နှုတ်ခမ်းအောက်ကဝက်ခြံအဖုကြောင့်သေလုနီးပါးဖြစ်ခဲ့ရတဲ့အမျိုးသားတစ်ဦး

တရုတ်ပြည်က လူတစ်ယောက်ဟာ သူ့နှုတ်ခမ်းအောက်မှာဝက်ခြံပေါက်ပြီးသေလုနီးပါးဖြစ်ခဲ့ရတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်။Jiangsu ပြည်နယ်အ‌ရှေ့ပိုင်းတွင်နေထိုင်သည့်
Mr.Chen ဆိုတဲ့အမျိုးသားဟာ နှုတ်ခမ်းအောက်မှာဝက်ခြံပေါက်လာကာချက်ချင်းဖျားနာ လာပြီး ပါးစပ်ရောင်ရမ်းခြင်းကိုစတင်ခံစားခဲ့ရကြောင်း Daily Mail သတင်းစာကဖော်ပြခဲ့ပါတယ်။

အဲဒီလိုဖြစ်ပြီးနောက် သူ့ အနေထားဟာ လျင်မြန်စွာ ယိုယွင်းလာခဲ့ပါတယ်။ မီဒီယာများရဲ့ပြောပြချက်အရတော့ဒီဖြစ်ရပ်ဟာ သူ့ရဲ့အဆုတ်ထဲသို့ ရောဂါကူးစက်ပျံ့နှံ့ သွားတယ်လို့ဆိုပါတယ်။ ထိုသို့ရောဂါပျံ့နှံ့သွားခဲ့တဲ့ရလဒ်ကတော့ အဆုတ်ရောင်ရောဂါကို နှစ်ဆခံစားရဖို့ဖြစ်လာခဲ့ပါတယ်။ထိုသို့ဖြစ်ပြီးနောက်ပိုင်းမှာတော့ သူဟာ Changzhou ရှိ First People’s Hospital အရေးပေါ်ကုသရေးဌာနမှာ သူရဲ့ အသက် အတွက် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရပါတော့တယ်။ကံကောင်းလှစွာဘဲ Mr.Chen ဟာ ၀က်ခြံအစက်ပြောက်ပေါက်ပြီး တစ်လ အကြာမှာဒေါက်တာ Zhuက သူ့ကိုကုသပေးနိုင်ခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့သူရဲ့အဖြစ်အပျက်ကိုဆရာဝန်များကပြန်လည်သုံးသပ်ခဲ့ကြပါတယ်။

ဆရာဝန်က Jiangsu ရုပ်မြင်သံကြားသို့ပြောကြားချက်အရတော့ ထိုသူဟာ သူရဲ့ ပါးစပ်အဖုမှတစ်ဆင့် ရောဂါကူးစက်ခံရခြင်းကြောင့်အဆုတ်ရောင်ရောဂါကိုနှစ်ဆခံစားရခြင်းနှင့်အဆုတ်ပြိုကျခြင်းတို့ဖြစ်ပွားစေခဲ့တယ်လို့ဆိုပါတယ်။ဒေါက်တာ Zhuဟာ နှာခေါင်းနှင့် ပါးစပ် တြိဂံစက်၀န်းတွင် ၀က်ခြံပေါက်လာပါက လျှင်မြန်စွာရှင်းလင်းသင့်ကြောင်း နှင့်ဝက်ခြံများ မပေါ်လာစေဖို့အတွက်လည်းဂရုစိုက်သင့်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။နောက်ထက်သတိပေးချက်တစ်ခုကတော့ ထိုနေရာကဝက်ခြံ အဖုများကို လက်ဖြင့်မညစ်မိစေရန်သတိထားသင့်ကြောင်းထပ်လောင်းသတိပေးခဲ့ပါတယ်။ပို၍အရေးကြီးအချက်ကတော့ ၀က်ခြံပေါက်တဲ့၀န်းကျင်က အရေပြားများ နီလာခြင်း ၊ရောင်ရမ်းလာခြင်း နှင့် နာကျင်လာခြင်း (သို့မဟုတ်) ဖျားလာလျှင် အမြန်ဆုံးဆေးကုသ ခံယူ
သင့်ကြောင်းကိုလည်းသတိပေးပြောကြားထားပါသေးတယ်။


အဓိကအန္တာရာယ်ရှိတဲ့အချက်တစ်ခုကတော့ ထိုနားတစ်ဝိုက်ရှိသွေးပြန်ကြောများသည် ဦးနှောက်အတွင်းရှိ အရေးကြီး တဲ့အာရုံကြောများစီသို့ ဦးတည်သွားသောကြောင့် ဖြစ်ပါတယ်။

NYU Langone Medical Center ရှိအရေပြားရောဂါဗေဒဌာန လက်ထောက်ပါမောက္ခဖြစ်သူ ဒေါက်တာ Jeremy Brauer က Men’s Healthဆေးပညာဗဟုသုတ ဝက်ဆိုဒ်မှာ ဖော်ပြပေးထားတာကတော့- အကယ်၍ ထိုနားတစ်ဝိုက်တွင် ပြင်းထန်တဲ့အနာတစ်ခုဖြစ်ပြီး ရောဂါကူးစက်ခံရပါက မကုသမိလျှင် ဦးနှောက်ထဲသို့ ဆက်လက်ကူးစက်နိုင်ပြီး သီအိုရီများအရ သေဆုံးနိုင်ကြောင်း သက်သေအချက်လက်များနဲ့ ပြောပြခဲ့ပါတယ်။


ဘေးကင်းစိတ်ချရစေဖို့ကတော့ ထွက်ပေါ်လာတဲ့ ဝက်ခြံအဖုများကို ပေါက်သွားတဲ့အဆင့်အထိ မဖြစ်အောင် သတိထားသင့်တယ်လို့ဆိုကြပါတယ်
ထိုကြောင့်သင့်အနေနဲ့ ဝက်ခြံပျောက် ခရင် အသုံးမပြုမီရေ‌နွေးစွတ်ထားတဲ့ ပဝါဖြင့် မျက်နှာအရေပြားကို ညင်သာစွာ နှိပ်ပေးခြင်းက ပို၍ကောင်းတယ်လို့ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*