အန္တာတိကတိုက် အကြောင်း သိထားသင့်တဲ့ အချက် (၁၀)ချက်

သင်ဟာ အေးမြတဲ့ရာသီဥတုမှာ နေထိုင်တဲ့သူဆိုရင် အီကွေတာနဲ့နီးတဲ့လူတွေရဲ့ ဝေဖန်မှုကို အသားကျနေမှာပါ။ အဓိက စံနှုန်းတွေဖြစ်တဲ့ ရာသီဥတုလေးခုလုံးကို သဘောကျတာတို့ အေးတာကို ပူတာထက် ပိုကြိုက်တယ်တို့ ဆောင်းဦးက လှတယ်တို့ အစရှိတဲ့ အရာတွေပေါ့။
အဲဒီထဲကို အနည်းဆုံးတော့ အန္တာတိကလို မဟုတ်ဘူးပေါ့ ဆိုတဲ့ အချက်ကို ထပ်ပြီးထည့်သင့်ပါတယ်။ အခုဆိုရင်တော့ သင့်ကို ကြီးမား ပူနွေးလှတဲ့မြို့မှာ နေရသလို ခံစားရစေမယ့် အန္တာတိက နဲ့ပတ်သက်တဲ့ အချက်ဆယ်ချက်ကို ဗဟုသုတအဖြစ် အခုတစ်ခေါက်ဆောင်းပါးလေးမှာ တင်ဆက်ပေးလိုက်ပါရစေ

(၁)

အန္တာတိကဟာ ၅.၅မီလီယျံ စတုရန်းမိုင်ကျယ်ဝန်းပြီး ၉၈ ရာခိုင်နှုန်းက ရေခဲတွေနဲ့ ဖုံးလွှမ်းနေကာ တောင်သမုဒ္ဒရာကြီး က အလုံးစုံဝိုင်းရံထားပါတယ်။ ကြီးမားရှည်လျားတဲ့ တောင်တန်းကြီးက အန္တာတိကကို တောင်ဝင်ရိုးစွန်းပါဝင်တဲ့ ကြီးမားတဲ့ အရှေ့ပိုင်းနဲ့ တောင်အမေရိကဘက်ကို ထိုးထွက်နေတဲ့ နွေးထွေးတဲ့ အန္တာတစ်ကျွန်းဆွယ်ပါဝင်တဲ့ သေးငယ်တဲ့ အနောက်ပိုင်း ဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။

credit photo

(၂)

အန္တာတိကဟာ ရေခဲတွေ ဖုံးအုပ်နေရုံတင်မဟုတ်ပါဘူး ရေခဲထုကလည်း ၁.၂ မိုင်အထူရှိပါတယ်။ ရလဒ်အနေနဲ့ကတော့ ကမ္ဘာကြီးရဲ့ ရေခဲထု ၉၀ရာခိုင်နှုန်းက အန္တာတိကမှာ ရှိနေပြီး ဒီရေခဲတွေသာ အရည်ပျော်သွားမယ်ဆိုရင် ကမ္ဘာကြီးရဲ့ ပင်လယ်ရေမျက်နှာပြင်က ပေ ၂၀၀ထိ ကို မြင့်တက်လာပါလိမ့်မယ်

(၃)

တိုက်တွေထဲမှာ အန္တာတိကတိုက်က အအေးဆုံးနဲ့ လေအထန်ဆုံးပါ။ အမြင့်ပေ ပျှမ်းမျှ ပင်လယ်ရေမျက်နှာပြင်အထက် ပေ၈၂၀၀ ရှိနေပါတယ်။ အံ့ဩစရာအကောင်းဆုံးကတော့ သူဟာ တိုက်ကြီးတွေထဲမှာ အခြောက်သွေ့ဆုံး တိုက်တစ်ခုပါ။ နယ်မြေအများစုက ပိုလာတွေ ကျက်စားရာနေရာတွေဖြစ်ပါတယ်

credit photo

(၄)

ရာသီဥတု ပြင်းထန်တဲ့ တချို့ အခြေအနေတွေရှိပေမယ့်လည်း အန္တာတိကနဲ့ ပတ်ဝန်းကျင်က ရေတွေဟာ လုံးလုံးတော့ သက်ရှိတွေကို မဖော်ရွေတာမျိုးတော့ မဟုတ်ပါဘူး ။ နှစ်တိုင်း အချိန်ပေါ်မူတည်ပြီး ဝေလငါးတွေ ငါးတွေ ပုစွန်ဆိတ်တွေ ဖျံတွေ ပင်လယ်ငှက်မျိုးစုံနဲ့ ပင်ဂွင်းတွေကို သင်မြင်နိုင်ပါတယ်။ အပင်တွေအတွက်လည်း အိမ်တစ်ခုဖြစ်သလို သေးငယ်တဲ့ အဏုဇီ၀ သက်ရှိလေးတွေများစွာလည်း နေထိုင်ကြပါတယ်

(၅)

အန္တာတိကကို ခြေချဖို့ ပထမဆုံး လူသားတွေ တွေးခဲ့တာက ၁၈၂၁ မှာပါ ။ ကွန်နက်တီကုတ် က ပင်လယ်မုဆိုး တစ်ယောက်ဖြစ်တဲ့ ဂျွန်ဒါဗစ် ပဲဖြစ်ပါတယ်။ အရင်တုန်းကတော့ ဘယ်လူသားမှ မရောက်ရှိခဲ့ဖူးပါဘူး

credit photo

(၆)

