သင့်ရဲ့အောင်မြင်မှုကိုနှေးကွေးစေနိုင်တဲ့အကြောင်းရင်း(၄)ခု

တစ်ရံတစ်ခါမှာကျွန်တော်တို့အနားမှာရှိတဲ့အရာအားလုံးဟာအဓိပ္ပါယ်မဲ့သွားတတ်ပြီး ကျွန်တော်တို့ဘဝဟာလည်းအောက်ဆုံးကိုထိုးကျသွားတတ်ပါတယ်။ထိုအခြေအနေမျိုးမှာအချို့သူများကတော့ အခြားသူများကိုအပြစ်ပုံချလေ့ရှိပြီး အချို့ကတော့ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ဘဲနေတတ်ကြသလိုအချို့သူတွေကတော့ထိုအခက်အခဲတွေကိုကျော်လွှားကာရှေ့ဆက်ဖို့ကြိုးစားတတ်ကြပါတယ်။

ဒီဆောင်းပါးမှာတော့ သင့်ရဲ့ဘဝတိုးတက်ရေးမှာဘယ်အရာတွေကအဟန့်အတားဖြစ်နေလည်းဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁)မရေရာတဲ့စိတ်ကူးအိမ်မက်များ

Credit photo

ကျွန်တော်တို့တွေဟာစိတ်ကူးအိမ်မက်ရတာတွေကိုနှစ်သက်တတ်ကြပါတယ်။ဒါပေမယ့်အချို့လူတွေမှာတော့ရည်မှန်းချက်ကြီးလှတဲ့စိတ်ကူးအိမ်မက်တွေရှိကြပြီး ထိုအရာတွေဖြစ်လာဖို့ကိုလိုလိုလားလားမရှိဘူးဆိုရင်တော့ စိတ်ကူးအိမ်မက်အဖြစ်သာရှိနေမှာဖြစ်ကာတကယ့်လက်တွေ့ဘဝကိုယူဆောင်လာနိုင်မှာမဟုတ်ဘာဘူး။ထိုသူတွေကတော့သူတို့ရဲ့စိတ်ကူးအိမ်မက်ထဲမှာသာပျော်နေပြီးကံကြမ္မာရဲ့ကြီးမားတဲ့မျက်နှာသာပေးမှုတစ်ခုကိုသာစောင့်နေကာမိမိတို့ရည်မှန်းချက်ပန်းတိုင်အတွက်အားစိုက်ကာကြိုးစားမှုလည်းမရှိပါဘူး။

Credit photo

အကယ်၍သင်ဟာနေရာတစ်ခုထဲမှာအချိန်ကြာရှည်စွာနေနေမယ်ဆိုပါကသင်ရဲ့အောင်မြင်တဲ့မီလီယံနာအိမ်မက်ကလည်းဖြစ်လာဖို့အလွန်အလားအလာနည်းပါးပါတယ်။သင့်ရဲ့အောင်မြင်မှုဘဝကိုရနိုင်ဖို့ဆိုရင်တော့လက်ရှိအောင်မြင်မှုရပ်တန့်နေတဲ့နေရာကိုစွန့်ခွာပြီး သင်တခါမှမလုပ်ဖူးသေတဲ့အရာတွေကိုကြိုးစားကာလုပ်ကိုင်ကြည့်ဖို့အကြံပြုပါတယ်။

(၂)သင့်ရဲ့လုပ်ရပ်အတွက်တာဝန်ရှိတယ်လို့မယူဆခြင်း

credit photo

ဘဝမှာဖြစ်ပျက်နေတဲ့အရာတွေအားလုံးကတော့သင့်ရဲ့အပြစ်တွေကြောင့်မဟုတ်ဘာဘူးဒါပေမယ့်ဒါတွေအားလုံးအပေါ်မှာတော့တာဝန်ယူမှုအပြည့်ရှိရပါမယ်။အခြားသူများကိုအပြစ်တင်တာနဲ့အတားအဆီးတွေကိုအပြစ်တင်နေတာကသင့်ဘဝရဲ့လက်ရှိအခြေအနေတွေကိုလုံးဝပြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူး။

credit photo

ဒီအခြေအနေတွေကိုအပြည့်အဝတာဝန်ယူခြင်းကသာသင့်ရဲ့အနာဂတ်ကိုပိုကောင်းအောင်ဖန်တီးပေးနိုင်မှာပါ။သင့်ရဲ့အမှားကိုဝန်ခံပြီးပြင်ဆင်တတ်ခြင်းကသာသင့်ဘဝအောင်မြင်တိုးတက်ရေးအတွက် ပထမဆုံးနဲ့အရေးပါဆုံးအချက်ဘဲဖြစ်ပါတယ်။ရိုးရှင်းစွာနဲ့တာဝန်ယူမှုအပြည့်အဝထားရှိပြီးသင့်ရဲ့စိတ်ကူးနဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်လိုက်ပါ။

(၃)မိမိကိုယ်ကိုလေ့လာစမ်းစစ်မှုအလွန်များနေခြင်း

credit photo

မိမိကိုယ်ကိုလေ့လာစမ်းစစ်တာတွေလွန်ကဲနေခြင်းဟာကိုယ့်ရဲ့ပြဿနာတွေကိုပိုပြီးတော့နက်နဲလာစေပါတယ်။ရလာဒ်အနေနဲ့ကတော့သင့်ရဲ့အားနည်းချက်ပြဿနာတွေကစိတ်ထဲမှာအမြစ်တွယ်လာကာ သင့်ကိုဝမ်းနည်းလာစေပြီ;စိတ်ဓာတ်ကျခြင်းတွေပါဝင်ရောက်လာနိုင်ပါတယ်။ထိုစိတ်ခံစားမှုတွေကြောင့်သင့်ရဲ့အောင်မြင်မှုပန်းတိုင်ဟာလည်းတဖြည်းဖြည်းဝေးကွာသွားနိုင်ပါတယ်။

(၄)လက်တွေ့မကျတဲ့ရည်မှန်းချက်များ

credit photo

သင့်ရဲ့စိတ်ကူးနဲ့ရည်မှန်းချက်တွေကသင့်ကိုအောင်မြင်မှုတစ်ခုအဖြစ်ကိုပြောင်းလဲပေးနိုင်ပြီးဒီရည်မှန်းချက်ကတော့လက်တွေ့ကျဖို့လိုအပ်ပါတယ်။ထိုရည်မှန်းချက်ပန်းတိုငိကိုရောက်ရှိနိုင်ဖို့အတွက် ဘာအရာတွေလိုအပ်လည်း၊ဘာတွေပြင်ဆင်သင့်လည်းအချိန်ဘယ်လောက်ကြာမလဲ၊ဘယ်လောက်ထိဖြစ်နိုင်ချေရှိတာလဲဆိုတဲ့အချက်တွေကိုလည်းနားလည်သဘောက်ပေါက်ဖို့လိုအပ်ပါတယ်။

credit photo

အကယ်၍သင့်ရည်မှန်းချက်ဟာလက်တွေ့မကျခဲ့ဘူးဆိုပါက ထိုအရာရဲ့ကွဲပြားတဲ့အချက်ကိုရှာဖွေပါပြီးရင်တော့သင့်ရဲ့ရည်မှန်းချက်ကနေလုံးဝထုတ်ပယ်လိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*