ခေတ်ရှေ့ပြေးနေခဲ့တဲ့ ရှေးဟောင်း နည်းပညာများ

အံ့ဩစရာကောင်းတဲ့ တီထွင်မှုတွေက ဟိုးအရင်ခေတ်ရဲ့ လူနေထိုင်မှုပုံစံက ကျွန်ုပ်တို့​ တွေးထားတာထပ်ကို ပိုပြီး ဖွံ့ဖြိုးတိုးတက်ခဲ့တယ်ဆိုတာ ပြနေပါတယ်။
သုတေသနပညာရှင်တွေက အသုံးအဆောင်ပစ္စည်းတွေဟာ သူတို့ စတင်တီထွင်ခဲ့တဲ့ အချိန်အတွက် အရမ်းကို ခေတ်ရှေ့ပြေးလွန်းနေကြောင်း ထပ်ခါထပ်ခါ တွေ့ရှိတတ်ကြပါတယ်။
ဥပမာ ရှေးခတ် ဂရိလူမျိုးတွေဟာ တခြား ပစ္စည်းတွေကြားထဲမှာမှ ဂြိုလ်အသွားအလာနဲ့ နေကြတ်ခြင်းတို့ကို ခြေရာခံနိုင်ပြီး တွက်ချက်နိုင်တဲ့ နာရီကို တီထွင်ခဲ့ပါတယ် ။ ဒီလို ရှေ့ကို ကြိုတွေးတဲ့ တီထွင်မှုတွေကို ခေတ်ရှေ့ပြေးတယ်လို့ မကြာခဏခေါ်ကြပါတယ်။
တကယ်တမ်းတော့ သူတို့ ဟာ အဲဒီခေတ် လူနေမှုပုံစံရဲ့ တီထွင်ဉာဏ်ကို ရောင်ပြန်ဟပ်နေပါတယ် ။
တစ်ခါတစ်လေ အဲဒီလိုတီထွင်မှုတွေက အခုခေတ်သိပ္ပံပညာနဲ့တော့ ယှဉ်ပြိုင်လို့ ရတယ်လို့ ပြောကြပါတယ်။ ရိုမန်တွေရဲ့ ကွန်ကရစ်ကတေ ဒါမာစကတ်စ်ရဲ့ စတီးလ်ထိ ရှေးခေတ်တီထွင်မှုတွေ တီထွင်နေစဉ်မှာ တစ်ချိန်တုန်းက ပျောက်ဆုံးခဲ့ဖူးပါတယ် ။ ဒါကို အခုခေတ် ရှာဖွေသူတွေက ပြန်လည် ဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။
ဒီဆောင်းပါးလေးထဲမှာတော့ တီထွင်ဖန်တီးသူတွေကို အများအပြားကို တကယ့် ဉာဏ်ကြီးရှင်ရှင်လို့ ဖော်ပြထားပေမယ့်လည်း သူတို့ဟာ သူတို့ပတ်ဝန်းကျင်ကနေ ကွဲထွက်တာမျိုး ချော်ထွက်သွားတာမျိုး မရှိသင့်ပါဘူး ။ သူတို့ရဲ့ ဖန်တီးမှုကလည်း ခေတ်နဲ့ လွဲချော်မှုမရှိသလို သူတို့နဲ့ သက်ဆိုင်တဲ့ လူမှုဘ၀ရဲ့ အလားအလာရှိတဲ့ သိပ္ပံပညာရပ်နဲ့ တီထွင်ဉာဏ်ရဲ့ သက်သေတစ်ခုပဲဖြစ်ပါတယ်

(၁) ဂရိ မီးတောက် – မငြိမ်းသွားတဲ့ မီးတောက်

(Credit: Wikipedia)

