အမေဇုန်မြစ်ကြီးမှာ ဘာကြောင့် တံတားမရှိရတာလဲ …..

မိုင်ပေါင်း ၄၃၀၀ ရှည်လျားပြပီး ကွေ့ဝိုက်စီးဆင်းနေတဲ့ အမေဇုန် မြစ်မှာ တံတားမရှိပါဘူးတဲ့

အမေဇုန်မြစ်က ကမ္ဘာ့ ဒုတိယအရှည်ဆုံးမြစ်ဖြစ်ပြီး ထင်ရှားတဲ့ ရေစီးဆင်းမှုပုံစံထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ရေချိုပမာဏပါဝင်မှုများတဲ့အပြင် ကမ္ဘာ့အကြီးဆုံးမျိုးစိတ်တွေဖြစ်တဲ့ မြစ်လင်းပိုင်တွေ နေထိုင်ရာ အရပ်ဖြစ်တဲ့အပြင် လျှပ်စစ်ဓာတ်ထုတ်လွှတ်နိုင်တဲ့ ငါး မျိုးစိတ် ၁၀၀ ၊ပီရားနား ငါးမျိုးစိတ် ၆၀ ထိကို ရှိနေပါတယ်။
အမေဇုန်ဟာ ပီရူး ကိုလမ်ဘီယာနဲ့ ဘရာဇီးလ် သုံးနိုင်ငံကို ဖြတ်စီးနေပြီး မြစ်ကမ်းပါးမှာ လူပေါင်း သန်း ၃၀ ခန့် နေထိုင်ကြပါတယ်

ဒီလိုမြစ်ကိုမှ ဘာလို တံတားမဆောက်ကြတာလဲ
ဆောက်လုပ်ဖို သဘဝပတ်ဝန်းကျင်အခက်အခဲရှိလိုလား
ငွေရေးကြေးရေးကြောင့်လား
ဒါမှမဟုတ် အားစိုက်မထုတ်ချင်ကြတာလား …..

Experts Reveal Why There Are No Bridges in the Amazon River | Nature World News
credit image

အမေဇုန်ရဲ့တမူထူးခြားပုံများ

ကမ္ဘာ့လူသိများဆုံး တံတားတချိုနဲ့ ယှဉ်ရင် အမေဇုန်မြစ်မှာ တံတားမရှိတာဟာ ထူးခြားလွန်းနေပါတယ်။အမေဇုန်မြစ်ရဲ့ သုံးပုံတစ်ပုံသာရှိတဲ့ ဥရောပရဲ့ ဒါနူဘီ မြစ်တောင် တံတာ ၁၃၃ စင်းရှိပါတယ်
ဒါဆို အမေဇုန်က ဘာများဖြစ်တာလဲ ….
မြစ်ကြောင်းတစ်လျောက် လူဦးရေ ကျဲပါးလှတာကြောင့် တံတားတွေနဲ့ ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးလည်း အနည်းငယ်သာရှိပါတယ် ။
လူတွေဟာ မြို့အချင်းချင်း မြစ်ကမ်း တစ်ဖက်နဲ့ တစ်ဖက် ကူးလူးသွားလာဖို့ လှေတွေ ဖယ်ရီတွေကို အသုံးပြုကြ ပါတယ်။

ဒါကြောင့် ခရီးသွားလာမှုကို နည်းနည်းပါးပါးမြန်ဆန်စေတာကလွဲလို့ တခြားတံတားဆောက်ဖို့အတွက် တကယ်လိုအပ်မယ့် အကြောင်းရင်းမျိုးရှိမနေပါဘူး
” အဲဒါတွေအပြင် နည်းပညာနဲ့ ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲတွေလည်း ရှိသေးတာပေါ့ ” လို့ ကူဖ်မန်ဝေါ်လ်တာ တံတားဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဌကပြောကြားခဲ့ပါတယ်။

credit image

သူ့ရဲ့ ပြောကြားချက်အရ အမေဇုန်ဟာ တံတားတည်ဆောက်သူတွေရဲ့ မျက်စိကျတဲ့နေရာရဲ့ အဝေးမှာရှိနေပြီး သူ့မှာ အင်ဂျင်နီယာတွေ ဆောက်လုပ်ရေး လုပ်သားတွေ ကျော်လွှားရမယ့် အတားအဆီးတွေ အများကြီး ရှိပါတယ်တဲ့
ဥပမာ – ရွံ့နွံတောတွေ မြေပျော့တွေ – အရမ်းနက်တဲ့ ဖောင်ဒေးရှင်လိုမယ့်မြေတွေပေါ့
ပြီးတော့ ရာသီအလိုက် မြစ်ကြောင်းပြောင်းတာကြောင့် ရေအနက်ကွာခြားချက်တွေကလည်း ဆောက်လုပ်ရေးလုပ်ငန်းကို အရမ်း အားစိုက်ရစေပါတယ် ။

