ထောင်ဖောက်ပြေးဖို့ စိတ်ကူးနဲ့တောင် တွေးလို့မရနိုင်တယ့် ကမ္ဘာပေါ်က လုံခြုံရေးအတင်းကျပ်ဆုံး ထောင် (၁၀)ခု

ထောင်သွင်းအကျဉ်းချခြင်းဆိုတာ ရှေးကျတဲ့ ပြစ်ဒဏ်ခတ်မှုတွေထဲက ပုံစံတစ်ခုဖြစ်ပါတယ်။ ထောင်ကို ဆိုးသွမ်းမိုက်မဲတဲ့ ရာဇဝတ်သားတွေကို ထိန်းသိမ်းဖို့အတွက် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ရာဇဝတ်သားတွေက ရာစုနှစ်တွေကြာလာတာနဲ့အမျှ အရေအတွက် တိုးပွားလာပါပြီ။ ထောင်တွေနဲ့ အစောင့်တွေက ဒီခေတ်မှာ မလုံလောက်တော့ပါဘူး ။ ဒါပေမယ့် ထောင်ရဲ့ လုံခြုံရေး စနစ်တွေက တိုးတက်လာပါပြီ။
ဒါကြောင့် အခုဆောင်းပါးလေးမှာဆိုရင် ကမ္ဘာကြီးပေါ်က လုံခြုံရေးအတင်းကျပ်ဆုံး အကျဉ်းထောင် ဆယ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ။

၁။ ADX Florence၊ယူအက်စ်

Source: answers.com

ကော်လိုရာဒိုရဲ့ အကျဉ်းထောင် ADX Florence ဟာ ကမ္ဘာကြီးပေါ်မှာမြင်ဖူးထားတဲ့ထောင်တွေထဲကမှ အလုံခြုံဆုံးထောင်ဖြစ်ပါတယ်။ ဒီမှာ ချုပ်ခံထားရတယ့် ထောင်သားတွေက နေကို မြင်ရရင်တောင် သူတို့ ကံကောင်းတယ်လို့ကို ပြောရမှာပါ ။ တိုက်ရိုက်ဝင်ခွင့်မရှိတဲ့ အကျဉ်းခန်းတွေမှာ ထောင်သားတွေကို တစ်နေကုန်သော့ပိတ်ထားပြီး သူတို့ထွက်ပြေးနိုင်ဖို့ ဘာအကူအညီမှ မရနိုင်ပါဘူး

၂။Alcatraz ဖယ်ဒရယ် အကျဉ်းစခန်း ၊ ယူအက်စ်

Source: sayit.ie

ဒါကတော့ကမ္ဘာပေါ်မှာ နာမည်ကျော် အကျဉ်းထောင်လို့ ပြောလို့ရပါတယ် ။ Alcatraz မှာ အယ်လ် ကာပုန်း ၊ ဝစ်တနေ ဘာလ်ဂါ နဲ့ ရာဖီယယ် မီရန်ဒါတို့လို လူတွေကို အကျဉ်းချထားပါတယ်။ ဆန်ဖရန်စစ္စကို ကမ်းခြေကနေ နှစ်ကီလိုမီတာဝေးတဲ့ ကျွန်းပေါ်မှာ တည်ရှိပြီး ၁၄ ယောက်မှာ ၅ ယောက်လောက်သာ ထွက်ပြေးဖို့ကြိုးစားပေမယ့် ထွက်ပြေးတဲ့ ၅ယောက်ကလည်း သေဆုံးသွားတယ်လို့ ယူဆရပါတယ်။ Alcatraz ကို ၁၉၆၈ မှာပိတ်သိမ်းခဲ့ပေမယ့် ထောင်ဖောက်ပြေးဖို့ အခက်ခဲ အကြမ်းတမ်းဆုံးထောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားတုန်းပါပဲ ။ သင်တို့ သိမှာပါ ရေကူးတယ်ဆိုတာ အကျဉ်းသားတွေ ကောင်းကောင်းကျွမ်းကျင်တတ်တဲ့ အရာမဟုတ်ဘူးဆိုတာ။