၆၇၄ အေဒီမှာ ကွန်စတန်တီပိုးလ်ရဲ့ မြို့တော်ဖြစ်တဲ့ ဘိုင်ဇန်တိုင်းကို အုမားရက် ကာလီဖိတ်လို့ခေါ်တဲ့ မူစလင် ရေတပ်သင်္ဘောစုက ဝိုင်းရံတိုက်ခိုက်ဖို့လုပ်ခဲ့တယ်။ သူတို့ရဲ့သင်္ဘောတွေ မီးတောက်တွေကြားထဲရောက်ခဲ့ရတယ်။ အစတုန်းကတော့ မူစလင်တွေ သတိမထားခဲ့မိကြဘူးပေါ့။ မီးလက်နက်ကို ရေတပ်စစ်ပွဲတွေမှာ မကြာခဏအသုံးပြုကြပြီး အဝတ်တွေ သဲတွေ ရေတွေနဲ့ လွယ်လွယ်လေး ငြိမ်းသတ်လို့ရတယ်လေ ။ ဒါပေမယ့်လည်း ဒါကတော့ သမရိုးကျ မီးမဟုတ်ခဲ့ဘူး ။ မီးငြှိလိုက်ပြီဆိုတာနဲ့ ငြိမ်းသတ်လို့ မရတော့ဘူး
ပြီးတော့ ရေတပ်သင်္ဘောတစ်စုလုံးလည်း မီးလောင်နစ်မြုတ်သွားခဲ့တယ် ။ အဲဒီအပြင် ပင်လယ်ကြီးထဲမှာတောင် မီးက တောက်လောင်နေတုန်းပါပဲ ။
ဒါကတော့ ” ဂရိမီးတောက် ” လို့လူသိများတဲ့ စစ်တပ်သုံးတီထွင်မှုတစ်ခုဖြစ်တဲ့ ရိုမန်မီး
မီးအရည် သို့မဟုတ် ပင်လယ်မီးတောက် စသဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြတဲ့ မီးပါ ။ ဖန်တီးပုံကို မသိကြပေမယ့် သမိုင်းပညာရှင်တွေ တွက်ချက်ထားတာတော့ ဓာတ်ဆီ ဆာလဖာ နဲ့ ယမ်းမှုန့် ပါဝင်နိုင်လောက်ပါတယ်။
ဂရိမီးတောက် ကို အထင်ကြီးမိတာကတော့ သူဟာ ကိုယ်တိုင် မီးတောက်အနေနဲ့ မဟုတ်ဘဲ ဘိုင်ဇန်တိုင်းတွေက ဖိအားသုံး ပန့်ထဲထည့်ပြီး သူတို့ ရန်သူလာရာ လမ်းကြောင်းအတိုင်း ပစ်ချဖို့ သုံးခဲ့တာတဲ့

(၂) အန်တီကိုင်သာရာ ဖြစ်စဉ် – ကိုပါနီးကပ်စ်မတိုင်ခင်က အာကာသနာရီ

(Credit: Zde / Wikipedia)

အန်တီကိုင်သာရာ ကျွန်းလို့ခေါ်တဲ့ ကိုင်သာရာနဲ့ ခရိ ကြားထဲက ဂရိကျွန်းအသေးလေးမှာ ရှာတွေတွေ့ရှိခဲ့တာကြောင့် အန်တီကိုင်သာရာ ဖြစ်စဉ်လို့ နာမည်တပ်ခဲ့တာပါ။ ၁၉၀၁ခုနှစ် ရေငုပ်သမားတွေ သစ်သားသတ္တာထဲမှာသိမ်းထားတဲ့ ကြေးဂီယာ ၃၇ခုပါတဲ့ နစ်မြုတ်နေတဲ့ ရှေးဟောင်း အပျက်အစီးတစ်ခုကို ရှာတွေ့ခဲ့ရာကနေ စခဲ့တာပါ ။
အစကတော့ အန်တီကိုင်သာရာ ဖြစ်စဉ်ကို နှစ်ပေါင်း ၂၂၀၀ ကျော်ကတွေ့ရှိခဲ့တယ်လို့ တွက်ချက်ထားခဲ့တာပါ။ ရှေးဟောင်းကွန်ပြူတာ တစ်ခုလိုပေါ့ ။ အခုလက်ရှိ အားလုံးသဘောတူညီထားတာကတော့ ဒီဖြစ်စဉ်ဟာ နက္ခတ်ချိန်ကို တွက်ချက် ခြေရာခံလို့ရတဲ့ နေအဖွဲ့အစည်းစနစ်ပုံစံဖြစ်ပါတယ်။
၂၀၂၁မှာတော့ ဘေဘီလိုနီးယန်း နက္ခတ်ဗေဒ ပလေတိုရဲ့ သင်္ချာပညာ ပြီးတော့ ရှေးဟောင်း ဂရိတို့ရဲ့ နက္ခတ် သီအိုရီ စက်ဝန်းတွေကို ပေါင်းစည်းထားတဲ့ ဉာဏ်ကြီးရှင်ရဲ့ တီထွင်မှုလို့ ရည်ညွှန်းခဲ့ကြတယ် ။ ဒါက လနဲ့နေရဲ့ ဘဲဥပုံ လောင်ဂျီတျူ့ဒ်နဲ့ ဂြိုလ်တွေရဲ့ အခြေအနေကို တွက်ချက်နိုင်ပြီး မီတိုနစ် ပြက္ခဒိန်နဲ့ အိုလမ်ပီရက်ဒ် စက်ဝန်းက မပါဝင်တဲ့ နေ့ကိုပါ တွက်ချက်နိုင်ပါတယ် ။

