ဘောဂဝတီနဂါးပြည်အမှန်ရှိသလောဘောဂဝတီနဂါးပြည်အမှန်ရှိကြာင်းမြတ်ဗုဒ္ဓသည်မဟာသမယသုတ်တော်နှင့်ရတနာသုတ်တော်များတွင်အတိအလင်းဟောကြားတော်မူခဲ့ပါသည်။

ဘောဂဝတီနဂါးပြည်အမှန်ရှိသလောဘောဂဝတီနဂါးပြည်အမှန်ရှိကြာင်းမြတ်ဗုဒ္ဓသည်မဟာသမယသုတ်တော်နှင့်ရတနာသုတ်တော်များတွင်အတိအလင်းဟောကြားတော်မူခဲ့ပါသည်။


သိပ္ပံပညာရှင်တို့သည် ဘုံဘဝရှိကြောင်းကိုသက်သေမပြနိုင်ခဲ့ပေ။မြတ်ဗုဒ္ဓသည် နဂါးတို့ပျော်စံရာနဂါးပြည်သည် လူ့ပြည်နှင့်မည်သည့်အကွာအဝေး မည့်သည့်ရောတွင်တည်ရှိကြောင်းကိုသက်သေသာဓကဖြင့် ဖော်ပြနိုင်ခဲ့သည်။


ထို့ပြင် မြတ်စွာဘုရား ဘုရားမဖြစ်မီအလောင်းတော် ဘဝဖြစ်သောဘူရိဒတ်နဂါးမင်းအဖြစ် နဂါးပြည်၌ဖြစ်ခဲ့ကြောင်း အတိအကျ ဖော်ပြခဲ့သည်။ဘောဂဝတီနဂါးပြည်သည်မြင့်မိုရ်တောင်အောက်ခြေစတုမဟာရာဇ်ဘုံအလယ်၌ပင်တည်ရှိပါသည်။


သိပ္ပံပညာရှင် တို့ကလည်းကမ္ဘာ၏သုံးပုံး တပုံကိုရေထုကပင်လွှမ်းမိုးထားကြောင်းဖော်ပြထားသည်ဖြစ်၍ဘောဂဝတီနဂါးပြည်သည် ရေထု၌ပင်တည်ရှိပါသည်။မိမိတို့၏အတိတ်ကံကြောင့် ဖြစ်ပေါ်လာသောဘုံ ဗိမာန်များသည်နတ်နဂါးတို့ပျော်စံရာ ရေထု၌ပင်အံ့သြဖွယ် ပေါ်ပေါက်လာကြပါသည်။


ထိုဗိမာန်တော်များ၏တောက်ပမှုသည်လည်းကံစွမ်းအားအနည်းအများအပေါ်မူတည်၍တောက်ပကြပါသည်။ဘောဂဝတီနဂါးပြည်သည် ကံစွမ်းအင်ကြောင့်တည်ရှိပါသည်။ရေထု၌ပင်တည်ရှိပါသည်။


မိမိ၏အတိတ်ကံ အလျောက်ဗိမာန်များ အရောင်အဆင်းများတဖျတ်ဖျတ်တောက်ပကာထိုဗိမာန်တော်များ၌ စံစား ပျော်ပါးနေကြသောနတ်နဂါး များ၏ကံအစွမ်းဖြင့် ဖြစ်ပေါ်လာရသောဘောဂဝတီနဂါးပြည်ပင်ဖြစ်ပါသည်။


ထို့ကြောင့်စိန်ရွှေ ငွေ မြပုလဲရတနာမျိုးစုံဖြင့် စီခြယ်ထားသောဘောဂဝတီ နဂါးပြည်သည်မြင့်မိုရ်တောင်အောက်ခြေမဟာသမုဒ္ဒရာအောက်၌ပင်တည်ရှိကြောင်းအများသူငါသိရှိနိုင်စေရန်ဖော်ပြအပ်ပါသတည်း။မြတ်ဆုရှင်ဆရာတော်

Be the first to comment

Leave a Reply

Your email address will not be published.


*