တရုတ်နိုင်ငံတွင် အချို့သောစျာပနအခမ်းအနားများကို အကမယ်များဖြင့် ဖျော်ဖြေလေ့ရှိ

တရုတ်နိုင်ငံတွင် အချို့သောအသုဘအခမ်းအနားများကို ဆုံးပါးသွားသူ၏မိသားစုနှင့် သူငယ်ချင်းဆွေမျိုးများရှေ့မှောက်တွင် အတွင်းခံနှင့်မလုံ့တစ်လုံအဝတ်စားများကို ဝတ်ဆင်ထားသော မိန်းကလေးများဖြင့် သေဆုံးသူ၏အခေါင်းဘေးမှာ Sexy သီချင်းများဖြင့် ကပြဖျော်ဖြေလေ့ရှိကြပါတယ်။ ထိုအပြုအမှုဟာရိုင်းပြပြီး မသင့်လျော်ဘူးလို့ သင့်တို့အနေနဲ့ ထင်ပါလိမ့်မယ် ဒါပေမယ့် အချို့သောတရုတ်ကျေးလက်ဒေသများတွင် ထို အဖော်အချွတ်အကမယ်များနှင့် တိုင်ပတ်အကမယ်များအား အသုဘလိုက်ပို့သူများကိုဖျော်ဖြေဖို့ ဌားရမ်းလေ့ရှိကြပါတယ်။

Credit Photo

ထိုကြောင့် အသုဘအခမ်းအနားလိုက်ပို့သူများဟာ ငိုကြွေးခြင်းတွေမရှိတော့ဘဲ ထိုဖျော်ဖြေမှုများကို အိမ်မက်မက်သည့်အလား မျက်တောင်မခတ်ကြည့်ရှုနေကာ ဖျော်ဖြေမှုတွေပြီးဆုံးတဲ့အခါ လေချွန်တာတွေ၊ရယ်မောတာတွေနဲ့ လက်ခုပ်ဩဘာပေးတာတွေပြုလုပ်ကြကြောင်းသိရပါတယ်။ ကပြဖျော်ဖြေနေစဉ်အတွင်းမှာလည်း ကပြနေတဲ့ စင်ရဲ့နံရံမှာကပ်ထားတဲ့ LED Screen ပေါ်မှာ သေဆုံးသူရဲ့ နာမည်နဲ့ ဓာတ်ပုံကိုဖော်ပြပေးထားပြီး “သေဆုံးသွားသူအတွက် အလွန်အမင်းဝမ်းနည်းကြေကွဲကြောင်း”စာတန်းကိုလည်းထိုးထားပေးပါတယ်။(ကြေကွဲတယ်သာပြောတာသူတို့ကတက်ကနေ)။

Credit Photo

တရုတ်နိုင်ငံရဲ့အစိုးရတာဝန်ရှိသူတွေကတော့ ထိုဖျော်ဖြေမှုတွေကိုဆန့်ကျင့်ဖို့လည်း ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ်ကစပြီး တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျေးလက်ဒေသနဲ့ စီရင်စုတွေမှာ ထိုကဲ့သို့အသုဘအခမ်းအနားများကို ထိထိရောက်ရောက်နှိမ်နှင်းသွားမယ်လို့ဆိုခဲ့ပါတယ်။ ၂၀၁၈ခုနှစ်ရောက်တဲ့အခါမှာတော့ အစိုးရမှ ထိုကဲ့သို့ဖျော်ဖြေမှုများပါဝင်တဲ့ အသုဘအခမ်းအနားတွေ ကျင်းပပါက တိုင်ကြားနိုင်မယ့် Hotline တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။

Credit Photo

ဒါပေမယ့်လည်း အချို့သောတရုတ်မိသားစုတွေကတော့ သူတို့ရဲ့ အသုဘအခမ်းအနားကို လူတွေပိုမိုလာစေဖို့ အတွက် ထိုအကမယ်တွေကို ဌားရမ်းလျက်ရှိကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*