လက်ကျိုးပြီး ဆေးရုံရောက်နေချိန် သူနာပြုကောင်လေးအား ချစ်တယ်ဟုပြောပြီး လက်ထပ်ခွင့်ပါတောင်းခဲ့တဲ့ ကောင်မလေး

မေ့ဆေး၊ ထုံဆေးနဲ့ အခြားပြင်းထန်သောဆေးဝါးတွေဟာ လူနာတွေကို သတိမေ့မျော မလှုပ်ရှားနိုင်အောင်ပြုလုပ်နိုင်သလို၊ ထိုဆေးရှိန် မပျယ်သေးချိန်မှာလည်း လူနာတွေဟာ ကယောင်ကတမ်းနဲ့ ရယ်စရာတွေပြုလုပ်တတ် ကြပါတယ်။ စာဖတ်သူများအနေနဲ့လည်း ထိုကဲ့သို့သောလူနာများရဲ့ ရယ်စရာကောင်းသောဗီဒီယိုများကို ကြည့်ဖူးကြပါလိမ့်မယ်။ ယခုဖြစ်စဥ်ဟာလည်း ထိုသို့ ရယ်စရာကောင်းသော ဖြစ်ရပ်များထဲမှ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

Credit Photo

အမျိုးသမီးလူနာတစ်ဦးဟာ လက်ကျိုးနေတာကြောင့် မေ့ဆေးအသုံးပြုပြီး ဆေးကုသမှုခံယူနေရပါတယ်။ ဒါပေမယ့် အရာအားလုံးဟာ သူမ အတွက်တော့ အဆင်ပြေနေခဲ့ပါတယ်။ အကြောင်းကတော့ သူမရဲ့ ဘေးနားမှာ ခပ်ချောချော သူနာပြုကောင်လေးတစ်ယောက် ရှိနေခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ သူမဟာ မေ့ဆေးကြောင့် မူးနေချိန်မှာ သူမ ဘာကြောင့် ဆေးရုံကိုရောက်နေလဲဆိုတာတောင် မသိတော့ဘဲ မျက်မှန်တပ်ထားတဲ့ သူနာပြုကောင်လေးကို သဘောကျကြောင်း စပြောပါတော့တယ်။

Credit Photo

အစပိုင်းမှာတော့ သူမဟာ သူနာပြုကောင်လေးရဲ့ မျက်နှာကိုကိုင်တွယ်ပြီး ကြည်နူး‌နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကောင်လေးအပေါ်ကြိတ်ကြွေနေတဲ့ သူမရဲ့ အချစ်တွေ အကုန်လုံးကိုလည်း ဖွင့်ချခဲ့ပါတယ်။ကောင်မလေးက “ရှင့်ကို ကျွန်မအရမ်းချစ်တယ်” လို့ပြောခဲ့ပြီး သူနာပြုကောင်လေးကလည်း “ကောင်းပါပြီ ကျေးဇူးပါ” လို့ပြန်ပြောခဲ့ပါတယ်။

Credit Photo

သူနာပြုကောင်လေးရဲ့ အလိုက်သင့်ပြန်လည် ဖြေကြားမှုကြောင့် လူနာကောင်မလေးနဲ့ စကားများပြောဆိုကြရင်း လူနာကောင်မလေးမှ လက်ထပ်ဖို့အကြောင်း ပြောလာတဲ့အခါမှာတော့ သူနာပြုကောင်လေးက “ငါတို့ဘယ်နေရာမှာလက်ထပ်ကြမလဲ”လို့ မေးတဲ့အခါ ကောင်မလေးက “ဘုရားကျောင်းမှာလက်ထပ်ကြမယ်လေ” လို့ဖြေကြားခဲ့ပါတယ်။ ထိုရယ်စရာကောင်းတဲ့ လူနာကောင်မလေးဟာ သီချင်းဆိုပြီးတောင် သူနာပြုကောင်လေးရဲ့ နှလုံးသားကို ဖမ်းစား ခဲ့ပါသေးတယ်။

Credit Photo

သီချင်းစာသားထဲမှာတော့ ” ငါတို့ဟာ ချစ်စရာအကောင်းဆုံးစုံတွဲပဲ မင်းဟာ အရမ်းကိုချစ်စရာကောင်းတယ် ငါ မင်းကိုချစ်တယ်ငါတို့ လက်ထပ်သင့်ပါပြီ “လို့ သီချင်းဆိုအပြီးမှာ သူမရဲ့ နှုတ်ခမ်းလေးကိုဆူကာ ကောင်လေးဆီက အနမ်းကိုတောင်းခဲ့ပြီး သူမကို လက်ထပ်ပါလို့ ပြောဆိုခဲ့ပါတယ်။ ဒီဗီဒီယိုလေးကတော့ သူမရဲ့မေ့ဆေးအရှိန်ကြောင့်ဖြစ်လာရတဲ့ ချစ်စရာ၊ ရယ်စရာအချစ်ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သူနာပြုကောင်လေးက သူမ နေပြန်ကောင်းသွားလို့ ဒီဗီဒီယိုကို ပြန်ကြည့်မိတဲ့အခါ အလွန်ရယ်စရာကောင်းနေပါလိမ့်မယ် လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လို့ ကြည့်ရှုသူတွေကတော့ သူတို့နှစ်ဦးဟာ လိုက်ဖက်တဲ့စုံတွဲတွေဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Reff; Elite Reader.

Video ကြည့်ရန်

Be the first to comment

Leave a Reply

Your email address will not be published.


*