ခြေလျင်တောင်တက်သူအမျိုးသမီး ပိုစ့်တင်ဖို့ဓာတ်ပုံရိုက်ရင်း အမြင့် 155 ပေမှပြုတ်ကျသေဆုံး

တူရကီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်ကြောင့် ချမှတ်ထားသော Lockdown များကိုအဆုံးသတ်ပြီးနောက် ခြေလျင်တောင်တက်သူအမျိုးသမီးတစ်ဦးဟာ အောင်ပွဲခံဓာတ်ပုံတစ်ပုံအား ချောက်ကမ်းပါးအစွန်းမှာရိုက်ကူးနေစဉ်အတွင်း အမြင့်ပေ ၁၁၅ မှပြုတ်ကျကာ သေဆုံးခဲ့ပါတယ်။Fox News သတင်းရဲ့ ကနဦးဖော်ပြချက်အရ ကာဇာက်စတန်နိုင်ငံမှ အသက်၃၁နှစ်အရွယ် Olesia Suspitsina ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့သူငယ်ချင်းနဲ့ အတူနိုင်ငံခြားခရီးသွားဝင်ရောက်မှုများတဲ့ Antalya မြို့မှ Duden ပန်းခြံကို ခြေလျင်တောင်တက်ခရီးထွက်ခဲ့ကြပါတယ်။ ဒီပန်းခြံဟာ သဘာဝရေတံခွန်တွေကြောင့်နာမည်ကျော်ကြားလူသိများကာ ဖော်ပြချက်များအရ သူမဟာချောက်ကမ်းပါးအစွန်းမှာ ဓာတ်ပုံရိုက်နိုင်ဖို့အတွက် ပန်းခြံရဲ့ လုံခြုံရေးခြံစည်းရိုးကိုကျော်ဖြတ်ကာသွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကံဆိုးစွာနဲ့ပဲ သူမမှာ မြက်ပင်အချို့ကြောင့် ချော်လဲကာ အမြင့် ၁၁၅ ပေအမြင့်မှ ပြုတ်ကျကာ သေဆုံးခဲ့ပါတယ်။ နာမည်ဖော်ပြထားခြင်းမရှိတဲ့ သူမရဲ့သူငယ်ချင်းဟာချက်ချင်းအရေးပေါ်ကယ်ဆယ်ရေးဌာနကိုဖုန်းဆက်ခဲ့ပါတယ်။ ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့ဝင်များဟာ သူမရဲ့ရုပ်အလောင်းအား တောင်ခြေမှာရှိတဲ့ရေအောက်ကနေဆယ်ယူခဲ့ရပါတယ်။

ပြီးနောက်မှာတော့ သူမရဲ့ ရုပ်အလောင်းအား ရင်ခွဲစစ်ဆေးဖို့အတွက် Antalyaမြို့က Forensic ဆေးရုံရှိရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြီးတဲ့ နောက်မှာတော့ တူရကီရဲများက သူမဟာ မတော်တဆမှုကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း ကြေဌာခဲ့ပါတယ်။ သူမရဲ့အသိဖြစ်သူ Yury ကဝမ်းနည်းစွာနဲ့ မီဒီယာတွေကို ပြောပြချက်မှာတော့” Suspitsina ဟာစမတ်ကျပြီးတော့ ဖော်ရွေမှုရှိသူတစ်ယောက်ပါ၊ သူမရဲ့ ရည်မှန်းချက်ပန်းတိုင်ကပဲ သူမကိုသေခြင်းတရားဆီခေါ်ဆောင်သွားခဲ့ပါပြီ”လို့ပြောထားပါတယ်။

Suspitsina ဟာ ထိုဒေသာမှာ ခရီးသွားလမ်းညွန်အဖြစ် လွန်ခဲ့တဲ့ ၅နှစ်ကတည်းက လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူမ မသေးဆုံမှီ Instagram မှာရေးတင်ခဲ့တဲ့ စာသားလေးကတော့ ” တူရကီရဲ့ သဘာဝအလှတရားတွေကို ကျွန်မအမြဲတမ်း သဘောကျပါတယ်။ ဒီနေရာကတော့ ကျွန်မအတွက်ကောင်းကင်ဘုံပါပဲ”လို့ရေးထားပါတယ်။သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သူမရဲ့ ရုပ်အလောင်းအား တူရကီကနေ ကာဇက်စတန်သို့ပို့ဆောင်မှာဖြစ်ပြီး သူမရဲ့ ဇာတိဖြစ်တဲ့ Kostanay မှာ သင်္ဂြိုလ်မှာလည်းဖြစ်ပါတယ်။

reff;vt.co

Be the first to comment

Leave a Reply

Your email address will not be published.


*