(၃) ဒမ်မာစကတ်စ် ရဲ့ စတီးလ် – တုံးမသွားနိုင်တဲ့ ဓားများ

(Credit: Wikipedia)

ကိုးရာစု အရှေ့အလယ်ပိုင်းက စတင်ခဲ့ပြီး သူတို့ရဲ့ ခံနိုင်ရည်နဲ့ ပုံသဏ္ဍာန်အတွက် အသိများခဲ့ကြတဲ့ ဒမ်မာစကတ်စ်ရဲ့ စတီးလ်တွေပါ ။ ခရုစစ်ဒ် စစ်ပွဲအတွင်း သုံးတဲ့ အနောက်တိုင်း ဓားတွေထက် အဆများစွာ ပိုခိုင်မာပြီး ထက်ပါတယ်။ ဒီပုံစံကို ထူးခြားတဲ့ ပန်းပဲဖိုလုပ်ငန်းစဉ်နဲ့ လုပ်ခဲ့တာဖြစ်ပြီး အိန္ဒိယ သီရီလင်္ကာ နဲ့ အီရန်က သေးငယ်တဲ့ ၀ုဇ် စတီးလ်စလေးတွေကို မီးသွေးနဲ့ အရည်ပျော်အောင် ထိုးပြီး မယုံနိုင်လောက်အောင် နှေးကွေးတဲ့ နှုန်းနဲ့ အအေးခံရတာဖြစ်ပါတယ်။
ရာစုနှစ်များစွာ ဒမ်မာစကတ်စ်ရဲ့ စတီးလ်တွေက အသုံးများခဲ့ကြပီး ဓားတွေအစား သေနတ်တွေနဲ့ စစ်ပွဲမှာ အစားထိုးလာတဲ့အခါ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပါတယ်။ ၁၈၅၀ မှာတော့ သူ့ရဲ့ ထုတ်လုပ်မှု လျှို့ဝှက်ချက်ကပါ ပျောက်ဆုံးသွားခဲ့တယ်
၀ုဇ်စတီးချောင်းတွေ မရှိတဲ့နောက် ဒမ်မာစကတ်စ်ရဲ့ စတီးကိုလည်း ပြန်လည် ဖန်တီးလို့မရခဲ့ဘူး . သို့သောလည်း သုတေသနပညာရှင်တွေကတော့ တူညီတဲ့ ရလဒ်ရအောင် ကြိုးစားဖန်တီးဆဲပါ

(၄) ဟုန်ဖန်း တိတန်း ရီ – ကမ္ဘာ့ပထမဆုံး မြေငလျင်ခန့်မှန်းနိုင်တဲ့ စကုပ်

(Credit: The Chinese Museum Calgary Alberta / Wikipedia)

