အင်တာနက်ပေါ်က ပထမဦးဆုံးဓာတ်ပုံ

၁၉ရာစုအစောပိုင်းကာလတွေတုန်းကWorld Wide Web လို့ခေါ်တဲ့ကျွန်တော်တို့အင်တာနက်ကြီးဟာသက်တမ်းအလွန်နုသေးပြီး European Organization for Nuclear Research (CERN) အဖွဲ့ကြီးကနေပေါက်ဖွားလာတဲ့ အမျိုးသမီးအဖွဲ့တစ်ခုဟာထိုWorld Wide Web လို့ခေါ်တဲ့ WWWအဖွဲ့အစည်းနဲ့ HEP (High Energy Physic) ရဲ့ပွဲအခမ်းအနားတွေမှာဖျော်ဖြေရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

credit photo

ထိုအမျိုးသမီးတွေဟာသူတို့ကိုသူတို့ “Les Horribles Cernettes” လို့အမည်ပေးထားပြီးအဓိပ္ပါယ်ပြန်ဆိုလိုက်ပါကကြောက်စရာကောင်းတဲ့ CERN မိန်းကလေးများလို့အဓိပ္ပါယ်ရပါတယ်။CREN ကတော့ဥရောပအဏုမြူသုတေသနအဖွဲ့တစ်ခုရဲ့နာမည်ဖြစ်ပါတယ်။သူတို့အဖွဲ့ဟာ colliders, antimatter, Higgs bosonနဲ့cosmic raysစတဲ့သီချင်းများစွာကိုသီဆိုဖျော်ဖြေခဲ့ကြပါတယ်။

credit photo

သူတို့အဖွဲ့ဖြစ်ပေါ်လာခဲ့ပုံကတော့၁၉၉၀ခုနှစ်မှာCERN မှဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့Michele de Gennaroဟာရုပဗေဒပညာရှင်တစ်ဦးဖြစ်တဲ့သူ့ရဲ့ချစ်သူကောင်လေးရဲ့ပြောင်းလဲနေမှုတွေအပေါ်ခံစားနေရတာတွေကိုထုတ်ဖော်ချင်တာကြောင့်CERN ရဲ့ Hardronic ပွဲတော်မှာ သူရဲ့အထီးကျန်လှတဲ့ညတွေအကြောင်းကိုစင်ပေါ်တက်ကာသီချင်းသီဆိုခဲ့ပါတယ်။သူမဟာသူ့ရဲ့သီချင်းကိုရေးပေးတဲ့သူငယ်ချင်းဖြစ်သူကိုအတူတူသီချင်းတွဲဆိုပေးဖို့စင်မြင့်ပေါ်ကိုဖိတ်ခေါ်ခဲ့ပြီးထိုအချိန်ကနေစတင်ကာ “Les Horribles Cernettes” အဖွဲ့ပေါ်ပေါက်လာခဲ့ပါတယ်။

credit photo

သူတို့ရဲ့ပထမဆုံးသီချင်းနာမည်ကတော့ Colliderဘဲဖြစ်ပါတယ်။၁၉၉၂ခုနှစ် CERN Hardronic ပွဲတော်ကြီးအပြီးမှာတော့ CERNနဲ့တွဲဖက်လုပ်ကိုင်နေသော World Wide Web ကိုတည်ထောင်သူတစ်ဦးဖြစ်တဲ့ Tim Berners-Lee ဟာ “Les Horribles Cernettes” အဖွဲ့မှ Silvano de Gennaro ဆိုသူအား သူတီထွင်တဲ့ World Wide Webထဲမှာထည့်သွင်းမို့သူတို့အဖွဲ့ရဲ့ဓာတ်ပုံကိုတောင်းဆိုခဲ့ပါတယ်။ထိုဓာတ်ပုံဟာဝက်ဆိုဒ်ပေါ်မှာပထမဆုံးထုတ်ဝေတာနဲ့Browerကနေပထမဦးဆုံးဝင်ရောက်ကြည့်ရှုလို့ရတဲ့ဓာတ်ပုံတစ်ပုံဖြစ်ခဲ့ပါတယ်။

credit photo

သူတို့အဖွဲ့ဟာအောင်မြင်မှုတွေဆက်တိုက်တိုးတက်လာခဲ့ပြီးအပြည်ပြည်ဆိုင်ရာရူဗဗေဒကွန်ဖရန့်ပွဲတွေThe World’92 Expo ပွဲတွေနဲ့ နိုဗယ်ဆုချီးမြင့်တဲ့အခမ်းအနားတွေကပါသူတို့ကိုဖိတ်ကြားခဲ့ပါတယ်။သူတို့အဖွဲ့ဟာthe New York Times,The Herald Tribune, La Tribune de Genèveနဲ့the CERN Courierစတဲ့သတင်းစာတွေရဲ့ခေါင်ကြီးပိုင်းတွေကိုလည်းလွှမ်းမိုးနိုင်ခဲ့ပါတယ်။သူတို့အဖွဲ့ဟာပြီးခဲ့တဲ့နှစ်၃၀လောက်အထိကိုဖျော်ဖြေခဲ့ကြပြီးလူတွေကတော့အပြောင်းအလဲတွေပြုလုပ်ခဲ့ကြပါတယ်။

credit photo

Writer-Bright News

Be the first to comment

Leave a Reply

Your email address will not be published.


*