ဆိုးသွမ်းတဲ့ယောကျာ်းလေးတွေကိုမှမိန်းကလေးတွေရွေးချယ်ရတဲ့အကြောင်းရင်း

မိဘတွေကသတိပေးတားမြစ်ပေမယ့်ထိုယောကျာ်းလေးကိုမှတန်းတန်းစွဲဖြစ်နေတတ်ကျတဲ့မိန်းကလေးတွေရှိပါတယ်။သုတေသနပြုချက်များအရမိန်းကလေးတစ်ယောက်ဟာဆိုးသွမ်းပြီးသူကိုအမြဲဒုက္ခပေးနိုင်တဲ့ယောကျာ်းလေးကိုမှဘာလို့ရွေးချယ်ရလည်းဆိုတဲ့အကြောင်းရင်းကိုဖော်ပြပေးလိုက်ပါတယ်။
မိန်းကလေးရဲ့အချစ်ကိုရရမယ်လို့ယုံကြည်မှုအပြည့်ရှိတဲ့အမျိုးသား

© The Ugly Truth / Relativity Media

အမျိုးသားတစ်ဦးဟာမိမိကိုယ်ကိုယုံကြည်မှုနည်းပါးနေမယ်ဆိုပါကမိန်းကလေးတစ်ယောက်ကိုဆွဲဆောင်နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ထိုအချက်အရသင်သာယုံကြည့်မှုအပြည့်ရှိနေမယ်ဆိုပါက သူမရဲ့အကြိုက်တွေနဲ့စိတ်ခံစားချက်တွေကိုထပ်တူမြင်နိုင်မှာဖြစ်ပါတယ်။

ဆိုးသွမ်းသောယောကျာ်းလေးရဲ့ပင်ကိုယ်စရိုက်ဟာဆွဲဆောင်မှုရှိခြင်း

© Crazy, Stupid, Love / Warnerbros

ထိုအမျိုးသားတွေရဲ့ရိုးရှင်းလှတဲ့ပင်ကိုယ်စရိုက်ကတော့သူတို့ကဘာကိုမှဂရုမစိုက်တာပါဘဲ။ပြီးတော့သူတို့မှာလိုက်နာရမယ့်ဘာကျင့်ဝတ်စဉ်းကမ်းမှမရှိပါဘူး။သူတို့ဟာကိုယ်ပိုင်စည်းကမ်းတွေကိုဘဲလိုက်နာကာ အမြဲဆန်ကျင့်ဘက်နေရတာကြိုက်သူတွေပါ။ဒါပေမယ့်ထိုအမျိုးသားများဟာအရမ်းတော့ချစ်တတ်ကြပြီး မိန်းကလေးတစ်ယောက်ကိုလည်းဘယ်လိုချုပ်ရမလဲဆိုတာကောင်းကောင်းသိပါတယ်။

မိန်းကလေးတွေဟာစွန့်စားရတာနဲ့ပျော်စရာတွေကိုနှစ်သက်ခြင်း

© A Walk to Remamber / Pandora Cinema

ဆိုးသွမ်းတဲ့ကောင်းလေးကိုမှချစ်ရတဲ့နောက်ထပ်အချက်တစ်ခုကတော့မိန်းကလေးတွေဟာစွန့်စားရတာနဲ့စိတ်လှုပ်ရှားစရာတွေကိုနှစ်သက်ကြလို့ဘဲဖြစ်ပါတယ်။ဒါဆိုရင်မဆိုးသွမ်းဘဲနေတဲ့အမျိုးသားတစ်ဦးကရော မိန်းမချောတစ်ယောက်နဲ့မသင့်တော်ဘူးလားဆိုတော့ မဟုတ်ပါဘူး။ဒါပေမယ့်သူတို့မှာတော့ စွန့်စားရတဲ့အတွေ့အကြုံကိုတော့အပြည့်အဝရနိုင်မှာမဟုတ်ပါဘူး။

မိန်းကလေးတွေဟာသူတို့ကိုအပြည့်အဝကာကွယ်ပေးတာကိုနှစ်သက်ခြင်း

© The Fate of the Furious / Universalpictures

မိန်းကလေးတွေဟာအခြားသူတွေထက်ဆိုးသွမ်းတဲ့ကောင်လေးတွေကိုမှရွေးရတဲ့နောက်ထပ်ကြောင်းကတော့ ယောကျာ်းတစ်ယောက်လို့သန်မာရဲရင့်သူဟာသူတို့ကိုအပြည့်အဝကာကွယ်နိုင်မယ်လို့ယုံကြည်လို့ပါ။မိန်းကလေးတွေဟာအမြဲတမ်းသူတို့ကိုတစ်ယောက်ယောက်ကများတစ်ခုခုလုပ်ကြံမလားဆိုကြာအမြဲကြောက်ရွံ့နေတတ်ကာ သူတို့ကိုကာကွယ်နိုင်မယ့်သူကိုအားကိုးရှာတတ်ကြပါတယ်။ဒါကြောင့်မို့ရဲရင့်ပြီးသတ္တိရှိတဲ့ယောကျာ်းလေးတွေဟာသူတို့ဘဝအတွက်လုံခြုံတယ်လို့ယုံကြည်ကျတာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*