ပညာရှင်တွေပြောတဲ့ လုံးဝလျစ်လျူမရှုထားသင့်တဲ့ အိမ်မက် ၅ ခု အဓိပ္ပါယ်

အိမ်မက်ပညာရှင်တွေ အဆိုအရ အိမ်မက်ဆိုတာ ကျွန်တော်တို့ရဲ့ ဘဝနဲ့မသိစိတ်တွေမှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ပက်သက်တဲ့ အရေးကြီး အချက်အလက်တွေကို ပြောပြ နိုင်တယ်လို့ ဆိုပါတယ်။ အိမ်မက်တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာဖြစ်ပျက်နေ တာတွေကို ထိုးထွင်း သိစေနိုင် ပါတယ်။ဒီအိမ်မက်တွေဟာ မကြာခန ဒါမှမဟုတ် ရံဖန်ရံခါ မက်လေ့ရှိကြောင်း သင်သတိထားမိကောင်းထားမိပါလိမ့်မယ်။ အိမ်မက်တွေနဲ့ ပက်သက်ပြီး သူ့လူမျိုးရိုးရာ ဓလေ့အရ အဓိပ္ပါယ်ဖွင့် ဆို ပုံတွေ အမျိုးမျိုးရှိကြ ပါတယ်။ခုပြောပြ ချင်တာက Oneirologyလို့ခေါ်တဲ့ အိမ်မက်တွေနောက် ကွယ်က အဓိပ္ပါယ် ကိုလေ့လာတဲ့ပညာအရ စိတ်ပညာရှင်တွေ ဖွင့်ဆိုထားတဲ့ အရာတွေဖြစ် ပါတယ်။ ကဲ..ဒီတော့ သင်မက်ခဲ့ ဖူးပေမယ့် လျစ်လျူရှု ထားတတ်တဲ့ အိမ်မက် တွေက ဘာကို ဆိုလိုတယ် ဆိုတာအောက်မှာ ဖတ်ကြည့် လိုက်ကြရအောင်..

ထိခိုက်ဒဏ်ရာရတာနဲ့ သေခြင်းတရားနဲ့ပက်သက်တဲ့အိမ်မက်

အိမ်မက်ထဲမှာ ထိခိုက် ဒဏ်ရာရ တာတွေ သေပီးသားလူတွေ စသဖြင့် မက်ခဲ့ ရင် ဒါကဘာကိုပြောတာလဲဆိုရင် “သင့်ဘဝအတွက် အရေးကြီးတဲ့ လူတစ်ယောက်ယောက် အရေးကြီးတဲ့ အရာတွေကို ဆုံးရှုံးသွားမှာကိုကြောက်တာ ဒါမှမဟုတ် သင့်ကို သင်လုံခြုံမှုမရှိတာ ကိုခံစားေ နရတယ်”လို့ဆို လိုတာပါ။သင့်အိမ်မက်ထဲမှာ သေပီးသား လူကို ပြန်မက်တ ာဟာ သင့်ရဲ့မသိစိတ်က အဲ့ဒီ ဆုံးရှုံးမှုအတွက် ဝမ်းနည်းမဖြေသိမ့် နိုင်သေး တာမျိုးဖြစ် ပါတယ်။အိမ်မက်ပညာရှင်တွေ အဆို အရတော့ “သေခြင်းတရားနဲ့ထိခိုက်ဒဏ်ရာရတာတွေ”နဲ့ပက်သက်တဲ့ အိမ်မက်တွေမြင်မက် တာဟာ “သင်ဟာ သင့်ထက်အသက်ကြီးသူတွေ သင်ချစ်ရခင်ရသူတွေ”အတွက် စိုးရီမ်ပူပင်သောကဖြစ်နေတယ်လို့ဆိုပါတယ်။ဒီသေခြင်းနဲ့ပက်သက်တဲ့ အိမ်မက်တွေအရ “သင့်ရဲ့ အစိတ်အပိုင်းတစ်ခုခု အရေးပါတဲ့တစ်ခုခု ဆုံးရှုံးသွားသလို ခံစားနေ ရပြီး သင်ဟာ အရင်ကထက် ပိုကောင်းမွန်တဲ့ ပုံစံနဲ့ပြန်လည် မွေးဖွားရှင်သန်လာမယ်”လို့ဆိုလိုတာပါ။

