ဘဝ တိုးတက်စေမည့် နည်းလမ်း (၁၁)ချက်

၁။ ဘာလုပ်မလဲ အရင်စဉ်းစားပါ၊ စဉ်းစားပြီးမှ လေ့လာပါ၊ လေ့လာပြီးမှ လုပ်ဆောင်ပါ၊ လုပ်ဆောင်ပြီးရင် လည်း ပြန်လည် သုံးသပ် ပါ။

၂။ ကိုယ်နေ ချင်တဲ့ အဆင့်ကို ကိုယ်တိုင် သတ်မှတ်ပါ။

၃။ ကိုယ်မြင် သလောက်ပဲ ကိုယ်ရ ပါလိမ့် မယ်။

၄။ မသိရင် မေးပါ။ မေးရင် အဖြေ ရပါတယ်။ တတ်ယောင်ကမ်း မလုပ် ပါနဲ့။

၅။ သင်ယူခြင်း ဆိုတာ ဘဝတိုက်ပွဲ အတွက် လက်နက်ကောင်း တစ်ခုပါ။ များများ သင်ယူလေလေ ကိုယ့်ဆီမှာ တိုက်ပွဲ အတွက် လက်နက် များလေလေ။ လက်နက် များလေလေ အနိုင် ရဖို့ သေချာလေလေပါပဲ။

၆။ အချိန်တွေကို အရင်းအနှီး လုပ်ပြီး ပညာ တစ်ခုခု ရအောင် ယူပါ။ အလကား အချိန်တွေကို ဖြုန်းတီး မပစ် ပါနဲ့။

၇။ ငွေကို အရင်းအနှီး အတွက်ပဲ သုံးပါ။ အလကား ဖြုန်းမပစ် ပါနဲ့။

၈။ ချမ်းသာခြင်းဟာ ဘဝအဆုံး မဟုတ် ပါဘူး။ ချမ်းသာခြင်းတွေ့မှ ဘဝ စတာပါ။

၉။ ချမ်းသာခြင်း မျိုးစေ့ ဆို တာ အ ရင် ဆုံး စိုက်ပျိုး ရတယ် ပြုစုစောင့်ရှောက် ရတယ် ပြီးမှ ရိတ်သိမ်းလို့ရမယ်။

၁၀။ ပြင်းပြ တဲ့ ဆန္ ဒဟာ ဘဝ ရဲ့ သံ လိုက် အိမ်မြောင် ပါ ပဲ ။

၁၁။ မိမိ ရည်မှန်းချက်ကို ပုံဖော် သူသာ ဖြစ် ပါစေ။ ပတ် ဝန်း ကျင် ရဲ့ပုံ ဖော် ခြင် းခံ ရ သူ မဖြစ် ပါစေနဲ့ ။

ကိုလတ်
Credit. To. Ko Latt

Be the first to comment

Leave a Reply

Your email address will not be published.


*