ကြမ်းတမ်းနေတဲ့ လက်တစ်စုံကို နဂိုအတိုင်း ပြန်လည် နူးညံ့ အိစက် လာစေဖို့ အတွက် လုပ်ဆောင်ပေးနိုင်မယ့် အိမ်တွင်းနည်းလမ်း ( ၅ )ခု

နေ့စဉ် နေ့တိုင်း လုပ်ဆောင် နေကြတဲ့ လုပ်ငန်း ဆောင်တာတွေမှာ လူတွေက လက်တစ်စုံကို မဖြစ် မ နေ အသုံးပြု ဖြစ်ကြ ပါတယ် ။ မကြာခဏ လက်ဆေး ခြင်း ၊ ပြင်းထန်တဲ့ ဓာတုဓာတ်ပစ္စည်းတွေ ၊ အစွန်းအထင်းတွေနဲ့ လည်း အမြဲလိုလို ထိတွေ့နေ ပါတယ် ။ဒီလို မျိုးတွေ ထိတွေ့နေရပေမယ့် လည်း လူတစ်ချို့က တော့ အထူး ဂရုတစိုက် မရှိကြလို့ လက်တွေမှာ ဒီလိုမျိုး ခြောက်သွေ့ ၊ ကြမ်းတမ်း မှုတွေ ဖြစ်လာ ရတာပါ။ဒါကြောင့် ဒီတစ်ခါမှာတော့ ကိုယ့်ရဲ့လက်ကလေးတွေ နဂိုအတိုင်း ပြန်လည် နုပျိုစိုပြေလာစေဖို့အတွက် လုပ်ဆောင် နိုင်မယ့် အိမ်တွင် းနည်းလမ်းကောင်းလေးတွေကို အခုလိုပဲ တင်ပြ ပေးလိုက်ပါ တယ်။

၁။ သံလွင်ဆီ

သံလွင်ဆီ ထဲက Antioxidants တွေနဲ့ ကျန်းမာ ညီညွတ်တဲ့ ဖက်တီး အက်စစ်တွေက ခြောက်သွေ့တဲ့လက်တွေကို ပြန်လည် စိုပြေလာစေ ပါတယ်။ ဒါအပြင် အသားအရေကို နူးညံ့ အိစက် လာစေပြီးတော့ ရင့်ရော်တဲ့ လက္ခဏာတွေကိုလည်း သိသိသာသာ လျော့ကျစေ ပါတယ်။အရင်ဦးဆုံး သံလွင်ဆီ အနည်းငယ်ကို အပူပေးပြီး လက်ပေါ်မှာ ငါးမိနစ်ကြာ ညှင်သာစွာ ပွတ်လိမ်းပေးပါ။ ဒီလို မျိုး တစ်နေ့လျှင် နှစ်ကြိမ် လုပ်ပေးဖို့ လိုအပ် ပါတယ်။

၂။ ပျားရည်

ပျားရည်နဲ့ဂလစ်စရင်း ပမာဏ အညီအမျှကို ရောစပ်ပြီးတော့ လက်ပေါ်မှာ သုတ်လိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ် ကြာအောင် ထားပေးပြီး သည်နှင့် ရေ နွေးေ နွေး လေးနဲ့ သန့်စင်အောင် ဆေးကြောပေးပြီးနောက် ခြောက်အောင် သုတ်ပေးပါ ။ ဒီလိုမျိုး နေ့စဉ် မှန်မှန်လုပ်ပေးပါက ရလဒ်ကောင်းလေးတွေကို သင့်အနေ နဲ့ ပြန်လည် မြင်တွေ့နိုင်မှာပါ ။

၃။ အုတ်ဂျုံမှုန့်

ကြိတ်ထားတဲ့ အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ပန်းကန်လုံးထဲ ရောပေးပါ။ ပြီးရင် သံပုယိုရည် အစက် အနည်းငယ် ကိုလည်း ရောထည့်ပေးပါ။ ခနနေ ရေသင့်တင့်ရုံ ထည့်ပြီးတော့ သေချာမွှေပေး ပါ။ထို့နောက် လက်ပေါ်မှာ မိနစ် အနည်းငယ်ကြာအောင် ပွတ်လိမ်းပေး ပြီးတော့ ၁ဝ မိနစ် ကြာသည့်နောက် ရေနွေးလေးနဲ့ သေချာ ဆေးကြော သန့်စင် နိုင်ပါ တယ်။ ဒီလိုမျိုး တစ်ပတ်လျှင် တစ်ကြိမ် မှန်မှန်လေး လုပ်ဆောင်ပေးပါ။

၄။ သံပုယိုရည်

အရင်ဦးဆုံး လက်နှစ်ဖက်ကို ဆပ်ပြာ၊ ရေနွေးနွေး တို့နှင့် ဆေးပေးပြီးတော့ တဘက်နုနုလေးနဲ့ သုတ်ပေးပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါ၊ ပျားရည်၊ သံပုယိုရည် တို့ကို အချိုးအစား ညီမျှစွာ ပေါင်းစပ်ပြီးတော့ မိနစ်အနည်းငယ်လောက် လက်မှာ ညှင်သာစွာ ပွတ်လိမ်းပေးပါ။ထို့နောက် ၁၀ မိနစ်လောက် ထားပေးပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင် နိုင်ပါ တယ်။ ခနနေ ခြောက်အောင် သုတ်ပေးပြီးရင် Moisturizer ပါးပါးလေးကို လိမ်းပေးပါ။

ဒီလိုမျိုး တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ မှန်မှန် လုပ်ဆောင်ပေး ရန်လည်း လိုအပ် ပါတယ်။

၅။ ဒိန်ချဉ်

မုန့်ညက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အချိုမပါသည့် ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ ရောစပ်ပြီးတော့ ပျစ်နှစ်သည် အထိ မွှေပေးပါ။ပြီးရင် လက်ပေါ်မှာ မိနစ်အနည်းငယ်လောက် ညှင်သာစွာ သုတ်လိမ်းပေးပြီးရင် မိနစ်အနည်းငယ် အခြောက်ခံကာ ရေနွေးနွေးလေးနဲ့ သန့်စင်ပေး နိုင်ပါတယ်။

ဒီလိုမျိုး တစ်ပတ်လျှင် ၁ ကြိမ်မှ ၂ ကြိမ် မှန်မှန်လုပ်ပေးမယ်ဆိုရင် သင်ကိုယ်တိုင် ရလဒ်ကောင်းတွေကို ထင်ထင်ရှားရှား မြင်တွေ့လာ မှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*