စင်ကာပူကနေ မလေးရှားကို ရေကူးပြီး တရားမဝင် ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦး

ပြီးခဲ့တဲ့ ဩဂုတ်လ၁၈ရက်နေ့က ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဦးဟာ မလေးရှားနိုင်ငံသို့ ထူးထူးခြားခြားနည်းနဲ့ Tebrau ရေလက်ကြားကိုဖြတ်ကူးကာဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။
အသက်၃၅နှစ်အရွယ်ရှိတဲ့ထိုအမျိုးသားဟာ အရှည်၃၅ကီလိုမီတာရှိတဲ့ နှစ်နိုင်ငံကိုနယ်နမိတ်ပိုင်းခြားထားတဲ့ထိုရေလက်ကြားကနေမလေးရှားနိုင်ငံကိုခိုးဝင်ဖို့ကြိုးစားခဲ့ကြောင်း စင်ကာပူလူဝင်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဂိတ်အာဏာပိုင် (အိုင်စီအေ) ရဲ့တရားဝင်ဖေ့ဘွတ်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။သူ့ရဲ့ကြိုးစားအားထုတ်မှုကို တော့Woodlands စစ်ဆေးရေးဂိတ်မှရဲများကတားဆီးနိုင်ခဲ့ကြပါတယ်။

Credit photo

အိုင်စီအေရဲ့ကနဦးစုံစမ်းစစ်ဆေးမှုတွင်ဖော်ပြချက်အရ ထိုအမျိုးသားဟာစင်ကာပူနိုင်ငံအတွင်းရဲ့များနဲ့ဖြစ်ပွားခဲ့သောပဋိပက္ခမှာပါဝင်ပက်သက်မှုရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်မို့သူဟာမရရတဲ့နည်းလမ်းနဲ့စင်ကာပူနိုင်ငံကနေအပူတပြင်းထွက်ခွာချင်နေတာလည်းဖြစ်ပါတယ်။စင်ကာပူလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ (အခန်း ၁၃၃) အရထိုကဲသို့နိုင်ငံမှတရားမဝင်ထွက်ခွာခြင်းဟာ ဒဏ်ငွေ ဒေါ်လာ၂၀၀၀ဖြစ်စေထောင်ဒဏ်၆လဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ်ကျခံရမှာလည်းဖြစ်ပါတယ်။

Credit photo

လက်ရှိအချိန်မှာတော့စင်ကာပူနဲ့မလေးရှာနိုင်ငံကြားမှာခရီးသွားလာတာကိုခွင့်ပြုထားပေမယ့် အသေးစိတ်လိုအပ်ချက်တွေနဲ့တားမြစ်ချက်တွေများစွာတင်ပြနိုင်မှရမှာဖြစ်ပါတယ်။မလေးရှားနဲ့စင်ကာပူနိုင်ငံမှာရှိတဲ့နယ်စပ်စစ်ဆေးရေးဂိတ်တွေဟာလည်းယခုအချိန်မှာပိုပြီးအဝင်အထွက်တွေကိုသေချာစောင့်ကြည့်စစ်ဆေးနေကြတာပါ။

Credit photo

ဘာကြောင့်ဆိုတရားမဝင်ဝင်ရောက်လာမှုတွေဟာနိုင်ငံရဲ့လုံခြုံရေးကိုခြိမ်းခြောက်ယုံတင်မကဘဲကိုဗစ်၁၉ကူးစက်ပြန့်ပွားမှုတွေကိုလည်းခြိမ်းခြောက်လာနိုင်ပါတယ်။ထိုအမျိုးသားကတော့ စင်ကာပူကအမြန်ထွက်ခွာချင်လို့သာ ကြံမိကြံရာကြံခဲ့ခြင်းဖြစ်ပြီး အကယ်၍သာအချိန်ကြာရေကူးမယ်ဆိုပါကလည်း သူ့အတွက်အသက်အန္တရာယ်လည်းများလှပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*