ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး

ဗုဒ္ဓဘာသာဝင်တို့၏ဝါတွင်းကာလနီးလာပြီဖြစ်လို့ဝါဆိုသင်္ကန်းကပ်လှူဒါန်းလျင်ရရှိနိုင်သည့်ကောင်းကျိုးတွေကိုရေးသား၍ဓမ္မဒါနပြုလိုက်ပါတယ်ဗုဒ္ဓဘာသာဝင်တို့သည်ဝါတွင်းအခါကာလမှာနီးစပ်ရာသံဃာတော်များသီတင်းသုံးရာကျောင်းတိုက်

တို့မှာအဖွဲ့အစည်းဖြင့်လည်းကောင်းမိသားစုဖြင့်လည်းကောင်းတစ်ဦးတစ်ယောက်ထဲသော်လည်းကောင်းကျောင်းတိုက်ရှိသံဃာတော်များအားဝါဆိုသင်္ကန်းကပ်လှူဒါန်းလေ့ရှိကြပါတယ်ထိုသို့သံဃာတော်များအားမိမိတို့၏ချွေးနည်းစာဖြင့်ဝါဆိုသင်္ကန်းများကပ်လှူဒါန်သည့်အခါ

ထိုအလှူကိုအကြောင်းပြု၍ကောင်းကျိုးတွေဘယ်လောက်ရသလဲဆိုတာသိရင်မိမိတို့၏အလှူဒါနအပေါ်မှာပိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်ပို၍လည်းအကျိုးပေးထက်သန်ပါတယ်

ဒါမို့ကြောင့်ဝါဆိုသင်္ကန်းပေးလှူဒါန်းရသဖြင့်မိမိတို့ရရှိနိုင်သည့်ကောင်းကျိုးတရားများကိုတစ်ခုချင်းစီသိထားသင့်ပါတယ်သံဃာတော်တို့အားဝါဆိုသင်္ကန်းကပ်လှူဒါန်းသူတို့သည်နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြားဘဝသံသရာမှာကျင်လည်သမျှဘဝတွေမှာလူချမ်းသာနတ်ချမ်းသာတွေဖြစ်၍ကောင်းကျိုးတရား(၇)ပါးကိုရရှိနိုင်ပါတယ်

(၁)အဝတ်အထည်အတွက်စိုးရိမ်မှုတွေကင်းခြင်းဆိုတဲ့အကျိုးတရားကိုရရှိနိုင်ပါတယ်(၂)ရုပ်ဆင်းအင်္ဂါပြည့်စုံညီညာ၍ရွှေရောင်အဆင်းဖြင့်တင့်တယ်လှပခြင်းဆိုတဲ့အကျိုးတရားကိုရရှိနိုင်ပါတယ်

(၃)ခုနှစ်ဆောင်တိုက်ခန်းမှာမီးမထွန်းဘဲလင်းတဲ့ပပဝတီမင်းသမီးလေးလိုခန္ဓာကိုယ်မှအရောင်လင်းခြင်းဆိုတဲ့အကျိုးတရားကိုရရှိနိုင်ပါတယ်(၄)အသားအရေနုညပ်ချောမွေ့ပြီးတော့သူမတူအောင်ချောမောလှပတင့်တယ်ခြင်းဆိုတဲ့အကျိုးတရားကိုရရှိနိုင်ပါတယ်

(၅)မျက်နှာအစရှိသည့်ခန္ဓာကိုအင်္ဂါအစိတ်အပိုင်းတို့မှာမှည့်ခြောက်တင်းတိတ်ဝက်ခြံအစရှိသည်များလုံးဝကင်းရှင်းပြီးတော့ခေတ်ပေါ်အလှပြင်ပစ္စည်းတို့ဖြင့်လုံးဝလိမ်းခြယ်ခြင်းမပြုရဘဲနဂိုပင်ကိုသဘာဝအလှပိုင်ရှင်များဖြစ်နိုင်ခြင်းအကျိုးကိုရရှိနိုင်ပါတယ်

