လေယာဉ်အလကားစီးချင်လို့ လေယာဉ်တောင်ပံကို ဖတ်တွယ်ပြီးလိုက်ခဲ့သူ

သင့်အနေနဲ့ လေယာဉ် အလကားစီးဖို့ အခွင့်အရေးရမယ်ဆိုရင်ပြုလုပ်မှာလား?များသောအားဖြင့် လူအများကပြုလုပ်ကြမှာပါ ဘာလို့ဆို ယနေ့ခေတ်မှာ လေယာဉ်စီးခတွေကအရမ်းကို ဈေးကြီးလွန်းလှပါတယ်။နိုင်ဂျီးယားနိုင်ငံ လာဂိုမှ အမျိုးသားတစ်ဦးဟာ လေယာဉ်အလကားစီးနိုင်ဖို့အတွက် လေယာဉ်တောင်ပံကိုဖက်တွယ်တက်ကာ လေယာဉ်အင်ဂျင်အုံမှ တစ်ဆင့် ခရီးသည်တင်အခန်းထဲကိုဝင်ရောက်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။

ထိုကို့ရို့ကားယားနိုင်လှသော အဖြစ်ပျက်ကတော့ မူတလာ မူဟာမက် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာဖြစ်ပွားခဲ့ကာ လေယာဉ်ပေါ်မှ ခရီးသည် တစ်ဦးမှ ထိုအမျိုးသားရဲ့ ပြုမူပုံတွေကို ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ထိုဗီဒီယိုအတိုလေးအား ရိုက်သူမှ အွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှာတော့ ထိုဗီဒီယိုဟာ အသုံးပြုသူများအကြားအလျင်အမြန်ကိုပျံနှံသွားခဲ့ပါတယ်။သတင်းများရဲ့ အဆိုအရ ထိုလေယာဉ်ဟာ ထွက်ခွာဖို့အတွက် လေကြောင်းထိန်းချုပ်ရေးအခန်းမှ လမ်းကြောင်းရှင်းမရှင်းအကြောင်းပြန်တာကိုစောင့်နေစဉ်အတွင်း အမည်မသိ ထိုအမျိုးသားမှ ရုတ်တရက်ပေါ်လာကာရယ်စရာကောင်းတဲ့ စတန့်ကိုလာလုပ်ပြသွားတာဘဲဖြစ်ပါတယ်။

ထိုလုပ်ရပ်ကြောင့် ခရီးသည်အားလုံးဟာ လန့်ဖြန့်သွားခဲ့ရပြီး လေယာဉ်အတွင်းပရမ်းပတာဖြစ်ကုန်ကာ ခရီးသည်များဟာ မိမိထိုင်နေရာနေရာမှ ထကာ အပြင်ဘက် ကိုအကုန်လုံးအာရုံစိုက်ကာကြည့်နေခဲ့ကြပါတယ်။ဒီပြဿနာအား လေယာဉ်မှုးတွေကိုအကြောင်းကြားခဲ့ပြီးနောက် သူတို့ဟာ လေယာဉ်အင်ဂျင်ကို ချက်ချင်းရပ်ခဲ့ပါတယ်။ပြီးတဲ့နောက်လေကြောင်းလုံခြုံရေးတွေရောက်လာကာ ထိုအမျိုးသားအားဖမ်းဆီးခဲ့ပြီး ထိုအချိန်ထိတော့ ထိုအမျိုးသားဟာမည်သူမည်ဝါဖြစ်တယ်ဆိုတာမသိရသေးပါဘူး။

ထိုလေယာဉ် ပိုင်လေကြောင်းကုမ္ပဏီ Azman ကတော့ ထိုဖြစ်ရပ်ဟာအမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ကာ ထိုကိစ္စနဲ့ ပက်သက်ပြီးတော့ လည်း အသေအချာ စုံစမ်းစစ်ဆေးတာတွေပြုလုပ်နေကြောင်း လူထုကိုအသိပေးပြောကြားခဲ့ပါတယ်။လေယာဉ်နဲ့ ခရီးသည် အိတ်များကိုမထွက်ခွာမီ သေချာစစ်ဆေးသင့်ကြောင်း Azman ကုမ္ပဏီမှ ထောက်ပြခဲ့ကာ ခရီးသည်အားလုံးရဲ့ လေယာဉ် အချိန်ဇယားတွေမှာလည်း ပုံမှန်အတိုင်းသာ ပြန်လည်ပတ်သွားမှာပါ။ဒီဖြစ်ရပ်ကြောင့် ထိုအချိန် တာဝန်ကျနေတဲ့ လေယာဉ် လုံခြုံရေးဝန်ထမ်းတွေကိုတော့ အလုပ်မှထုတ်ပယ်ခဲ့ပါတယ်။

Video ကြည့်ရန်

Be the first to comment

Leave a Reply

Your email address will not be published.


*