၃။La Sante ထောင် ၊ ပြင်သစ်

Source: trussty.com

၁၈၆၇ မှာ တည်ဆောက်ခဲ့ပြီး ပြင်သစ်မြို့တော် ပဲရစ်မြို့ရဲ့ la Sante ထောင်ဟာဆိုရင်လည်း နာမည်ကြီးအကျဉ်းထောင်တွေထဲက တစ်ခုဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ဒီထောင်ကတော့ သင်သာ ဒီထဲမှာ အကျဉ်းချခံလိုက်ရပြီဆိုတာနဲ့ ချုပ်ရက် မပြည့်မချင်း ပြန်ထွက်မလာနိုင်တော့ပါဘူး။မြို့ထဲမှာ တည်ရှိနေတဲ့ သူ့ရဲ့နေရာအရ အကျဉ်းထောင်ရဲ့ ဗိသုကာလက်ရာ လုံခြုံရေးစနစ်တွေက ရိုးရှင်းပြီး ထိရောက်လွန်းတာကြောင့် ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပိုင်းက ထောင်သားတစ်ချို့က အညစ်အကြေးစွန့်ပိုက်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ရာ ဒီပိုက်ကိုလည်း ပိတ်ဆို့ထားတာကြောင့် အသက်ရှူကြပ်ပြီး သေဆုံးခဲ့ရပါတယ်။ အဆိုးရွားဆုံးသေဆုံးခြင်းပေါ့ …

၄။Arthur Road ထောင်၊ အိန္ဒိယ

Source: youthkiawaaz.com

မွမ်ဘိုင်းရဲ့ အကြီးဆုံး သက်တမ်းအရင့်ဆုံး ပင်မ အကျဉ်းထောင်ကြီး Arthur Road ထောင်ကလည်း နောက်လို့မရဘူးနော် ။၁၉၂၆ မှာ တည်ဆောက်ခဲ့ပြီး အစပိုင်းမှာတော့ အကျဉ်းသား ၁၀၀၀ထားဖို့ ဒီဇိုင်းဆွဲခဲ့ရာကနေ ၂၀၀၀ ကျော်ထိ ဖြစ်လာခဲ့ပါတယ်။ ထောင်ရဲ့ စည်းကမ်းတွေဟာ လွန်ကျူးပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသာနေပေမယ့်လည်း ထောင်ဖောက်ပြေးနိုင်တဲ့သူမရှိသလို အပြင်လူတွေလည်းအထဲကို ဖောက်ဝင်လို့မရခဲ့ပါဘူး။ ထောင်ကို ၂ ဧကကျော်ကို ထိုးဖောက်လို့မရတဲ့ ခံတပ်တစ်ခုဖြစ် တည်ဆောက်ထားပါသေးတယ် ။ ခုထိကို နာမည်ကြီးဖြစ်နေဆဲ ထောင်ပါ ။

၅။Fuchu အကျဉ်းထောင်၊ ဂျပန်

Source: querosaber.sapo.pt

Fuchu ထောင်က တိုကျိုမြို့ အနောက်ပိုင်းမှာ ရှိပြီး အချက်အလက် အနည်းငယ်သာ သိထားပါတယ်။ သူဟာ အရင်တုန်းက ဒုတိယကမ္ဘာစစ် အကျဉ်းသားတွေ ထားတဲ့နေရာပါ ။ ဂျပန်က နာမည်ကျော် လူမိုက်တွေ အချို့ကို ဖမ်းထားတဲ့နေရာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်တဲ့ အကျဉ်းသားဆိုတာ မရှိသေးပါဘူး ။ ဂျပန်ကနေ လူသိမခံချင်တဲ့ လုံခြုံရေးစနစ်တွေလည်း ရှိပါသေးတယ်နော်။

၆။ဖက်ဒရယ် ပြုပြင်ထိန်းသိမ်းရေးစခန်း ယူအက်စ်

Source: businessinsider.com

အင်ဒီရားနားပြည်နယ်မှာရှိတဲ့ ဒီစခန်းကတော့ လုံခြုံရေးနည်းပညာအဆင့်အမြင့်ဆုံးဖြစ်ပြီး လူသားဝန်ထမ်းဦးရေ အနည်းဆုံး ခန့်အပ်ထားတဲ့ စခန်းပါ ။ ဟုတ်ပါတယ် ။ သူ့ကို နိုင်ငံရဲ့ လုံခြုံရေး စနစ်အတင်းကျပ်ဆုံးထောင်လို့တောင် ပြောလို့ရပါတယ်။ ၃၀ ဒီဂရီ စောင့်ကြည့်ကင်မရာတွေက တစ်ချိန်လုံးစောင့်ကြည့်နေပြီး မျက်နှာ ပုံစံ စစ်ဆေးခြင်း လှုပ်ရှားမှု အာရုံခံကိရိယာတွေ ဘိုင်အို မက်ထရစ် သော့တွေ နဲ့ တည်ဆောက်ထားတာပါ ။

