ဖတ်ကြည့်ရုံနဲ့တင် ကြက်သီးထသွားစေမယ့် ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အပြစ်ပေးနည်း (၁၀) နည်း

ဖတ်ကြည့်ရုံနဲ့တင် ကြက်သီးထသွားစေမယ့် ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အပြစ်ပေးနည်း (၁၀) နည်း

ကျွန်မတို့ ဖတ်ဖူးတဲ့ တချို့ သမိုင်းကြောင်းတွေထဲမှာ ပြစ်မှုကျူးလွန်တဲ့ သူတွေကို ဒဏ်ခတ်တဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေကို သုံးတာမျိုး ဖတ်ဖူးကြမှာပါ ။ တချို့ ရုပ်ရှင်ကားတွေထဲမှာလဲ အဲဒီလိုနည်းလမ်းတွေ ပါလာတတ်ကြပါတယ်။အဲဒီထဲမှာမှ ကြားတာနဲ့တင် ကြက်သီးထပြီး ရူးချင်စရာကောင်းလောက်တယ့် အပြစ်ပေးမှုနည်းလမ်း ၁၀ ခုအကြောင်း တင်ဆက်ပေးလိုက်ပါတယ်

၁။ ကားစင်တင်ခြင်း

Image Source: Wikipedia

အပြစ်သားကို လက်ဝါးကပ်တိုင်မှာတင် လက်နှစ်ဖက်ကို သံရိုက်ထည့်ပြီး အများပြည်သူသွားလာတဲ့နေရာမှာ ပြစ်ထားကာ ဖြည်းဖြည်းချင်း ဝေဒနာခံစားရပြီ သေအောင် နှိပ်စက်တဲ့နည်းပါ။ ဂျီးဆပ်စ် ရဲ့ ဇာတ်လမ်းက ကျော်ကြားတဲ့ သက်သေတစ်ခုပေါ့။ ဒီနည်းလမ်းကို အသုံးများတာကတော့ အပြစ်ဒဏ်ပေးတာကို မျက်မြင်တွေ့ရတဲ့သူတွေအဖို့ အာဏာပိုင်တွေကို ဆန့်ကျင်ရဲတဲ့ သတ္တိမရှိတော့အောင် စိတ်ပိုင်းဆိုင်ရာအရ အကြောက်တရားထည့်သွင်းပေးလိုက်တာပါ။

၂။ ကြေးနဲ့လုပ်ထားတဲ့ ကျွဲ

Image Source: Youtube

တကယ့် ကျွဲအစစ်နဲ့တူအောင် ကြေးကို သွန်းလုပ်ထားတာဖြစ်ပြီး အပြစ်သားကို ကျွဲဝမ်းဗိုက်ထဲမှာထည့်ကာ အပြင်ကနေ ကြေးနဲ့ လုပ်ထားတဲ့ ကျွဲကြီးကို မီးပူတိုက်ပါတယ်။ အထဲက အပြစ်သားက သေတဲ့အထိ အကင်ခံလိုက်ရမှာပါ။ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ နာကျင်လွန်းလို့ အပြစ်သား ပါးစပ်က အော်လိုက်တဲ့အသံက ကျွဲ အော်သံတွေအဖြစ် ထွက်လာမှာပါတဲ့

၃။ အရေနွှာခြင်း

Image Source: Wikipedia

အစတုန်းကတော့ ဒါကို တိရိစ္ဆာန်တွေအတွက် ပဲ သုံးတာပါ ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လူတွေပါ ညှင်းပန်းနှိပ်စက်ခံရပြီး အရှင်လတ်လတ် အရေနွှာခံရပြီး အပြစ်ပေးခံခဲ့ရပါတယ်။ တော်တော်လေးကို ရက်စက်တယ်လို့ ပြောရမှာပါ …. ဒီလိုအပြစ်ပေးမှုမျိုးက မီဆိုပိုတေးမီးယားမှာ နာမည်ကြီးပါတယ်တဲ့

