ဘာကြောင့်ကျွန်တော်တို့ရဲ့ဖုန်းကိုနှိုးစက်အဖြစ်မသုံးသင့်တာလဲ

credit photo

ကျွန်တော်တို့ရဲ့ဖုန်းများဟာကျွန်တော်တို့လက်ကနေခွဲခွာလို့မရတဲ့အရာတစ်ခုဖြစ်လာလို့လာပါတယ်။ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ဖုန်းတွေကို အလုပ်အကိုင်ရှာဖွေတာတွေ၊သတင်းအချက်အလက်ရှာဖွေတာတွေနဲ့နေထိုင်ဖို့အတွက်နေရာသစ်ရှာဖွေတာတွေအစရှိတဲ့နေရာမျိုးစုံမှာအသုံးပြုလာကြပါတယ်။တကယ်လို့ဒီဖုန်းတွေသာမရှိတော့ရင်ကျွန်တော်တို့ဘဝရဲ့တစ်စိတ်တစ်ဒေသဟာရပ်တန့်သွားသလိုပါဘဲ။ပြီးတော့နှိုးစက်တပ်ဆင်ခြင်းဟာလူတိုင်းနီးပါးသူတို့ရဲ့ဖုန်းတွေမှာပြုလုပ်လေ့ရှိတဲ့အရာတစ်ခုဖြစ်ပြီးထို့သိုပြုလုပ်ပါကကြုံတွေ့လာနိုင်တဲ့ဆိုးရွားတဲ့အရာတစ်ချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

credit photo

(၁)၎င်းဟာသင့်ရဲ့အိပ်စက်ခြင်းကိုထိခိုက်စေနိုင်ပါတယ်။

credit photo

ဒါကဘာကြောင့်လည်းဆိုတော့မအိပ်ခင်ဖုန်းကအနားမှာရှိနေတာကြောင့် ဆိုရှယ်မီဒီယာစာမျက်နှာတွေကိုဝင်ရောက်ကာအလုပ်ရှာဖွေတာတွေကိုအပန်းဖြေကြည့်ရှုနေတာမျိုးတွေကိုပြုလုပ်နေတာကြောင့်ဖြစ်ပါတယ်။ဒါဟာသင့်ရဲ့အိပ်စက်ခြင်းတွေကိုတိုတောင်းသွားစေနိုင်ရုံသာမက ဖုန်းကထွက်လာတဲ့အပြာရောင်အလင်းတန်းဟာသင့်ရဲ့မျက်လုံးကိုထိခိုက်စေကာကျန်းမာရေးကိုလည်းဆိုးရွားလာစေနိုင်ပါတယ်။

(၂)မနက်ခင်းပိုင်းသင့်ရဲ့အလုပ်တွေကိုအနှောက်အယှက်ဖြစ်စေခြင်း

credit photo

မနက်မိုးလင်းလို့ဖုန်းအနားမှာရှိနေမယ်ဆိုပါကကျွန်တော်တို့ဟာမက်ဆေ့နဲ့အီးမေးလ်တွေကိုစတင်ပြီးစစ်ဆေးမှာဖြစ်ပါတယ်။ထိုအရဦကခဏလေးစစ်လိုက်တာပါလို့သင့်အနေနဲ့တွေးထားပေမယ့်လည်းမထင်မှတ်ဘဲအချိန်အကြာကြီးဖြစ်သွားနိုင်ကာ သင့်ရေးဆွဲထားတဲ့တနေ့တာဇယားတွေနဲ့ သင်ရဲ့ပုံမှန်လုပ်နေကျမနက်ပိုင်းအလုပ်တွေဟာပိုပြီးတော့နောက်ကျသွားစေနိုင်ပါတယ်။

(၃)အသံကြားဖို့လည်းခက်ခဲနိုင်တယ်

credit photo

ဖုန်းတစ်လုံးဟာတကယ့်နှိုးစက်လိုအသံမကျယ်နိုင်တာကြောင့်သင့်အနေနဲ့ကြားရဖို့ကလည်းအခက်အခဲအချို့ရှိနိုင်ပါတယ်။ထိုအပြင်ကျွန်တော်တို့ဟာနေစဉ်နေ့တိုင်းဖုန်းရဲ့အသံတွေနဲ့အကျွမ်းတစ်ဝင်ရှိလှပြီးအသံအတိုးအကျယ်ခလုတ်တွေကိုလည်းမတော်တဆထိမိထားတာအသံတိုးနေနိုင်တာကြောင့်နှိုးစက်တစ်ခုလိုတော့ထိရောက်မှုရှိမှာမဟုတ်ပါဘူး။

(၄)ဖုန်းရဲ့ဘက်ထရီဟာအားကုန်နေနိုင်ခြင်း

credit photo

ဖုန်းရဲ့နှိုးစက်ဟာဘက်ထရီအားကုန်နေတဲ့အချိ်နမှာအလုပ်မလုပ်တာကြောင့်သင့်အနေနဲ့အရေးကြီတဲ့ကိစ္စတွေအတွက်နှိုးစက်ကိုသုံးရမယ့်ဆိုပါကတကယ့်နှိုးစက်အမှန်ကိုသာအသုံးပြုသင့်ပါတယ်။သင့်ရဲ့ဖုန်းအားသွင်းဖို့ကိုသင့်အနေနဲ့အမြဲသတိထားကာကြိုးစားနေနိုင်သောလည်းအကြောင်းအမျိုးမျိုးဖုန်းရဲ့ဘက်ထရီဟာအားကုန်သွားနိုင်ပါသေးတယ်။

ဒါကြောင့်မို့သင်အနေနဲ့ တကယ့်နှိုးစက်အစစ်နဲ့ဖုန်းနှိုးစက်ဘယ်ဟာကိုသုံးမှာဘာလဲ?

Be the first to comment

Leave a Reply

Your email address will not be published.


*