ကြာသပတေးသားသမီးများ‌အတွက်ဒီလအတွင်းမှာသင့်အတွက် တစ်လစာအထူးဟော

ကြာသပတေးသားသမီးများအတွက်ဒီလအတွင်းမှာသင့်အတွက်ကံဇာတာကတော့မိသားစုအလုပ်အကိုင်စီးပွားရေးတွေ ထူးထူးခြားခြားတိုးတက်လာမည်။ အိုးအိမ်ကိစ္စ နေရာထိုင်ခင်းကိစ္စ တွေမှာလည်းထူးထူးခြားခြားတိုးတက် အောင်မြင်ခြင်းမိသားစုရည်ရွယ်ချက်ရည်မှန်းချက်များ ပြည့်၀ အောင်မြင်မှု့ရရှိမည်။

အလုပ်အကိုင်နှင့်ပါတ်သက်၍ မြောက်အရပ်အရှေ့မြောက်အရပ်တွေမှာအခွင့်အရေးအခွင့်အလန်းများရှာဖွေသင့်သည်။ ထိုအရပ်ဒေသများတွင် အောင်မြင်မှု့ ရရှိနိုင်သည်။မိမိနေအိမ်သို့အသက်အရွယ် ကြီးရင့်သောရဟန်းသံဃာတော်တစ်ပါး ထူးထူးခြားခြား ကြွရောက်လာမည်။

အလွန်ကောင်းသော နိမိတ်ဖြစ်သောကြောင့်သင့်အနေနှင့်တတ်နိုင်သလောက် အလှူဒါန ပြုအပ်ပေသည်။ မိမိတို့အတွက် အလုပ်တွင်အကြီးအကဲများ၏ကူညီပံ့ပို့ပေးခြင်းချစ်ခင် စောင့်ရှောက်ခြင်းများရရှိမည်။သင်သည်ဝန်ထမ်းဖြစ်ပါကဝန်ထမ်းအလုပ်တွင်ပစ်စာတိုင်စာခံရတတ်သည်။

အမှု့အခင်း ပြဿနာများ ဖြေရှင်းစရာများကြုံရတတ်ပေရာအထူးသတိထားသင့်သည်။အထူးအားဖြင့် မိမိ၏လက်အောက်ငယ်သားများ၏ တော်လှန်ပုန်ကန်ခြင်းခံရတတ်ပါတယ်။ ပြန်လည်အာခံခြင်း ကြုံရတတ်ပါတယ်။ကားမောင်းဆိုင်ကယ်မောင်းတာတွေကိုလည်း ဂရုစိုက်သင့်၏။အသက်ကိုမထိခိုက်သည့်တိုင်အောင်ယဉ်အန္တရယ် ဖြစ်တတ်၏။

ဤအချိန်ကာလတွင်သင်သည်မည်သူတစ်စုံတစ်ယောက်ကိုမျှယုံကြည်ခြင်းမပြုအပ်ပေ။လူယုံကဒုက္ခပေးခြင်း ခံရတတ်သည်။ ငွေကြေးကိစ္စများနှင့် ပါတ်သက်၍ ဖြေရှင်းရတတ်သောကြောင့် ချေးငှားခြင်းအာမခံခြင်းမပြုသင့်၊ ရှောင်ကြည်သင့်၏။ မျက်လုံးပျက်သောသူမျက်စိစွေသောသူဒုက္ခပေးခြင်းခံရတတ်တယ်။ လူမှုရေး ပြဿနာ များတတ်သည်။

ကျန်းမာရေး အနေနှင့်ကတော့ဆီးပူညောင်းကျ ဖြစ်ခြင်းဆီးအောင့်ခြင်း မျက်စိနာခြင်းမျက်မှန်ပါဝါတိုးရခြင်း ဖြစ်တတ်ပါတယ်။ ဆေးထိုးဆေးသောက် မှားတတ်သည်။ လောင်းကစားလုပ်ငန်းများ ဖြတ်လမ်းစီးပွားရေးများလုံးဝမပြုလုပ်သင့်ဘဝပျက်သည့်အထိဒုက္ခဖြစ်တတ်သည်။ထီထိုးခြင်းကို ဝါသနာပါပါက(၁၆) (၆၁) ပါသောထီအတွဲကိုထိုးပါ။

အိမ်ထောင်ရှိသူများအတွက် အိမ်ထောင်ရေး ကံကြမ္မာ အကောင်းဘက်မှာ ရှိပါတယ်။သာယာခြင်းအဆင်ပြေခြင်းချမ်းမြေ့ခြင်းများရရှိမည်။လူငယ်များအတွက်အချစ်ရေး ရှုပ်ထွေးမည်ကြားလူအနှောင့်အယှက် ပြုခြင်းခံရတတ်သည်။ ကြားလေသွေးလေ ဝေးရတတ်သည်။သင်၏ကံဇာတာအညံ့အခိုက်များ ပြေပျောက်စေပြီး ကောင်းကျိုးများ ပြည့်စုံစေရန်အတွက်သံဃာတော်တို့အား သတ်သတ်လွတ် ဟင်းလျာ လှူဒါန်းပါခရစ်တစ်

Be the first to comment

Leave a Reply

Your email address will not be published.


*