တစ်နှစ်ကို မြန်မာငွေ သိန်းပေါင်း ၁သောင်းခွဲလောက် ငွေရှာပေးတဲ့ အိန္ဒိယနိုင်ငံက အကြီးဆုံးနွားထီးကြီး

အိန္ဒိယနိုင်ငံမှာရှိတဲ့ စူလတန်လို့အမည်ရပြီး ညတိုင်း ဝီစကီတစ်ပုလင်း သောက်တဲ့ အကြီးဆုံးနွားတစ်ကောင်တစ်နှစ်ကို မြန်မာငွေ သိန်းပေါင်း ၁သောင်းခွဲလောက် ငွေရှာပေးတယ်လို့သိရပါတယ်။ နောက်ပြီးဒီနွားကြီးဟာ ဟာအလေးချိန် တစ်တန်ခွဲကျော်ရှိပြီး ပေါင် ၂.၅ သန်း (မြန်မာငွေ သိန်းပေါင်း ၄သောင်းကျော်) တန်ဖိုးရှိတယ်လို့သိရပါတယ်။

ဒီနွားကြီးဟာ ပြိုင်ပွဲ ၇ ခုမှာပထမဆုရထားပြီး ဒေါ်လာသုံးသန်းကျော်တန်ဖိုးရှိပါတယ်လို့ သူကဆက်ပြောပါတယ်။ ဘာလို့ဒီနွားကြီးက ဒီလောက်တန်ကျေးရှိတာလဲ အကြောင်းအရင်းကတော့ သူ့ရဲ့သုတ်ရည်ပါ။ တစ်နှစ်ကို ဒေါ်လာ ၁သန်းလောက် သူ့ရဲ့သုတ်ရည်ကိုရောင်းရပါတယ်။

စူလတန်ဟာနေ့စဉ်နေ့တိုင်း ပန်းသီး ၃၃ပေါင်၊ မုန်လာဥ ၄၄ပေါင်၊ အစေ့စိမ်း ၂၂ပေါင်၊နဲ့ နို့ဂါလံပေါင်းများစွာ ကျွေးရတယ်လို့သိရပါတယ်။ စူလတန်ကိုမနက်တိုင်း ၅ကီလိုမီတာခန့်လမ်းလျှောက်စေပြီး ညနေခင်းရောက်တိုင်း ဝီစကီတစ်လုံး တိုက်ပါတယ်လို့သူကပြောပါတယ်။ စူလတန်အတွက်ကုန်ကျစားရိတ်ဟာ သူ့ရဲ့သုတ်ရည်ကိုရောင်းရငွေနဲ့ ထေမိပါတယ်လို့ သူ့သခင်ကပြောပါတယ်။
စူလတန်ကိုထိန်းကြောင်းသူဖြစ်တဲ့ Lakhvir Singh ကတော့ စူလတန်ရဲ့သုတ်ရည်ကိုလိုချင်လို့ အနယ်နယ်အရပ်ရပ်ကလူတွေလာဝယ်ကြပြီး တစ်နှစ်ကိုပျှမ်းမျှ ဒေါ်လာ၁သန်းကျော်လောက်ရရှိတယ်လို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*