ပျံသန်းခြင်းအိမ်မက်

အိမ်မက်ထဲမှာ သင်ဟာ တစ်နေရာရာကို ပျံသန်းနေတယ်လို့အိမ်မက်မက်ရင် ဒါဟာ”သင့်မှာရည်မှန်းချက်ချထား တာတွေ ရှိတယ် သင်လုပ်နေတယ် ဒါပေမယ့် ထင်သလောက်မဖြစ်ဘူး”လို့ဆိုလိုပါတယ်။သင့်ပျံသန်းမှုပုံစံက” အမြင့်ကို မဟုတ်ပဲ အလျားလိုက် ပြုတ်ကျတော့ မလိုပျံသန်းနေ တယ် ပြုတ်ကျမလိုဖြစ် လိုက် နိမ့်နိမ့်သွားလိုက် နဲ့အားအင် ကုန်လောက်အောင် ပျံသန်းနေ ရတာဟာ သင်ထားထားတဲ့ဘဝရည်မှန်းချက်တွေ အတွက် အထီးကျန် ဆန်ပြီး ရုန်းကန်နေ ရတယ်၊သင်မတတ်နိုင်တဲ့ အခက်အခဲတွေ” ရှိနေတယ် လို့ဖော်ပြနေ တာပါ။ နောက်တစ်ချက်က သင့်ကိုသင်ဟန်ဆောင်ယုံကြည်ထား တာမျိုးဖြစ်နေ နိင်ပြီး တစ်စုံတစ်ယောက် ဒါမှမဟုတ် တစုံတရာက သင့်ဘဝရဲ့ နောက်တစ်ဆင့် ကိုရောက်ဖို့ တားဆီးနေ တာမျိုး ဖြစ်တယ်လို့ဆိုလို တာပါ။ဒါပေမယ့် အိမ်မက်ထဲမှာ သင်ဟာပျော်ရွှင်စွာ မိုးသားကောင်းကင်တွေထဲပျံသန်းနေတယ် အမြင့်ဆုံးနေရာတွေထိရုန်းကန်ရမ ှုမရှိပျံသန်းနေ ရတယ်ဆို သင့်ရည်မှန်းချက်တွေ အတွက် အားအင် အပြည့်ရှိတယ်လို့ဆိုလိုတာပါ။

အမြင့်တနေရာရာက ပြုတ်ကျခြင်း

အိမ်မက်စိတ် ပညာရှင် I A N W A L L A N C E အဆိုအရ တနေရာရာက ပြုတ်ကျခြင်းနဲ့ပက်သက်တဲ့ အိမ်မက်က သင့်ဘဝမှာ “ထိန်းချုပ်မှု ဆုံးရှုံး သွားတာ ကြောက်ရွံ စိုးထိတ်နေ တာ”ကို ဖော်ပြနေတယ်လို့ဆို ပါတယ်။ပြောရရင် သင်ယူထားရတဲ့ တာဝန်တွေ အတွက် ဝန်လေးနေသလိုခံစားနေရတာ အဲ့ဒီအရာတွေကနေ မလွတ်မြောက်နိုင်ပဲ အချိန်တော်တော်များများမှာ စိတ်ဖိစီးမှုကို ခံစားနေ ရတာလို့ အိမ်မက်က ဆိုပါတယ်။ဒါပေမယ့် သိပ္ပံပညာ အရ ဖြစ်နိုင်ချေရှိတာ တစ်ခုက ခန္ဓာကိုယ်ဟာ အိပ်စက်ခြင်းကို ကူးပြောင်းလိုက်တာနဲ့ အာရုံကြောစနစ် သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကျဆင်း သွားပြီး သင့်ဦးနှောက် လုပ်ဆောင်မှုလည်း နှေးကွေး သွားပါ တယ်။သင်တနေ့တာ ရုန်းကန်လှုပ်ရှား ခဲ့ရတဲ့ စိတ်ပိုင်း ဆိုင်ရာ အခြေအနေတွေဟာ Hypnic Jerksလို့ခေါ်တဲ့ လူတစ်ဦးစအိပ်ပျော်ဖို့ ကြိုးစားနေချိန် အတွင်း ခန္ဓာကိုယ်ကြွက်သားတွေ ရုတ်တရက် ကျုံလိုက်ခြင်းကြောင့် ရုတ်တရက် လန့်နိုးတာ တခါတရံ လူတစ်ယောက်ကို ဆတ်ခနဲ ထခုန် မိစေတာ မျိုးတွေလည်းဖြစ်စေတတ်တယ် လို့ဆို ပါတယ်။ ဒါပေမယ့် သင့်ပြုတ်ကျတဲ့ အိမ်မက်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုတ်ကျနေတယ်ဆိုရင်တော့ သင်ဟာပြောင်းလဲ မှုတွေကို ကြောက်ရွှံမနေဘူး ဆိုတာ ကိုဖော်ပြနေ တာပါ။

