လွယ်ကူစွာ ဝင်ရောက်ဖို့ မဖြစ်နိုင်တဲ့ ကမ္ဘာပေါ်က လုံခြုံရေးအမြင့်ဆုံး နေရာများ

ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေပေါ်မှာ အရမ်းကိုခက်ခဲပြီး မဖြစ်နိုင်တဲ့ အရာတွေ များစွာရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှကို ဝင်ရောက်နိုင်ဖို့ မဖြစ်နိုင်တဲ့ ကမ္ဘာပေါ်က လုံခြုံရေးအမြင့်ဆုံး နေရာမျိုးတွေဖြစ်ပါတယ်။ ထိုနေရာတွေက ပရိသတ်တွေအတွက် ဘာတွေကို စိတ်ဝင်စားမှုပေးနိုင်မလဲဆိုတာကို အောက်မှာဖော်ပြထားတဲ့ စာလေးတွေကို အဆုံးထိဖတ်ကြည့်လိုက်ရအောင်။

(၁) နော်ဝေးနိုင်ငံ ၊ Svalbard က တစ်ကမ္ဘာလုံးမှာရှိတဲ့ အစေ့တွေကိုသိုလှောင်ထားတဲ့နေရာ


Svalbard Global Seed Vault ကိုတော့ ၂၀၀၈ ခုနှစ်မှာ Spitzbergen ကျွန်း၌ ဖွင့်လှစ်ခဲ့ပါတယ်။ ထိုသိုလှောင်ရုံကြီးမှာတော့ မျိုးစေ့နမူနာပေါင်းသန်း ၂၅၀ ရှိပါတယ်။ လူသားများအတွက် ဘယ်အပင်ကိုမဆို ပြန်လည်စိုက်ပျိုးနိုင်ရန် ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်။ ကျွန်းတွေကတော့ မျိုးစေ့သိုလှောင်ရန်အတွက် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငလျင်နဲ့ထိတွေ့မှုမရှိခြင်း နှင့် ပင်လယ်ရေမျက်နှာပြင်အထက် တွင်တည်ရှိသောကြောင့်ဖြစ်ပါတယ်။

(၂) Sealand က HavenCo ကုမ္မဏီ

ထို ဒေတာစင်တာကြီးကိုတော့ ၂၀၀၀ ခုနှစ်တွင် Sealand ၌ဖွင့်လှစ်ခဲ့ပါတယ်။ ထိုနေရာကိုတော့ ၂၀၀၈ ခုနစ်တွင် ခဏပိတ်လိုက်ရပြီး  ၂၀၁၃ မှာတော့ ပြန်လည်ဖွင့်နိုင်ခဲ့ပါတယ်။

(၃) ဆွီဒင်နိုင်ငံရဲ့မြို့တော် စတော့ဟုမ်းမြို့ က Pionen ဒေတာစင်တာ

Bahnhof ရဲ့ ဒေတာစင်တာများဟာ ပေ ၁၀၀ ရှိတဲ့ မြေအောက် ဂူ တစ်ခုထဲမှာ တည်ရှိပါတယ်။ ဒီအဆောက်အအုံကို ၁၉၄၃ ခုနှစ်တွင်အမိုးအကာများဖြင့် ထပ်မံတည်ဆောက်ခဲ့ပါတယ်။ ထိုထဲမှာတော့ သက်ရှိအပင်များ၊ ရေတံခွန်အတုများနှင့် ကြီးမားသော ငါးမွေးကန်တစ်ခုလည်းရှိပါတယ်။ ထိုအရာများဟာ ကုမ္မဏီရဲ့၀န်ထမ်းများအတွက် ကောင်းမွန်တဲ့ ပတ်၀န်းကျင်မျိုး ဖြစ်စေဖို့ဖန်တီးထားတာ ဖြစ်ပါတယ်။

(၄) ဂရိတ်ဗြိတိန်ရဲ့ Yorkshireမြို့ရှိ RAF Menwith hill အခြေစိုက်စခန်း

စစ်အေးကာလအတွင်း ရေဒီယိုအချက်ပြခြင်းတွေကို ဖမ်းယူနိုင်ရန်အတွက် ထိုနေရာကို ၁၉၅၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ထိုနေရာဟာ ဘာအတွက် အသုံးပြုမှန်းမသိသော်လည်း ၎င်းဟာ ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ထောက်လှမ်းရေး အချက်အလက်များ ရှိသည့်နေရာတစ်ခုလည်း ဖြစ်ပါတယ်။

(၅) ဗာတီကန်စီးတီးမြို့ ရှိ လျှို့ဝှက် မော်ကွန်းတိုက်

ထိုနေရာကို ကမ္ဘာပေါ်ရှိ အလျှို့ဝှက်ဆုံးသော စာကြည့်တိုက်လို့ သတ်မှတ်ထားကြပါတယ်။ ပုပ်ရဟန်းမင်းကြီးတွေရဲ့ စာရွက်စာတမ်းများအားလုံးကို ၇ ရာစုလောက် ကတည်းက ထိုနေရာမှာ သိမ်းဆည်းထားခဲ့ပါတယ်။ သုတေသန အရာရှိတစ်ဦး၏ အထူးခွင့်ပြုချက်ရမှသာ  ထိုမော်ကွန်းတိုက်ထဲသို့ ၀င်ရောက်နိုင်မှာ ဖြစ်ပါတယ်။

(၆) ဂရိတ်ဗြိတိန် Derbyshireမြို့ရှိ ကားပါကင်

ထိုကားပါကင်နေရာဟာ ကမ္ဘာပေါ်တွင် အလုံခြုံဆုံးသော ကားထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ယာဉ်မောင်းများသည် ဘားကုဒ်လက်မှတ်များရရှိပြီးမှသာ ကားရပ်နားရန်နေရာ ရရှိမှာဖြစ်ပါတယ်။ ကားတစ်စီးခြင်းစီရဲ့ အောက်တွင် လှုပ်ရှားမှု အာရုံခံကိရိယာတစ်ခုရှိနေပြီး တစ်စုံတစ်ဦးက ခွင့်ပြုချက်မရှိဘဲ မောင်းနှင်ပါက အချက်ပေးမှုကို ဖြစ်ပေါ်စေပါတယ်။ ထိုနေရာတွင် စောင့်ကြည့်ရေး ကင်မရာ အလုံးပေါင်း ၁၉၀ လောက်ရှိနေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*