နှစ်ပေါင်း ၂၀၀၀ နီးပါးက တီထွင်ခဲ့တဲ့ ဟုန်ဖန်းတီတန်းရီက ကမ္ဘာ့ ပထမဆုံး မြေငလျင်ကို သိရှိခန့်မှန်းနိုင်တဲ့ ပစ္စည်းပါ။ မကြာခဏ မြေငလျင်ဒဏ်ကို ခံရတဲ့ တရုတ်မှာ အစပြု တီထွင်ခဲ့တာပါ။အေဒီ ၇၈-၁၃၉ အုပ်ချုပ်ခဲ့တဲ့ ဟန်မင်းဆက်အောက်မှ နေထိုင်ခဲ့တဲ့ သင်္ချာ ကဗျာ
နက္ခတ်ပညာရှင် ပန်းချီပညာရှင် ကျန်းဟန် က စတင်တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီဇိုင်ကလည်း အရမ်းကို လှပလွန်းပါတယ်။ ကြီးမားပြီး အလှဆင်ထားတဲ့ ကြေအိုးကြီးကို ပိုက် ရှစ်ခုတပ်ထားပြီး နဂါးခေါင်းပုံစံလုပ်ထားပါတယ်။ နဂါးခေငါး်တစ်ခေါင်းစီအောက်မှာတော့ ပါးစပ်အကျယ်ကြီးဟထားတဲ့ ကြေးဖားပြုတ်တစ်ကောင် ထားရှိပါတယ်။
ဒါဟာ တကယ်အလုပ်ဖြစ်မလားမဖြစ်လား အစောပိုင်းအချက်အလက်တေွအရတော့ မရှင်းလင်းပေမယ့် သုတေသနပညာရှင်တွေကတော့ အိုးထဲက ချိန်သီးက လွှဲရမ်းပြီး တုန်ခါမှုဖြစ်လာစေတယ် အဲဒီအချိန်မှာ ဘောလုံးလေးဟာ နဂါး ခေါင်းကနေ သက်ဆိုင်ရာ ဖားပြုပ်ပါးစပ်ထဲထွက်လာပြီး ငလျင်လှုပ်မယ့် အရပ်ဒေသကို ခန့်မှန်းပေးတယ်လို့ အကြံပြုထားပါတယ်

(၅) ရိုမန် ကွန်ကရစ် – မကွဲအက်တဲ့ အင်္ဂတေ

(Credit: Ank Kumar / Wikipedia)

ရှေးခေတ်ရောမရဲ့ ဗိသုကာလက်ရာများဟာ ရိုမန်အင်္ဂတေ မပါဘဲ မဖြစ်နိုင်ပါဘူး ။ Opus Caementicium လို့ခေါ်တဲ့ ရိုမန်အင်္ဂတေဟာ မီးတောင်ပြာနဲ့ ထုံးကျောက်တို့ပါဝင်တဲ့ ဘိလပ်မြေဖြစ်ပါတယ်။ Pliny The Elder မှာတော့ ကျောက်အပိုင်းအစများကို စုစည်းပြီး ကျောက်တုံး အစိုင်အခဲကြီးတစ်ခုအဖြစ် ပေါင်းစည်းထားတာပါတဲ့။
အစောဆုံး ကိုးကားချက်များအရ ရိုမန်အင်္ဂတေကို ၂၅ဘီစီမှာ စတင်ဖန်တီးခဲ့ပြီးဗိသုကာ နဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာ ဗာထူရူဗီးရပ်စ်ရေးသားထားတဲ့ Ten bools on Architecture ကနေ လာတယ်လို့ ဆိုပါတယ်။ သူဟာ နီပေါ်လ် ပေါ်ကျူ့လီမြို့က မီးတောင်ပြာတွေကိုထုံးကျောက်နဲ့ သုံးချိုးတစ်ချိုး သို့မဟုတ် ရေအောက်မှာဆောက်လုပ်မယ်ဆိုရင် နှစ်ချိုးတစ်ချိုး ရောသင့်တယ်လို့ ရေးသားခဲ့တယ်
သူစာအုပ်ရေးသားခဲ့တဲ့ အချိန်မှာတော့ ရိုမန်အင်္ဂတေဟာ ကျစ်ကျစ်လစ်လစ်အသုံးပြုနိုင်ပြီး ဆန်းသစ်တယ်လို့ ကောင်းကောင်းယူဆနိုင်ပါတယ်။၆၄ အေဒီမှာတော့ ဒီအရာဟာ မြို့တော်ရဲ့ သုံးပုံနှစ်ပုံလောက်ကို ဖျက်ဆီးခဲ့တဲ့ မီးကြောင့် ပြောင်းလဲသွားခဲ့ရတယ်။ အသက်ရှင်ကျန်ရစ်သူတွေဟာ နီရိုရဲ့ ဆောက်လုပ်ရေး ကုဒ်လို့ခေါ်တဲ့ ပိုပြီး ခိုင်မာတဲ့ ဖောင်ဒေးရှင်းတွေနဲ့ ပြန်လည် တည်ဆောက်ခဲ့ကြတယ်။ ဒီလိုနဲ့ပဲ ရိုမန်အင်္ဂတေဟာ ကမ္ဘာ့အကြီးဆုံး အဟောင်းဆုံး အမိုးခုံးဖြစ်တဲ့ ပန်သီယွန်လို ဗိသုကာလက်ရာ ဆောက်လုပ်ရေးတွေမှာ မကွဲမအက်ပဲ အသုံးချလာနိုင်ခဲ့တယ်