သေချာတာကတော့ အမေဇုန်က သဘာ၀ပတ်ဝန်းကျင်က တံတားဆောက်ဖို့ အခက်ခဲဆုံး ပါပဲ။ ရေလက်ကြားကိုဖြတ်ပြီး တံတားဆောက်ဖို့ဆိုတာ ရေတော်တော် နက်နေမယ်ဆိုရင်တော့ တကယ့် စိန်ခေါ်မှုတစ်ရပ်ပါ ဒါပေမယ့် အနည်းဆုံးတော့ အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဥပမာအားဖြင့် ဆိပ်ခံဗောလိုမျိုး အသုံးပြုပြီး ဆောက်ရင်တော့ ရနိုင်ပါတယ်လို့ ကူဖ်မန်းက ပြောခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် အမေဇုန်မြစ်ဟာ ခြောက်သွေ့ရာသီမှာဆို နှစ်မိုင်ကနေ ခြောက်မိုင် ကြား မိုးရာသီဖြစ်တဲ့ ဒီဇင်ဘာကနေ ဧပရယ်ထိဆို မိုင် ၃၀ထိကျယ်ပြီး ရေအနက်အားဖြင့် ခြောက်သွေ့ရာသီထက် ပေ ၅၀ မြင့်တက်နိုင်ပါတယ်။
” ဒီစိန်ခေါ်မှုက အရမ်းထူးခြားမှာ ” လို့လည်း ကူဖ်မန်းက ပြောခဲ့ပါသေးတယ်
ဒါကြောင့် အမေဇုန်ကို ဖြတ်ပြီး တံတားဆောက်ဖို့ ချက်ချင်း မလိုသေးပေမယ့် တံတားတစ်စင်းလောက် ထိုးဖို့ကတော့ စဉ်းစားရပါလိမ့်မယ် ။

credit image

အမေဇုန်မြစ်မှာ တံတားမရှိပေမယ့် သူ့ရ​ဲ့ အဓိက မြစ်လက်တက်ဖြစ်တဲ့ နီဂရိုး မြစ်မှာတော့ ၂၀၁၁မှာဆောက်လုပ်ပြီးစီးခဲ့တဲ့ ပွန်တီ ရီယိုနီဂရိုအမည်ရ တံတားတစ်စင်းတော့ရှိပါတယ်။ အဲဒီတံတားဟာ မာနာရက်စ်နဲ့ အီရန်ဒူဘူကို ဆက်သွယ်ထားတာပါ ။
၂၀၁၉ ဘရာဇီးလ်ရဲ့ သမ္မတ ဂျာရ် ဘော်ဆန်နာရိုက အမေဇုန်မှာ သူ့ရဲ့ ရိုယိုဘရန်ကို ပရောဂျက် တစ်စိတ်တစ်ပိုင်းအနေနဲ့ တံတားတစ်စင်း ဆောက်ချင်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ခုထိတော့ တိုးတက်မှု မရှိသေးပါဘူး ။

” တံတားကို ဆောက်ရတဲ့ ကုန်ကျစရိတ်နဲ့ ပြန်ရမယ့် စီးပွားရေး အကျိုးအမြတ်က အရမ်းကွာတယ်လို့ ” ဖန်ဆိုဒ်က ရေးသားခဲ့ပါတယ်
ပွန်တီ ရီယိုနီဂရို ဆောက်လုပ်အပြီးမှာ ဆိုလီမို့စ်မြစ်ကို ဖြတ်ပြီး မာနာရက်စ်နဲ့ ဘီအာ ၃၁၉ အဝေးပြေးလမ်းကို ဆက်မယ့် တံတားဆောက်ဖို့ အစီစဉ်တွေရေးဆွဲခဲ့ပါတယ်
ဘီအာ ၃၁၉က နိုင်ငံရေး ဦးစားပေးထဲပါပါတယ် ဒါပေမယ့်လို့ စီးပွားရေအရတော့ သိပ်အကျိုးမရှိဘူးလို့ ဖန်ဆိုဒ်က ပြောခဲ့ပါတယ်
မာနာရက်စ် ကုန်သွယ်ရေးဇုန်ကနေ ဆော်ပေါ်လိုကို ရေကြောင်းနဲ့ ပစ္စည်းပို့တာက ပိုပြီး စျေးသက်သာပါတယ်တဲ့
ဒါကြောင့် မဝေးတော့တဲ့ အနာဂတ်မှာအမေဇုန် မြစ်ကို ဖြတ်ပြီး တံတားဆောက်ဖို့ အခွင့်အရေး ရှိနိုင်ပါ့မလား ……

credit photo

ကူဖ်မန်းကတော့ တံတားတစ်စင်းဟာ ကုန်ကျစရိတ်တွေ အခက်အခဲတွေထပ် အမှတ်တကယ်လိုအပ်မှသာ တည်ဆောက်ရလိမ့်မယ် ထင်တယ်လို့ ပြောခဲ့ပါတယ်
ကျွန်တော် ကိုယ်တိုင်ရဲ့ အမြင်ကတော့ ဒီဒေသရဲ့ မမြင်ရတဲ့ စီးပွားရေးတိးတက်မှုတွေ ဖြစ်လာရင် ဒါဟာ မကြာခင် ဖြစ်လာနိုင်လိမ့်မယ်လို့တော့ သံသယစိတ်လေးရှိပါတယ်။ကဲ ပရိသတ်ကြီးတို့လည်း ဒီဆောင်းပါးလေးကို ဖတ်ပြီး အမေဇုန်မြစ်ကြီးနဲ့ ပတ်သက်လို့ ဗဟုသုတတွေ အများကြီးရသွားဖို့ မျှော်လင့်မိပါတယ်…..

 

Be the first to comment

Leave a Reply

Your email address will not be published.


*