၄။ Breaking Wheel

Image Source: Wikipedia

အပြစ်သားကို အချွန်တွေ သံတွေနဲ့ ဘီးပေါ်မှာ ချည်နှောင်ထားလိုက်ပါတယ်။ သူ့ရဲ့ ခြေလက်တွေကို တုတ်ချောင်းနဲ့ ရိုက်နှက် ခံရပါတယ် ။ နောက်ပြီးရင်တော့ ဘီးကို လှည့်လိုက်ပြီး အရိုးတွေ တစ်စစီ ကျိုးကာ အင်မတန်နာကျင်တဲ့ ဒဏ်ကို ခံစားရပြီး သေဆုံးသွားရမှာပါ

၅။ တံစို့ထိုးခြင်း

Image Source: Wikipedia

ငုပ် ဒါမှမဟုတ် တုတ်ချောင်း တို့ကို လူရဲ့ ခန္ဓာကိုယ်ထဲကို စအိုကနေ ပါးစပ်ထိ ပေါက်ထွက်အောင် ရိုက်ထည့်တာပါ ။ ဒီနည်းကိုတော့ စစ်တပ်က သစ္စာဖောက်တွေ အတွက် သုံးလေ့ရှိပါတယ်။ တော်တော်လေးဆိုးရွားတဲ့ နည်းလမ်းတစ်ခုပါပဲ

၆။ ဆင်နင်းသတ်ခြင်း

Image Source: Wikipedia

အရှေ့တောင် အာရှနဲ့ ရှေးခေတ် အိန္ဒိယမှာ အသုံးများတဲ့ နည်းလမ်းတစ်ခုပါ ။ အပြစ်သားရဲ့ ခေါင်းကို ဆင်ခြေထောက်အောက်မှာထားပြီး နင်းသတ်ခိုင်းတဲ့ ဒဏ်ခတ်မှု ပုံစံတစ်မျိုးဖြစ်ပါတယ်

၇။ လွှဆွဲသတ်ခြင်း

Image Source: Wikipedia

ရောမ စပိန်နဲ့ အာရှဘက်က တချို့မှာ သုံးလေ့ရှိပါတယ်။ အပြစ်သားကို အရှင်လတ်လတ် လွှနဲ့ ဆွဲသတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ထွက်ကျလာကာ ဖြေးဖြေးချင်းနာနာကျင်ကျင် သေဆုံးရတဲ့ ပုံစံမျိုးပါ

၈။ရေနွေးပွက်ပွက်ဆူတဲ့ထဲ နှစ်သတ်ခြင်း

Image Source: Wikipedia

အရင်ခေတ်က လူတွေက စိတ္တဇဆန်တယ်လို့ပဲ ပြောရမလား …. သူတို့က အပြစ်သားတွေကို ကစားရတာ သဘောကျကြပါတယ်
ခုနည်းကလည်း အပြစ်သားတွေကို ရေနွးပွက်ပွက်ဆူထဲ မသေမချင်း ထည့်ပြုတ်ပြီးသတ်တာပါ ။ဥရောပနဲ့ အာရှမှာအရမ်းကို အသုံးများကြတယ့်နည်းပါတဲ့

၉။နားရွက်ဖြတ်ခြင်း

Image Source: Wikipedia

လူလည်ခေါင်မှာ နားရွက်ဖြတ်ပြီး အပြစ်ပေးတဲ့နည်းပါ

၁၀။ကြိုးနဲ့ စင်ပေါ်မှာ ဆွဲဆန့်ပြီး သတ်ခြင်း

Image Source: Wikipedia

အရမ်းကို ခေတ်စားတဲ့ အပြစ်ပေးတဲ့ နည်းလမ်းပါ ။ အပြစ်သားကို လေးဖက်လေးတန် ကြိုးနဲ့ချည်ပြီး ဆွဲလိုက်တဲ့အခါ ခန္ဓာကိုယ်က တစ်စစီ ပြတ်ထွက်သွားပြီး သေဆုံးရတယ့်နည်းပါ

Be the first to comment

Leave a Reply

Your email address will not be published.


*