ရှေးခေတ်သင်္ဘောသားများရဲ့မြေပုံမှာတွေ့ရတဲ့ပင်လယ်မိစ္ဆာကြီးများ

သင့်အနေနဲ့ရှေးခေတ်သင်္ဘောသားတွေရဲ့ မြေပုံဟောင်းတစ်ခုကိုကြည့်ပြီး ထိုမြေပုံမှာပါတဲ့ပင်လယ်မိစ္ဆာကြီးတွေဟာဘယ်လိုပျောက်ကွယ်သွားကြသလဲဆိုတာကိုစဉ်းစားကြည့်ဘူးပါသလား?ရာစုနှစ်ပေါင်းများစွာပင်လယ်ထဲရွက်လွှင့်ခဲ့ကြသူတွေဟာသူတို့တွေ့ကြုံခဲ့ရတဲ့ကြောက်မက်ဖွယ်ပင်လယ်သတ္တဝါကြီးတွေကိုမြေပုံမှာထည့်သွင်းရေးဆွဲခဲ့ကြပါတယ်။သူတို့တွေဟာယနေ့ခေတ်ရဲ့တိုးတက်နေတဲ့ အဏ္ဏဝါဇီဝဗေဒပညာရပ်တွေမပါဝင်ဘဲ လင်းပိုင်လိုလိုပင်လယ်ဖျံလိုလိုသတ္တဝါတွေကိုရေးဆွဲထားတာတွေ့ရပြီးဒီအရာတွေဟာကျွန်တော်တို့ကမ္ဘာမှာရှာဖွေမတွေ့ရှိသေးတဲ့နေရာဒေသတွေကပင်လယ်နဂါးတွေလည်းဖြစ်နေနိုင်ပါတယ်။ထိုအချိန်ကာလတုန်းကလည်းဒဏ္ဍာရီလာအကြောင်းအရာတွေလွှမ်းမိုးတဲ့ကာလဖြစ်ကာ ထိုသတ္တဝါဆိုးကြီးများရဲ့ပုံပြင်ဇာတ်လမ်းတွေဟာသင်္ဘောသားတွေရဲ့ မိန်းမနဲ့ကလေးတွေနဲ့မျိုးဆက်များစွာကိုကြောက်ရွံနေစေခဲ့ပါတယ်။

credit photo

(၁)၁၆၀၃ခုနှစ်း Abraham Ortelius လို့ခေါ်တဲ့အမျိုးသားဟာ Steipereidurလို့ခေါ်တဲ့သတ္တဝါကြီးပါဝင်တဲ့မြေပုံတစ်ခုကိုရေးသားခဲ့ပါတယ်။ထိုသတ္တဝါကြီးဟာကြောက်မက်ဖွယ်ကောင်းတဲ့ဝေလငါးနဲ့ဆင်တူတဲ့သတ္တဝါကြီးတစ်ကောင်ဖြစ်ပါတယ်။ဒါပေမယ့်အမှန်တကယ်တော့ထိုသတ္တဝါကြီးဟာတံငါသည်တွေကိုကယ်တင်ဖို့အတွက် အခြားအန္တာရယ်ရှိတဲ့သတ္တဝါတွေကိုလိုက်လံတိုက်ခိုက်ပေးတယ်လို့သိရပါတယ်။

credit photo

(၂)၁၅၅၅ခုနှစ်း ထိုပြင်လယ်မြွေနဂါးကြီးကိုတော့ နော်ဝေးဒဏ္ဍာရီလာသတ္တဝါကြီးအဖြစ်သိကြပါတယ်။ယနေ့မှာခေတ်မှာတော့ထိုသတ္တဝါကြီးကို cryptozooligical အမြင်အရ Loch Ness သတ္တဝါကြီးအဖြစ်သိကြပါတယ်။

credit photo

(၃)၁၆၂၁ခုနှစ်း ထိုသားရဲကြီးရဲ့နာမည်ကတော့ Jasconius လို့ခေါ်ပါတယ်။Saint Brendan ဆိုသူဟာကျွန်းဟုထင်မှတ်ကာ ထိုသတ္တဝါကြီးရဲ့‌ကျောပေါ်မှာအခြေချခဲ့ပြီးနောက်ပိုင်းမှာတော့ သူတို့အခြေချနေတဲ့အရာဟာကျွန်းတစ်ခုမဟုတ်မှန်းသိခဲ့ရပါတယ်။

credit photo

(၄)၁၅၇၂ခုနှစ်း ထိုအကောင်ကြီးဟာဘာအကောင်လည်းဆိုတာတော့ပြောဖို့ခက်ခဲနေပြီး သင်္ဘောပေါ်ကဖျားနေတဲ့သူတစ်ယောက်ဟာမရှိတဲ့အကောင်ကိုထင်ယောင်ထင်မှားဖြစ်ကာရေးဆွဲထားတာလည်းဖြစ်နိုင်ပါတယ်။ထိုအကောင်ကြီးမှာတော့မြွေတစ်ကောင်လိုအမြီးရှိကာ အမြီးရဲ့အဖျားမှာတော့တောက်လောင်နေတဲ့မီးတောက်ပုံစံရှိနေပါတယ်။ဒါပေမယ့်သူဟာမြွေနဂါးတစ်ကောင်မဟုတ်ဘဲငှက်နဲ့တူတဲ့မျက်နှာရှိနေပြီးသူ့ရဲ့ခေါင်းကငှက်အတောင်လိုအရာတွေကနေမီးခိုးတွေထုတ်လွှတ်နေတာကိုတွေ့ရပါတယ်။

credit photo

(၅)၁၅၆၀ခုနှစ်း မြေထဲပင်လယ်အတွင်းရွက်လွှင့်သူတွေဟာ လူသားကလေးမျက်နှာနဲ့တူတဲ့ပင်လယ်ဖျံအကြီးကြီးတွေကိုကြောက်ကြပါတယ်။ဒါပေမယ့်အမှန်တကယ်သူတို့ကြောက်ရမှာကတော့ ထိုဖျံကြီးတွေကိုအမဲလိုက်လေ့ရှိတဲ့ မြွေခွေးပုံစံခေါင်းနဲ့ Ziphius ဆိုတဲ့သတ္တဝါဆိုးကြီးကိုပါ။(အပုံ၌ ထိုဖျံကြီးရဲ့ဘေးမှာပါရှိသောသတ္တဝါကြီး)

credit photo

Be the first to comment

Leave a Reply

Your email address will not be published.


*