ကီလို 400 ဝိတ်တုံးကိုမဖို့ကြိုးစားရင်း ဒူးဆစ်နှစ်ဖက်လုံးကျိုးသွားခဲ့တဲ့ ရုရှားအလေးမသမား

အလေးမခြင်းဟာ အချို့လူတွေအတွက်တော့ ဝါသနာအရဖြစ်ပြီး အချို့သူတွေကတော့ စိတ်အားထက်သန်တာကြောင့်ဖြစ်ပါတယ်။ဒါပေမယ့် သတ်မှတ်ထားတဲ့အလေးချိန်ထက်ကိုပိုပြီးမမယ်ဆိုရင်လူတစ်ဟာ ဘယ်လိုဖြစ်သွားမယ်ထင်ပါသလဲ။အလေးမခြင်းဟာအခြားပြင်းပြင်းထန်ထန် ကစားရတဲ့အားကစားတွေလိုဘဲ အကန့်အသတ်တွေရှိပြီး ဒီသတ်မှတ်ချက်ထက်ကိုပို၍လုပ်ဆောင်မယ်ဆိုပါ သင့်အနေနဲ့ ကံဆိုးလှတဲ့အခြေအနေတွေကိုကြုံရနိုင်ပါတယ်။

ရုရှားနိုင်ငံမှအလေးမသမားတစ်ဦးဟာလည်းကီလို400အလေးချိန်ရှိတဲ့ဝိတ်တုံးကိုမဖို့ကြိုးစားတဲ့ အခါမှာတော့ ဒူခေါင်းရိုးနှစ်ဖက်လုံးကျိုးခဲ့သလို ပေါင်ကြွက်သားတွေဟာလည်းပြဲထွက်သွားခဲ့ပါတယ်။သတင်းတွေရဲ့ဖော်ပြချက်များအရAlexander Sedykh  လို့ခေါ်တဲ့ထိုအမျိုးသားဟာ World Raw Powerlifting Federation (WRPF) ရဲ့ချန်ပီယံတစ်ဦးလည်းဖြစ်ပါတယ်။

Alexander Sedykh ရဲ့ အလေးမတဲ့ဗီဒီယိုထဲမှာတော့ သူဟာ400ကီလိုဝိတ်တုံးကိုမနေစဉ်မှာ မြေပြင်ကိုဒူထောက်ကျသွားခဲ့ပြီး သူ့အပေါ်ကအလေးတုံးကို ပြန်မတင်ဖို့အော်ဟစ်နေခဲ့ပါတယ်။တာဝန်ရှိသူများနဲ့ဆေးဝန်ထမ်းများက သူ့အားဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ကြပြီး သူ့ရဲ့ခြေထောက်ကို ခြောက်နာရီကြာခွဲစိတ်ကုသမှုကိုခံယူခဲ့ရပါတယ်။‌

ခွဲစိတ်ကုသမှုတွေပြီးတဲ့နောက်မှာတော့ Sedykh လျောက်နိုင်ဖို့ကိုကြိုးစားရဦးမယ်လို့ပြောကြားခဲ့ပါတယ်။”ကျွန်တော်အိပ်ယာထဲမှာနှစ်လလောက်လှဲပြီးအနားယူရပါမယ်။ပြီးရင်တော့နောက်တစ်ကြိမ်ဘယ်လိုလမ်းလျောက်ရမလဲဆိုတာသင်ယူရပါဦးမယ်။ဒါကိုပြန်ကောင်းနိုင်ဖို့အတွက်အချိန်အတော်ကြာဦးမယ်”လို့သူကဆိုပါတယ်။

Sedykh အနေနဲ့အလေးမတဲ့အားကစားကို ဆက်လက်ကစားသွားမလားဆိုတဲ့အချက်ကိုတော့ ထုတ်ဖော်ပြောကြားသွားခြင်းမရှိပါဘူး။ဒါအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် အလေးမသူများဟာ ကိုမနိုင်တဲ့အတိုင်းအတာထက်ကိုကျော်လွန်၍မလုပ်သင့်ပါဘူး။ငါဘယ်လောက်ထိမနိုင်တယ်ဆိုတာထက် သင့်ရဲ့လုံခြုံရေးကပို၍အရေးကြီးပါတယ်။

Video ကြည့်ရန်

Be the first to comment

Leave a Reply

Your email address will not be published.


*