ဖရဲသီးစားခြင်းဖြင့် ရရှိနိုင်သောကောင်းကျိုးများ

“ဖရဲသီးမှ ရရှိသော ကျန်းမာရေး”

ဖရဲသီးဟာ အရေပြားကို အစိုဓာတ် ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝ Moisturizer ဖြစ်တာကြောင့် အသားအရေ အေးမြပြီး ကြည်လင် လန်းဆန်းစေပါတယ်။

ဖရဲသီးမှာ အမိုင်နိုအက်စစ်ဓာတ် တစ်မျိုးဖြစ်တဲ့ Citrulline ပါဝင်တာကြောင့် အရေပြားမှာ ဒဏ်ရာဖြစ်တာကို အမြန်ဆုံးသက်သာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေတာကြောင့် သင့်အသားအရေကို နုပျိုစေပါတယ်။

ဖရဲသီးမှာပါဝင်တဲ့ ဘီတာကယ်ရိုတင်းက နေရောင်ခြည်ကြောင့် အသားအရေပျက်စီးတာကို ကာကွယ်ပေးနိုင်တာကြောင့် နွေရာသီမှာ နေလောင်တာကို ကာကွယ်ဖို့ ဖရဲသီးကို စားပေးရပါတယ်။

ဖရဲသီးရဲ့ ဗီတာမင်အေ၊ ဗီတာမင်ဘီနဲ့ ဗီတာမင်စီတွေက အရေပြားပေါ်မှာရှိတဲ့ အမည်းစက်တွေကို လျော့နည်းစေပြီး အသားအရေကို ဖြူဝင်းစေပါတယ်။

အမျိုးသားများအတွက် ဆီးကျိတ်ကင်ဆာနဲ့ ပန်းသေပန်းညှိုးစတဲ့ရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အမျိုးသမီးတွေ အတွက်ကတော့ အလှတရားကို ဖန်ဆင်းပေးနိုင်တဲ့ သစ်သီးလို့ ဆိုနိုင်ပါတယ်။

ဖရဲသီးစားခြင်း၏ အကျိုးကျေးဇူးများ

ကုန်ခမ်းသွားသော စွမ်းအင်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။

ရင်သားကင်ဆာအပါအဝင် ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။

သွေးတွင်းသကြားဓာတ်များ ၊ သွေးဖိအားနဲ့နှလုံးရောဂါကို လျော့ချပေးနိုင်ပါတယ်။

မျက်စိနဲ့ အသားအရေအတွက် ကောင်းမွန်စေပါတယ်။

သွေးပေါင်တက်ခြင်းကို လျော့နည်းစေပါတယ်။

သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

အဆစ်အမြစ်ယောင်ခြင်းကို လျော့နည်းစေပါတယ်။

မှတ်ဉာဏ်ကောင်းစေပါတယ်။

ဝမ်းချုပ်တာ ကာကွယ်စေပါတယ်။

ခေါင်းကိုက်နေရင်ဖရဲသီး ဖျော်ရည်ကိုမနက်ပိုင်းဘာမှမစားရသေးခင် သောက်ပေးပါ၊

သွေးတိုးသမားတွေအတွက် ဖရဲသီးအစေ့ကို ဖျော်ရည်လုပ်ပြီး သောက်ပေးရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*