ဗုဒ္ဓဟူးသားသမီးများအတွက် သြဂုတ်လ တစ်လစာအထူးဟော

ဗုဒ္ဓဟူးသားသမီးများအတွက်သြဂုတ်လတစ်လစာအထူးဟောဒီလအတွင်းမှာပညာရေးနှင့်ပါတ်သက်သောကိစ္စများအထူးအောင်မြင်မည်။ပညာရပ်တစ်ဖက် တွဲဖက်လုပ်ကိုင်ရသောလုပ်ငန်းများအထူး အောင်မြင်မည်။မိတ်ဆွေဆရာသမားများအထူးချစ်ခင်အလိုလိုက်ခြင်း စောင့်ရှောက်ခြင်းအကျိုးခံစားရခြင်း ဖြစ်မည်။အကျိုးပေးသောစက်ပစ္စည်းဝင်မည်။

အကြိမ်ကြိမ်အခါခါလုပ်ဆောင်ရင်းအဆင်မပြေခဲ့သောလုပ်ငန်းဆောင်တာများ ယခုတစ်ကြိမ် လုပ်ဆောင် အောင်မြင်လိမ့်မည်။စိတ်ပိုင်းဆိုင်ရာအားဖြင့်အထူးစိတ်ချမ်းသာစွာ နေထိုင်ရမည်။ရည်ရွယ်ထားသမျှ အောင်မြင်မည်။ရည်မှန်းထားသမျှ ခရီးပေါက်မည်။ အရောင်းအဝယ်သမားများ ရောင်းပန်းဝယ်ပန်းအထူးပွင့်လန်းမည်။

လုပ်ငန်းများအထူးတိုးချဲံသင့်သောအချိန်ကာလ ဖြစ်သည်။ ပြည်တွင်း ပြည်ပခရီးစဉ်များ လွယ်ကူ ချောမောစွာ အောင်မြင်မည်။ရပ်ဝေးမြေခြားမှအဆက်အသွယ်ကောင်းများရရှိလိမ့်မည်။ဘာသာရေးနှင့်ပါတ်သက်သောအဓိဋ္ဌာန်များထူးထူးခြားခြား ပေါက်မြောက် အောင်မြင်ပါလိမ့်မည်။ ကြာသပတေးနံအင်္ဂါနံနှင့်ပါတ်သက်သော

လုပ်ငန်းဆောင်တာများထူးထွေ အောင်မြင်မည်။အထူးအားဖြင့်မိမိတို့၏သက်ကြီးရွယ်အိုမိဘများကို ကောင်းမွန်စွာ လုပ်ကိုင် ကျွေးမွေး ပြုစုနိုင်သောအချိန်ကာလ ဖြစ်သည်။အိုးအိမ် နေရာထိုင်ခင်းအသစ်ဝင်ကိန်းရှိသည်။ဝန်ထမ်းများရာထူးတိုးမည့်အချိန်ကာလ ဖြစ်သောကြောင့်ရာထူးတိုးစာမေးပွဲများရှိပါကစိတ်ရွှင်လန်းစွာ ဖြေဆိုသင့်သည်။

ကာလအတန်ကြာအရှုံးပေါ်နေသောပစ္စည်းများချက်ချင်းဆိုသလို မြတ်စွန်းသွားလိမ့်မည်။အခက်အခဲမှန်သမျှ ပြေလည်သွားလိမ့်မည်။အိမ်ထောင်ရေးနှင့်ပါတ်သက်၍အထူးသာယာမည်မိသားစု ပျော်ရွှင်ချမ်းမြေ့မည်။ငယ်ရွယ်သူများအချစ်ရေး မေတ္တာရေးအင်မတန်ကံကောင်းမည်။ မိမိတို့၏ ချစ်သူနှင့် လက်ထပ်ရန် ရည်ရွယ်ပါက အောင်မြင်မည်။

မင်္ဂလာကိစ္စ ဆောင်ရွက်ရကိန်း ရှိသည်လူကြီးမိဘသဘောတူ ကြည်ဖြူကိန်းရှိသည်။ကံဇာတာ ကောင်းမွန်နေသောကြောင့် ထီကံကောင်းပါသည်။ထီထိုးသင့်သည်။ ထီထိုးပါက(၃၅)(၅၃)အတွဲပါသောဂဏန်းကိုရှာထိုးသင့်ပါသည်။ကျန်းမာရေး အနေနှင့် ဒူးနာတတ်သည်။ရင်ဘတ်အောင့်တတ်သည်။သို့သော်စိုးရိမ်စရာမလိုပါ။ယတြာချေလိုပါက မြတ်စွာဘုရားရှင်အား စံပယ်ပန်း(၈)ကုံး လှူဒါန်း၍ လိုရာဆုတောင်းပါလေ

Be the first to comment

Leave a Reply

Your email address will not be published.


*