၇။Camp Delta ၊ယူအက်စ်

Source: pbs.org

ကူးဘားက ဂွမ်တာနာမို ပင်လယ်အော်မှာ ရှိတဲ့Camp Delta ကတော့ မိတ်ဆက်ပေးစရာတောင် လိုမယ်မထင်ပါဘူး ။ အမေရိကန် စစ်တပ်က ထိန်းချုပ်ထားပြီး ရာဇဝတ်သားတွေက ယူအက်စ်ရဲ့ အရေးကြီးဆုံး ရာဇဝတ်သားတွေကို ထိန်းသိမ်းထားခြင်းဖြစ်ပါတယ် ။ ကျွန်မတို့အခု ပြောနေတဲ့နေရာက Al Qaeda အကျဉ်းချခံခဲ့ရပြီး နှိပ်စက်ခံခဲ့ရတယ့် နေရာကို ပြောနေတာပါ။ အကျဉ်းသားတစ်ယောက်ကို အစောင့် ၁၂ ယောက်နှင့်အထက် မျက်ချေမပြတ်စောင့်ကြည့်ဖို့ တာဝန်ချထားပေးတဲ့ထောင်ပါ။ အဲဒီကနေ ထွက်ပြေးဖို့ ကြိုးစားရင်လည်း သင်ဟာ စစ်တပ်အခြေစိုက်စခန်းရဲ့ အလယ်ကို တန်းရောက်သွားမှာပါ ။ ကံကောင်းပါစေနော်။

၈။HMP Belmarsh ယူကေ

Source: flickr.com

လန်ဒန် အရှေ့တောင်ပိုင်း ဂရင်းဝှစ်ရှ် က HM အကျဉ်းထောင်က ဘုရင်မကြီး ချမှတ်ခဲ့တဲ့ အေ အမျိုးအစား အကျဉ်းသားတွေကို ထားတဲ့ နေရာပါ ။ ၁၉၉၁ ထဲက လုံခြုံရေး အမြင့်ဆုံးထောင်ဖြစ်ပြီး ဗြိတိန်ရဲ့ အန္တရာယ်အများဆုံး အကြမ်းတမ်းဆုံး စာရင်းထဲပါဝင်တဲ့ ထောင်သား ၁၀၀၀ကို အကျဉ်းချထားပါတယ်။ လုံခြုံရေးစနစ် မြင့်မားလွန်းတာကြောင့် ဗြိတိန်ဂွမ်တာနာမိုလို့တောင် နာမည်ပြောင်ပေးထားပါတယ်တဲ့။

၉။Tadmor စစ်အကျဉ်းထာင် ဆီးရီးယား

Source: radiofarda.com

စစ်တပ် ဘားတိုက်အဖြစ် ၂၀ရာစုအစောပိုင်းက ပြင်သစ် တပ်ဖွဲ့တွေ တည်ဆောက်ခဲ့တဲ့ Tadmor စစ်အကျဉ်းထောင်ဟာ အခုချိန်မှာတော့အသက်ရှင်သန်ဖို့ အခက်ခဲဆုံး အကျဉ်းထောင်လို့ လူသိများကြပါတယ်။ ရူးချင်စရာကောင်းလောက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စုတ်ပြတ်သတ်နေတဲ့ နေထိုင်မှုပုံစံတွေကြောင့်ပေါ့လေ။ တည်ရှိနေတဲ့နေရာကတော့ ဆီးရီးယားမြို့တော် ဒါမားစကတ်စ်ရဲ့ အရှေ့မြောက် ၂၀၀ ကီလိုမီတာ မှာရှိတဲ့ သဲကန္တရ အလယ်မှာ တည်ရှိနေပါတယ်။ ထောင်ကနေ အဝင်အထွက်တွက်တော့ တွားသွားပြီး ဝင်ရမယ့် လှိုဏ်ခေါင်းတစ်ခုသာ ရှိပါတယ်တဲ့။

၁၀။Qinchen အကျဉ်းထောင် တရုတ်

Source: foxnews.com

ပင်လယ်ပြင်မျက်နှာပြင်အထက် ပေ ၃၀၀၀ မှာရှိနေပြိး ပေကျင်း ချန်းပင်းပြည်နယ်က လူသူကင်းမဲ့ တဲ့တောင်ကြားထဲမှာ ရှိနေတာပါ ။ နိုင်ငံရဲ့ အဆိုးသွမ်းဆုံး လူဆိုးတွေကို ထိန်းသိမ်းထားပြီး အစောင့်ပေါင်း ၅၀၀၀ ကျော် စောင့်ကျပ်နေပါတယ် ။ ၁၉၅၈ မှာ ဆိုဗီယက် ပြည်ထောင်စု အကူအညီနဲ့ တည်ဆေက်ခဲ့ပြီး အစပိုင်းမှာတော့ ကူမင်တန် စစ်ပွဲက အကျဉ်းသားတွေကို အကျဉ်းချဖို့ အသုံးပြုခဲ့တာပါ ။ ကမ္ဘာမှာ အမြင့်ဆုံး ကင်းစောင့် မျျော်စင်တွေရှိပြီး ဘေးပတ်လည်မှာလည်း တောင်နံရံတွေ ဝန်းရံထားပါတယ်တဲ့ ။

Be the first to comment

Leave a Reply

Your email address will not be published.


*