဓာကိုယ်ဟာ တစ်နှစ်အတွင်းမှာ ဆက်လက်လှုပ်ရှားနေနိုင်ပြီး လေ့လာစမ်းသပ်မှုတစ်ခုမှာလည်း အလောင်းကောင်တစ်ဦးအား ၁၇လကြာ မှတ်တမ်းတင်ရိုက်ကူးထားသော ဗီဒီယိုတွင် အလောင်းကောင်ဟာ အမှန်တကယ်လှုပ်ရှားနေတာကို သက်သေပြနိုင်ခဲ့ပါတယ်။

Video ကြည့်ရန်

Credit Online Info.

Be the first to comment

Leave a Reply

Your email address will not be published.


*