၁၉၁၁ မှာ နော်ဝေနိုင်ငံသား ရော့လ်ဒ် အာမန်ဆန်နဲ့ သူ့အဖွဲ့တွေက တောင်ဝင်ရိုးစွန်းကို ပထမဆုံးခြေချတဲ့ လူတွေဖြစ်လာပါတယ်။နော်ဝေဟာ အန္တာတိက မှာ နယ်မြေပိုင်ဆိုင်တယ်လို့ ထုတ်ပြန်ခဲ့တဲ့ ၇ နိုင်ငံထဲက တစ်နိုင်ငံပါ ။ အဲဒီထဲက ဘယ်နိုင်ငံမှတော့ အသိအမှတ်ပြုခြင်း မခံခဲ့ရပါဘူး

(၇)

၁၉၅၉ မှာ အန္တာတိက သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၂ နိုင်ငံက ချုပ်ဆိုခဲ့ပါတယ်။ ဒီတိုက်ကြီးကို နယ်မြေသစ်တောင်းဆိုမှုတွေ စစ်ရေး လှုပ်ရှားမှုတွေကနေ ကင်းလွတ်ဖို့ သဘောတူညီပြီး သိပ္ပံပညာရပ်နဲ့ ပတ်သက်တဲ့ သုတေသနတွေ အတွက်သာ လေ့လာဖို့ ထားရှိခဲ့ပါတယ်။ ၂၀၂၁ မှာတော့ သဘောတူစာချုပ်မှာ ၅၄ ပါတီ ပါဝင်နေပါပြီ

credit photo

(၈)

အန္တာတိကရဲ့ နေထိုင်သူဦးရေဟာ နွေရာသီမှာဆို ၅၀၀၀ ခန့်ရှိပြီး ဆောင်းရာသီမှာတော့ ၁၀၀၀ သာရှိပါတယ်။ ဒီလူတွေကလည်း သုတေသန ဌာနတွေက ခန့်အပ်ထားတဲ့သူအများစုဖြစ်ပြီး ကျွန်တော်တို့ လိုလူတွေ ကော်ဖီဆိုင်မှာထိုင်ပြီး အန္တာတိကရဲ့ အချက်အလက်တွေကို ပြန်လည် မျှဝေနိုင်အောင် လုပ်ပေးတဲ့ သူတွေပါ ။ အကြီးမားဆုံး အဆောက်အအုံကတော့ ယူအက်စ်က ဖွင့်လှစ်ထားတဲ့ မက်မာဒိုဌာနပါ

(၉)

အန္တာတိကတိုက်ဟာ ကမ္ဘာ့အန္တရာယ်အများဆုံး မတော်တဆမှုတွေ ဖြစ်ပွားတဲ့ နေရာတစ်ခုပါ ။ ၁၉၇၉ မှာ နယူးဇီလန် လေယာဉ်က အောက်ကိုဆင်းသက်ခြင်းမရှိဘဲ ရှုခင်းတွေကိုပြသရာကနေ အဲရီဘတ်စ်တောင်နဲ့ တိုက်မိပြီး ခရီးသည် ၂၅၇ဦးနဲ့ လေယာဉ်ပါ ဝန်ထမ်းတွေ သေဆုံးခဲ့ရပါတယ်

credit photo

(၁၀)

တိုက်ကြီးဟာ နှစ်ဝက်ကြာအောင် နေနဲ့ မျက်နှာချင်းဆိုင်နေတဲ့အတွက် နေ့အလင်းရောင်ကို ဆက်တိုက်နီးပါး ရရှိပါတယ်။ နောက်ကျန်တဲ့ နှစ်ဝက်ကတော့ နေက ဝေးသွားတာကြောင့် ဆက်တိုက် မှောင်မဲနေမှာပါ ။ ဒါကြောင့်ပဲ တောင်ဘက် အလင်းတန်း (အော်ရိုရာ အော်စတရယ်လစ်) လို့ခေါ်တဲ့ အလင်းတန်းတွေ ဖြစ်လာတာပါ။ နေကနေ ထွက်လာတဲ့ လျှပ်စစ်စွမ်းအင်ပါတဲ့ အမှုန်လေးတွေဟာ တောင်ဝင်ရိုးစွန်းရဲ့ သံလိုက်စက်ကွင်းဆီကို သွားပါတယ်။ ပြီးတော့ကမ္ဘာ့လေထုထဲက အောက်စီဂျင် နိုက်ထရိုဂျင်နဲ့ ပေါင်းစပ်ပြီး အလင်းတန်း တွေ ကို ဖန်တီးပေးပါတယ်။
နောက်ဆုံး သိထားရမှာက တောင်ဝင်ရိုးစွန်းရဲ့ ဆောင်းရာသီ ပျှမ်းမျှ အပူချိန်က -၇၆ ဒီဂရီဖာရင်ဟိုက် ရှိပြီး အရမ်းကို အေးလွန်းပါတယ်။ မြောက်ဝင်ရိုးစွန်းကတော့ -၄၀ ဒီဂရီပဲရှိတာပါတဲ့
ကဲ ဒါလေး ဖတ်ပြီး ပရိသတ်ကြီးတို့ရော ဘယ်ကို သွားချင်ကြလဲ
တောင်ဝင်ရိုးစွန်းရှိတဲ့ အန္တာတိကလား မြောက်ဝင်ရိုးစွန်းကို သွားမှာလား ဖြေသွားပေးကြဦးနော်

Be the first to comment

Leave a Reply

Your email address will not be published.


*