ကိုယ့်ကိုကိုယ်သတ်သေမှုတွေဆက်တိုက်ပြုလုပ်လာကြတဲ့မလေးရှားကမြန်မာအလုပ်သမားများ

ယခု သတင်းကို ( Pyi Myanmar ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

မလေးရှားရောက် မြန်မာ လုပ်သား တစ်ဦး အဆုံး စီရင်ပြန် ၊
အချိန် ၂ လ တာ ကာလ အတွင်း အဆုံးစီရင်သူ မြန်မာ လုပ်သား ၇ ဦး အထိ ရှိနေပါတယ်

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား တစ်ဦး သည် ဇွန်လ ၁၈ ရက် ညပိုင်းက ထပ်မံ အဆုံးစီရင်သွားခဲ့သောကြောင့် နှစ်လ တာ ကာလ အတွင်း အဆုံးစီရင်သူ မြန်မာလုပ်သား ၇ ဦး အထိ ရှိနေပြီ ဖြစ်ကြောင်း မြန်မာလူမှုကူညီရေး အသင်း – မလေးရှား က သိရသည်။

သေဆုံးသူမှာ ကွာလာလမ်ပူမြို့၊ ကပုန်းမြို့နယ်၊ သမန်ပူစ ကပုန်းရပ်ကွက်တွင်နေထိုင်သူ ဖြစ်ကာ မွန်ပြည်နယ် က လာရောက်အလုပ်လုပ်ကိုင် ဖြစ်သူ ဖြစ်ပြီး ဇွန်လ ၁၈ ရက် ညပိုင်း အချိန်တွင် ကြိုးဆွဲချကာ အဆုံးစီရင် သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုပ်သားသည် အထောက်အထားမဲ့ ဖြင့် မလေးရှား နိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင် ခြင်း ဖြစ်ပြီး စိတ်ဖိစီးမှုများပြားခြင်းကိုခံစားရသည့် အတွက် နေထိုင်ရာ အခန်း၏ ပြတင်းပေါက်တွင် အဆုံးစီရင် သွားခဲ့ခြင်း ဖြစ်သည်။

ထက်အောင်ဖြိုး
ဓာတ်ပုံ – မြန်မာလူမှုကူညီရေး အသင်း – မလေးရှား
Pyi Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*