(၆)ခေတ်ကာလလျောက်ပေါ်ပေါက်လာသည့်အဝတ်အထည်တို့ကိုမိမိတို့စိတ်ထဲကအခုပေါ်နေတဲ့အဝတ်ထည်းလေးဝတ်ချင်လိုက်တာလို့စိတ်ထဲကတောင်တလိုက်ရုံလေးနဲ့ထိုအဝတ်အထည်တို့သည်မိမိထံသို့တစ်ဦးတစ်ယောက်ကလက်ဆောင်ပေးလို့သော်လည်းကောင်းဝယ်ပေးလို့သော်လည်းကောင်းပုံစံတစ်မျိုးမျိုးဖြင့်မိမိလက်သို့ရောက်ရှိလာနိုင်ခြင်းဆိုတဲ့အကျိုးတရားကိုရရှိနိုင်ပါတယ်

အထက်ပါဖော်ပြခဲ့သည့်ကောင်းကျိုးတရားတို့သည်လောကီကောင်းကျိုးချမ်းသာများသာဖြစ်၏လောကုတ္တရာကောင်းကျိုးချမ်းသာများမဟုတ်ပါ

(၇)ဝါဆိုသင်္ကန်းလှူဒါန်ဖူးသူအလှူရှင်သည်ဘဝသံသရာတစ်ကွေ့မှာအကယ်၍များဘုရားတစ်ဆူဆူဖြင့်ကံအားလျော်စွာတွေ့ကြုံဖူးမျှော်ခွင့်ရသည်ရှိသော်ထိုဘုရားရှင်သည်ဝါဆိုသင်္ကန်းလှူဒါန်းဖူးခဲ့သောကောင်းမှုရှင်ကို(ဧဟိဘိက္ခု)ခေါ်လိုက်ရုံဖြင့်

ခန္ဓာကိုယ်မှာဝတ်ဆင်ထားသည့်အဝတ်တို့သည်သူ့အလိုလိုပျောက်ကွယ်၍ရဟန်းအသွင်ဖြစ်ကာဧဟိဘိက္ခုရဟန္တာကြီးဖြစ်ရခြင်းဆိုတဲ့လောကုတ္တရာချမ်းသာအကျိုးကိုရရှိနိုင်ပါတယ်

ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်းကုသိုလ်သည်အထက်ပါဖော်ပြခဲ့သည့်လောကီးကောင်းကျိုးချမ်းသာလောကုတ္တရာကောင်းကျိုးချမ်းသာအဖြာဖြာတို့ကိုရရှိနိုင်မှာဖြစ်လို

့ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည်ဝါတွင်းကာလ၌မိမိတို့စွမ်းနိုင်သလောက်နီးစပ်ရာသံဃာတော်တို့အားဝါဆိုသင်္ကန်းအလှူကိုတစ်ဦးတည်းဖြစ်စေမိသားစုဖြင့်ဖြစ်စေအသင်းအဖွဲဖြင့်ဖြစ်စေလှူဒါန်းကြပါလို့တိုက်တွန်းနှိုဆော်ရင်း

ဤဓမ္မစာစုလေးကိုအဆုံးသက်လိုက်ပါတယ်ဆောင်ပုဒ်စိုးရိမ်မဲ့ကင်းရွှေဆင်းရုပ်တူကိုယ်မူရောင်ထွက်နုညပ်အသားရေမပေညစ်ကြေးကြကံတွေးတောင်းတအဝတ်ရရှိဧဟိဘိက္ခုခေါ်ပြုရဟန်းကျွတ်တန်းဝင်ရကျိုးသတ္တ(ခုနှစ်ဝ)မှတ်ကြစီဝရံ(အောင်မော်စံဆရာတော်)

မှတ်ချက်ကာလအလျောက်ဝါဆိုသင်္ကန်းလှူဒါန်းရကျိုးဟုရေးဖွဲ့ထားသော်လည်းဘယ်အချိန်ဘယ်ကာလမှာသံဃာတော်တို့အားသင်္ကန်းလှူလှူအထက်ဖော်ပြပါကောင်းကျိုး(၇)မျိုးကိုရရှိသည်ဟုဓမ္မမိတ်ဆွေများမှတ်ပါလေအားလုံးသတ္တဝါဘေးရန်ကွာချမ်းသာကိုယ်စိတ်မြဲကြပါစေယထာဘူတအရှင်ခေမိန္ဒ

ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*