ကမ္ဘာပေါ်ကအန္တရာယ်အရှိဆုံးသစ်ပင်(၃)မျိုး

သစ်ပင်တွေဟာကျွန်တော်တို့အတွက်အလွန်ကိုမှအရေးပါလှတဲ့အရာတစ်မျိုးဖြစ်ပြီးသစ်ပင်တွေဟာကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူကာ အောက်စီဂျင်ကိုထုတ်လွတ်ပြီး ကျွန်တော်တို့ကိုကျန်းမာတဲ့ဘဝတွေရရှိအောင်ပေးစွမ်းနိုင်ပါတယ်။ကျွန်တောတို့ဟာ ထိုသစ်ပင်ကနေပြီးတော့ သန့်စင်ပြီးလက်ဆတ်တဲ့လေကိုရရှိသလို၊စားသောက်ဖို့အသီးအနှံတွေနဲ့ပင်စည်ကနေတဆင့်အသုံးအဆောင်တွေကိုလည်းရရှိပါတယ်။ဒါပေမယ့်ယခုဖော်ပြမယ့်အကြောင်းအရာမှာတော့ထိုကဲ့သို့ကျွန်တော်တို့ကိုကောင်းကျိုးတွေပေးတဲ့ အပင်မျိုးမဟုတ်ဘဲ အသက်သေစေနိုင်လောက်တဲ့အထိ အန္တရာယ်ကြီးမားလှတဲ့ အဆိပ်ပင်(၅)မျိုးအကြောင်းဘဲဖြစ်ပါတယ်။

(၁)Gympie Gympie

credit photo

ထိုgympie gympie. အပင်နဲ့သင်ထိလိုက်မိပါက သင်ဟာပျားတစ်ကောင်တုပ်ခံထိသလိုမျိုးမချိမဆံနာကျင်မှုကိုခံစားရမှာဖြစ်ပါတယ်။ထိုအပင်ကိုတော့ဩစတြေးလျနိုင်ငံမြောက်ပိုင်းက မိုးသစ်တောအတွင်းမှာအများဆုံးတွေ့ရပြီး ထိုအပင်ရဲ့ပင်စည်မှာတော့အမွေးများနဲ့ပြည့်နေကာ အရွက်တွေကတော့ အသဲပုံပုံသဏ္ဍာန်ရှိပါတယ်။ထိုအပင်ကိုမှားယွင်းပြီးသင်ထိလိုက်မိပြီးဆိုပါက ပြင်းထန်လှတဲ့ ဓာတ်မတည့်မှုတွေကိုခံစားရမှာဖြစ်ပြီး သမရိုးကျ လက်အိတ်တွေ မျက်နှာအုပ်တဲ့ Mask တွေနဲ့လည်းဒါကိုမကာကွယ်နိုင်ပါဘူး။ထိုအပင်ဟာအလွန်အန္တရာယ်ကြီးမားပြီး ပြင်းထန်လှတဲ့ ယားယံခြင်းနဲ့ကြီးမားလှတဲ့ ယားနာဘုကြီးတွေဖြစ်ပေါ်စေကာ ခန္ဓာကိုယ်မှ ဟော်မုန်းဓာတ်တစ်မျိုးထွက်လာမှသာ ဒီဝေဒနာကိုသက်သာစေမှာလည်းဖြစ်ပါတယ်။
(၂)Suicide Tree