(၆) ဘာ့ဟ်ဒက် ဘက်ထရီ

Baghdad Battery | Oldest Battery Known To Man
Credit-Global Marvels

သုတေသနပညာရှင်တွေကတော့ ဘာ့ဟ်ဒက် ဘက်ထရီကို တစ်ချိန်က ဆာဆာနီယန်အင်ပါရာနဲ့ ပါသီရန်ကြားမြို့ ဖြစ်ခဲ့တဲ့ အီရတ်နားမှာ ကြွေထည်အိုး ကြေးနီပြွန် နဲ့ သံချောင်းကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ သူတို့ယုံကြည်ချက်အရ ဒီထင်ရှားတဲ့ ပစ္စည်းသုံးခုကို တစ်ခုတည်း ဖြစ်လာနိုင်ဖို့ တစ်ချိန်ချိန်မှာ တပ်ဆင်နိုင်မယ်ပေါ့။ ဒီကိရီယာရဲ့ ရည်ရွယ်ချက်က လျှပ်စစ်စွမ်းအင်ထုတ်နိုင်ဖို့လားဆိုတာ မသေချာသေးပါဘူး။
အီရတ်ရဲ့ ရှေးဟောင်းသုတေသနဌာနက ဝီလ်ဟမ် ကိုနစ်က ဒါကို လျှပ်ကူးပစ္စည်းတွေမှာ လျှပ်ကူးမြန်အောင် လုပ်ဖို့ သုံးတယ်လို့ မူလသီအိုရီအဖြစ် ရေးသားခဲ့ပါတယ်. ဒီသီအိုရီကို ပထမဆုံးထုတ်ပြန်တုန်းက တော်တော်များများ လက်ခံကြပေမယ့် အဲဒီအချိန်ကာလတုန်းက အဲဒီဒေသမှာ လျှပ်ကူးပစ္စည်းမျိုး ရှာတွေ့ထားမှုတွေ မရှိသေးပါဘူး
၁၉၉၃ မှာတော့ အယ်လ်ဘာတာ တက္ကသိုလ်မှ ပေါလ် ကေဆာဟာ တခြားတွေးခေါ်မှုကို ဖော်ထုတ်ခဲ့ပါတယ်
သူဟာ ဘက်ထရီက လျှပ်ကူးမြန်အောင် လုပ်တာမဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ ဒါဟာ အကိုက်အခဲပျောက်အောင်လုပ်တဲ့အရာဖြစ်ပြီး လျှပ်စစ်ဓာတ်ဖြတ်သန်းစီးဆင်းခြင်းဖြင့် နာကျင်မှုတွေဖြစ်တဲ့ ခေါင်းကိုက်တာ ဂေါက်ရောဂါနဲ့ တခြား အခြေအနေတွေကို သက်သာစေနိုင်ပါ တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*