အောင်မြင်ကျော်ကြား လူသိများမည့် လက္ခဏာပိုင်ရှင်များ

(အခြေခံလက္ခဏာပညာ)ကံကောင်းစေသော လက္ခဏာလမ်းကြောင်းတွေကိုမပြောပြခင်ကံကောင်းစေသောလက်အမျိုးစားအကြောင်းကိုဦးစွာသိထားဖို့လို့ပါမယ်။လက်အမျိူးစား(၇)မျိုး ရှိသည့်အနက်မှလေးဒေါင့်လက်/အနုပညာလက်/အဘိဓမ္ဓာလက်နှင့်ရောထွေးပေါင်းစပ်လက်အမျိုးစားတွေမှသာကောင်းကျိုးအပြည့်ဝခံစားရမည်ဟုမှတ်ထားရမည်။

လက်ဝါး(၇)မျိုး အကျယ်တဝင့် တင်ပြထားဘူးပြီးအောက်ပါလင့်တွင်ဝင်ကြည့်ပါ။ထိုကဲ့သို့လက်အမျိုးစားကောင်းခြင်းအောက်ဖေါ်ပြပါလမ်းကြောင်းများရှိနေခြင်းဒီလိုဆိုဆိုရင်တော့အကျိုးပေးကောင်းသူဟုဆိုရမည်။ကအသက်လမ်းကြောင်းကျွန်း-ကြက်ချေ-အပြတ်အတောက်ကင်းပြီးရှည်လျားထင်ရှားအားကောင်းနေခြင်းကျန်းမာကြံ့ခိုင်ပြီးအသက်ရှည်မည်

ခ=ညာဏ်လမ်းကြောင်းကျွန်း-ကြက်ချေ-အပြတ်အတောက်ကင်းပြီးရှည်လျားထင်ရှား အားကောင်းနေခြင်းအတွေးအခေါ်အမျှော်မြင်ညာဏ်အောင်းပြီးလုပ်ရည်ကိုင်ရည် ထူးချွန်ထက်မြတ်မည်။ဂ=နှလုံးလမ်းကြောင်းကျွန်း-ကြက်ချေ-အပြတ်အတောက်ကင်းပြီးရှည်လျားထင်ရှားအားကောင်းနေခြင်းမျှတသောချစ်ခြင်းမေတ္တာရှိနေတတ်ကြပြီးချစ်ခြင်မေတ္တာရဲ့အကျိုးကိုအပြည့်ဝခံစားရမည်။

ဃကံကြမ္မာထီးရိုးကျွန်း-ကြက်ချေအပြတ်အတောက်ကင်းပြီးရှည်လျားထင်ရှားအားကောင်းနေခြင်း(အစတည်နေရာနဲ့အဆုံးသပ်ပေါ်မူတည်ပြီး)အတိတ်ကုသိုလ်ကောင်းမှု့များခဲ့သူဟု ဆိုနိူင်သည်။ကံကောင်းခြင်း ထီပေါက်ခြင်းနှင့်စီးပွားဥစ္စာများပိုင်ဆိုင်မှု့တွေကို ဖေါ်ပြသည်။

င=အောင်မြင်လမ်း(ခ)နေမင်းလမ်းကြောင်းကျွန်း-ကြက်ချေ-အပြတ်အတောက်ကင်းပြီးရှည်လျားထင်ရှား အားကောင်းနေခြင်း(အတိုအရှည်မူတည်ပြီး ကောင်းတတ်သည်)ထွန်းလင်းတောက်ပခြင်း အောင်မြင်ခြင်းနှင့်ဝမ်းသာပျော်ရွှင်များကြုံတွေခံစားရခြင်းကိုဖြစ်စေသည်။

စ=ကံကြမ္မာအတက်လမ်းကျွန်း-ကြက်ချေ-အပြတ်အတောက်ကင်းပြီးရှည်လျားထင်ရှားအားကောင်းနေခြင်း(အသက်လမ်းမှ စထွက်သောနေရာပေါ်မူတည်သည်)အသက်လမ်းကြောင်းမှ ခွဲထွက်ပြီး အထက်သို့ဦးတည်ကာတက်သွားသော ထိုလမ်းကြောင်းသည်ကြီးမြင့်ထင်ပေါ်လိုမှု့နှင့်ကျိုးစားဆောင်ရွက်တတ်မှု့လိုချင်တက်မက်မှု့ကို ဖြစ်စေတတ်ပြီးတကယ်လည်းအကျိုးခံစားရစေတတ်ပါသည်။

ဆ=ဗုဒ္ဓဟူးလမ်းကြောင်း(ခ)ငွေလမ်းကျွန်း-ကြက်ချေ-အပြတ်အတောက်ကင်းပြီးရှည်လျားထင်ရှား အားကောင်းနေခြင်း(လမ်းကြောင်းတိုလေးတွေ ၁ခုထက်ပိုများနေတတ်၏)အတွေးအခေါ်ညာဏ်ပညာများ ပွင့်လင်းလာတတ်ပြီးငွေလည်းတဖွဲဖွဲဝင်တတ်ပါသည်။

ဇ=ကြာသာပတေးလမ်း(ခ)ဂုရုယိမ်းပညာဂြိုလ်ဖြစ်သော ကြာသာပတေးဂြိုလ်ခံပေါ်မှထိုမတ်တတ်စင်းလမ်းကြောင်းသည်။လူတဦးအဖို့ပရမ်းပတာမဆန်ပဲနဲ့ကံကောင်းစေ၏မိတ်ဆွေအကူညီကောင်းများရစေ၏လူချစ်လူခင်များစေ၏အတတ်ပညာထူးခွန်စေ၏ဈ=ဆော်လမွန်လက်စွတ်ကြာသာပတေးဂြိုလ်ကွင်းဟုလည်း ခေါ်ပါသည်

အသိပညာ/အတတ်ပညာ/ဘာသာတရားများကိုအထူးကိုယ်စားပြုသော လက္ခဏာကောင်းဖြစ်၏လက်ညိုးညွှန်ရာ ရေဖြစ်စေခဲ့သည့်အောင်မြင်သူများရဲ့လက်များတွင် တွေ့နိူင်ပါသည်။ဤမျှ နားပါးဦးမည်။(ဆက်ရေးသားပါမည်)ပညဗဟုသုတတိုးပွားနိူင်ကြပါစေ။

ဆရာအောင်ချမ်းမင်းonlineဗေဒင်လက္ခဏာ ph’09250699235(viber)ညာဏ်ပူဇော်ခဖြင့် ဗေဒင်လက္ခဏာ မေးမြန်းလိုလျှင်ဓာတ်ဆင်ဓာတ်ရိုက်/ယတြာများ အပ်နံှပြုလုပ်လိုလျှင်မင်္ဂလာအခါပေး/နာမည်ပေးခြင်းများ ဆွေးနွေးလိုလျှင်fb’cb(သို့)viberမှာ ဆက်သွယ်စုံစမ်းနိူင်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*