credit photo

Cerbera Odollam လို့အမည်ရတဲ့ ထိုသစ်ပင်ကိုတော့Suicide Tree လို့လည်းလူသိများကြပါတယ်။ထိုအပင်ကတော့လူတစ်ဦးကိုသေစေနိုင်လောက်တဲ့ အဆိပ်ရှိတဲ့အပင်တစ်မျိုးလည်းဖြစ်ပါတယ်။ထိုအပင်ကိုတော့ အများအားဖြင့် အိန္ဒိယကမ်းရိုးတန်းကရွံ့ထူသောဒေသတွေနဲ့အရှေ့တောင်အာရှ ဒေသတော်တော်များများမှာတွေ့ရပါတယ်။ထိုအပင်ရဲ့အသီးအဆံတစ်ခုထဲမှာတင်ကျွန်တော်တို့ကိုသေစေနိုင်လောက်တဲ့ပမာဏပါဝင်ပြီးထိုအဆိပ်ကိုစားသောက်မိပါကပါးစပ်အတွင်းမှာပူလောင်ခြင်း၊ပြင်းထန်စွာအော့အန်ခြင်း၊အသက်ရှုတာနဲ့နှလုံးခုန်မမှန်တာတွေ၊မေ့မြောတာတွေဖြစ်ပြီး နောက်ဆုံးမှာတော့ သေဆုံးသွားတာကိုခံစားရမှာဖြစ်ပါတယ်။

credit photo

ထိုအပင်ကိုတော့ သတ်သေတဲ့နေရာတွေမှာအများဆုံးအသုံးပြုနေကြပြီးအဆိပ်ပညာရှင်တွေကတော့ထိုအပင်ကိုအိန္ဒိယနိုင်ငံမှာ လူသတ်လက်နက်တစ်ခုအနေနဲ့လည်းအသုံးပြုနေတယ်လို့ဆိုပါတယ်။
(၃)Bunya Pine

credit photo

Queenslandနဲ့ ဩစတြေးလျမြောက်ဘက်ဒေသတွေမှာတော့ ဒီBunyaထင်ရှုးပင်တွေကိုတွေ့နိုင်ပါတယ်။ထိုအပင်ကတော့ ရှေးခေတ်ဒိုင်နိုဆောတွေရှိခဲ့ကာလထဲက ပေါက်ရောက်နေခဲ့တဲ့ အပင်တစ်ပင်လည်းဖြစ်ပါတယ်။တခြားထင်ရှုးပင်တွေနဲ့မတူညီတဲ့အချက်ကတော့ သူဟာပရမစ်ပုံစံမျိုးကြီးထွားတာလည်းဖြစ်ပါတယ်။သူ့ရဲ့ထင်းရှုးသီးတွေဟာနာနတ်သီးနဲ့တူပေမယ့်သူကတော့နာနတ်သီးထက်ပိုကြီးကာပိုပြီးတော့လည်းလေးပါတယ်။ထိုအသီးတွေဟာ လူဦးခေါင်းထက်ကိုပိုကြီးပြီး ၆ကီလို(၁၃ပေါင်)တောင်လေးပါတယ်။ဒါကြောင့်မို့ထိုအသီးဟာနွေရာသီလူတွေအပန်းဖြေနေတဲ့အချိန်မှာ ခေါင်းပေါ်ကိုကြွေကျလာမယ်ဆိုပါကအလွန်အန္တရာယ်များလှပါတယ်။ထိုအသီးသာကျွန်တော်တို့ဦးခေါင်းပေါ်ကိုမတော်တဆပြုတ်ကျလာခဲ့မယ်ဆိုပါကသတိလစ်တာသို့မတုတ်သေစေနိုင်တာတွေအထိဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့ပြည်သူတွေလုံခြုံမှုရှိစေဖို့အတွက် အပင်ပတ်လည်မှာခြံစည်းရိုးတွေခတ်ကာလာရောက်လည်ပတ်သူတွေကိုလည်းအနားမသွားကြဖို့တိုက်တွန်းထားပါတယ်။

***ကြိုတင်အသိပေးတောင်းပန်ခြင်း***

ကျွန်တော်တို့Bright News သတင်းမီဒီယာမှ ရေးသားထားသောအကြောင်းအရာများကိုအခြားမည်သည့်ဝက်ဆိုဒ်နဲ့page များမှကူးယူဖော်ပြခြင်းမပြုကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*