သွားများပြုတ်ထွက်ခြင်း သွားတွေပျက်စီးကြွကျသွားတာကို မြင်မက်ခြင်း

ကျွန်တော်တို့ သွားတွေ ကျွတ်ထွက် သွားတယ် ပြုတ်ထွက် သွားတယ် ဒါမှမဟုတ် သွားတွေပျက်စီးတာကို ကိုယ်တိုင်ကြည့်နေ ရတယ် ဆိုတဲ့ အိမ်မက်ကို မြင်မက် ရင် ဒါဟာ “ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု ၊ ယုံကြည်မှု ကင်းမဲ့နေတယ်”ဆိုတာကို ဖော်ပြနေတာ လို့ဆို ပါတယ်။အိမ်မက်ကျွမ်းကျင် သူတွေ အဆိုအရ အပြုံးဆိုတာ လူတွေ သတိထားမိစေတဲ့ ပထမဦးစားပေး အရာတစ်ခုဖြစ်ပြီးတော့ သင့်ကို ယ်သင် ယုံကြည်စိတ်ချမှု ဘယ်လောက်ရှိနေတယ် ဆိုတာကို ပြနေ တာပါ။ဒါကြောင့် သင့်သွားတွေ ဆုံးရှုံး သွားတာကို မြင်မက်တာဟာ “သင့်ရဲ့ ရုပ်ရည်သွင်ပြင် ပြင်ပလက္ခဏာတွေနဲ့ပက်သက်ပြီး ယုံကြ ည်မှု ပျောက်ဆုံးနေတာ”ကိုဖော်ပြနေ တာပါ။နောက်အိမ်မက် ကျွမ်းကျင်သူတွေ အဆိုအရ သွားတွေ ကျွတ်ထွက် ခြင်းက စိတ်ဆိုးဒေါသထွက်နေတာတွေကို ဖိနှိပ်ထားတယ် ယုံကြည်မှု တကယ်မရှိပဲ ယုံကြည်မှု ရှိဟန်ဆောင် ထားတာ ကိုဖော်ပြနေတယ်လို့ ဆိုပါတယ်။

တစ်စုံတစ်ခုကသင့်ကိုလိုက်လံ ဖမ်းဆီးသတ်ဖြတ်ဖို့လုပ်နေတယ်

ဒီအိမ်မက်အရ သင်လက်တွေ့ဘဝမှာ သင့်ကို စိုးရိမ်ပူပန်စေတဲ့အရာတွေ ကြောက်ရွံစိတ်ကိုဖြစ်စေတဲ့အရာတွေကနေ သင်ထွက်ပြေးနေ တာကို ဆိုလို တာပါ။ ပြောရရင် သင်ဖြေရှင်း ရမယ့် ပြဿနာကို ရှောင်ပြေးနေတာ မျိုးပါတဲ့။

တကယ်တော့ အိမ်မက်ထဲက လိုက်လံဖမ်းဆီး သူက သင့်မသိစိတ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သင်ရှောင်ပြေးနေတဲ့ ပြဿနာတွေ ကြောက်ရွှံမှုတွေ ပါပဲတဲ့။

ဒီအိမ်မက်အရ လက်တွေ့ဘဝမှာ သင် ရှောင်ရှားဖို့ကြိုးစားနေတဲ့ စိုးရိမ်ပူပန်စရာတွေ ဥပမာ ကြွေးမြီ စွဲလမ်းမှု ချစ်သူကိုဆုံးရှုံ းလိုက်ရတာကို ဘာမှမဖြစ်သလို ဟန်ဆောင်ထားမှု စတာတွေက ဒီအိမ်မက်ရဲ့ နောက်ကွယ်မှာ ရှိတဲ့ လျို့ဝှက် အကြောင်းအရင်း များဖြစ်နိုင် ပါတယ်တဲ့။

နောက်ထပ်ပြောရရင် ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် မလုပ်ဆောင် နိုင်တာ အတိတ်တစ်ခုခုထဲက ထွက်ပြေးဖို့ကြိုးစားတာ သင့်ဘဝကို မလဲပြိုအောင် ခက်ခက် ခဲခဲ ကြိုးစားနေ ရတာမျိုးလည်းဖြစ်နိုင်ပါတယ်။

ဒီတော့ ကျွန်တော်တို့မက်ဖူးတဲ့ အိမ်မက်တွေနောက်ကွယ်က အကြောင်းတရားတွေကိုလည်းသိလောက်ပြီ။ အိမ်မက်တွေက ကျွန်တော်တို့ ဘဝ တလျောက်လုံးဖြစ်နေ တဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့အတွက် အိမ်မက်တွေကို လျစ်လျူမရှုလိုက်ပါနဲ့။

ခရက်ဒစ် လိုက်ဖ်စတိုင်မြန်မာ

Be the first to comment

Leave a Reply

Your email address will not be published.


*