အတိတ်ကာလကလူသားတွေအသုံးပြုခဲ့ကြတဲ့ရှေးခေတ်ဆေးကုထုံးများ

လူရယ်လို့ ဖြစ်လာရင် လူ့ခန္ဓာ ဟာ အသက်ရှင်နေသမျှ ကာလတစ်လျောက်လုံး ဆေးကုသမှုခံယူရန် အမြဲလိုအပ်နေပါတယ်။ ကျွန်ုပ်တို့ ဘိုးဘေး‌များရဲ့တချို့‌သော ဆေးပညာဗဟုသုတများဟာ ယနေ့ ခေတ်သစ်ဆေးကုထုံးတွေ မမှီနိုင်လောက်အောင် အသုံးဝင်ပြီးကောင်းလွန်းကြပါတယ်။ သို့သော်ရှေးခေတ်ကဆေးပညာနည်းလမ်းအချို့ဟာ ကျွန်ုပ်တို့အတွက် အလွန် ထူးဆန်းနေပေမဲ့လို့ အန္တရာယ်ဖြစ်တာတော့မတွေ့ရပါဘူး။

(၁)အလွန်ကျော်ကြားခဲ့တဲ့ ဆေးရွက်ကြီးရဲ့ အငွေ့ဖြင့်ကုသမှု

အစာခြေခြင်းပြသာနာ ၊ အိပ်ချင်နေခြင်း၊ အစာအိမ်ကြွက်တက်ခြင်းနှင့် ခန္ဓာကိုယ်တွင်းက ပိုမွှားကပ်ပါးကောင်များအားလုံးကိုဆေးရွက်ကြီးမီးခိုးငွေ့ရည်ဖြင့်ကုသခြင်းဟာပျောက်ကင်းကြောင်း မြောက်အမေရိကအင်ဒီးယန်းများကလက်ခံထားတဲ့ ကုထုံးတစ်မျိုးဖြစ်ပါတယ်။ သို့သော် ၁၉ ရာစုတွင် သူတို့ ဟာ ဆေးရွက်ကြီးတွင်အဆိပ် nikotine ပါ ၀င်ကြောင်းတွေ့ရှိခဲ့ပြီး ၎င်း က ကိုယ်ခန္ဓာဖွံဖြိုးမှုကို နှောင့်နှေးစေသောကြောင့် ဆေးရွက်ကြီးကုသမှုဟာ ဖြေးဖြေးခြင်းမှေးမှိန်သွားခဲ့ရပါတယ်။

(၂)ဦးခေါင်းခွံ ခွဲစိတ်ကုသမှု trephination

ခေါင်းကိုက်ခြင်း၊ ဝက်ရူးပြန်ရောဂါနှင့်အခြားစိတ်ပိုင်းဆိုင်ရာရောဂါများကို ဆရာဝန်များကလူနာ၏ ဦး ခေါင်းခွံထဲတွင်တွင်းများကိုတူးပြီး အလွန်ပြင်းထန်တဲ့ ကုသမှုမျိုးဖြင့် ကုသခဲ့ကြပါတယ်။ Trephination သည်‌ရှေးအလွန်ကျသော ခွဲစိတ်ကုသမှုဖြစ်ပါတယ်။သက်သေအထောက်အထားများ ကိုလည်း Neolithic ခေတ်မှ လူ့အကြွင်းအကျန်များတွင်တွေ့ရှိခဲ့ရပါတယ်။


ဒီနည်းဟာ ရှေးအမေရိကန်ယဉ်ကျေးမှု ရိုးရာများနှင့် Renaissance ခေတ်တွင်အလွန်ရေပန်းစားခဲ့ပါတယ်။

(၃)မြွေအဆိပ်နှင့်အဆိပ်ပင် ကိုသုံးပြီးကုသမှု

ပဍိဇီဝဆေးများမတိုင်မီတွင် လူများဟာ အပင်မှအဆိပ်များနှင့် မြွေဆိုးများရဲ့ အဆိပ်များကို အခြေခံ၍ ကုစားနည်းများဖြင့် ရောဂါကူးစက်မှုကိုတိုက်ဖျက်ရန်ကြိုးစားခဲ့ကြသည်။ ယခုခေတ်သိပ္ပံပညာရှင်များဟာ ပဍိဇီ၀ ဆေးများသည် သေးငယ်တဲ့ ပရိုတင်း အငယ်စားဟု ခေါ်သော disintegrinsများဖြစ်ကြောင်း နိဂုံးချုပ်မှာ သိရှိလိုက်ပါတယ်။

ရှေးအီဂျစ်များကတော့ဆေးခြောက် ၊ ဘိန်း နှင့် ဆေးရွက်များကို အသုံးပြုခဲ့ကြပါတယ်။ အလယ်ခေတ်တွင် ဆရာဝန်များဟာ သူတို့ရဲ့ဆေးရည်များ၌ မြွေ နှင့် ကင်းမြီးကောက်ကောင်များကို ထည့်ပြီး အသုံးပြုခဲ့ကြပါတယ်။

(၄)ရောဂါအားလုံးနီးပါးကို သွေး‌ဖောက် ကုသပေးခဲ့ခြင်း

သွေးဖောက် ကုသခြင်းဟာ အိန္ဒိယနိုင်ငံ နှင့် အာရပ်နိုင်ငံများတွင် အလွန်ကျော်ကြားခဲ့ပြီး ရှေးဂရိနှင့် အီဂျစ် မှတ်တမ်းသမိုင်းများမှာလည်းတွေ့ရှိခဲ့ပါတယ်။ သွေးထဲရှိ မကောင်းသော အရာများဟာ လူနာကို သွေးဖောက်ခြင်းဖြင့် ထွက်ခွာ ပါသွားသည်ဟုယုံကြည်ကြပါတယ်။ သွေးဖောက်ကုသခြင်းဟာ ၁၉ရာစုထိ ကျော်ကြားခဲ့ပါတယ်။

(၅)ကိုယ်လက်လှုပ်ရှားခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ရေသန့်သောက်ခြင်းဖြင့် နာတာရှည်ရောဂါကို ကုသခြင်း

ဟစ်ပိုကရက်တ် (ဘီစီ ၄၆၀-၃၇၀) အချိန် ၌ ဝက်ရူးပြန်ရောဂါဟာ ဘုရားသခင့်အလိုတော်ကြောင့်ဖြစ်သည်ဟု ယုံကြည်ခဲ့ပါတယ်။ သူဟာ ဒီရောဂါဖြစ်ရတဲ့အကြောင်းရင်းမှာ လေ၊အအေး နှင့် နေ ကြောင့်ဖြစ်သည်ဟု ယုံကြည်ခဲ့ပါတယ်။အလယ်ခေတ်တွင် ဝက်ရူးပြန်ရောဂါရှိသူများဟာ နတ်ဆိုးများ စီးနင်းပိုင်ဆိုင် သည်ဟု ယုံကြည်ခဲ့ပြီး ဆုတောင်းပေးခြင်း ၊ သန့်စင်သော ပရိတ်ရေ သောက်သုံးခြင်းဖြင့် ကုသခဲ့ကြပါတယ်။

ရှေးခေတ်ဆရာဝန်များဟာ ဆီးချိုရောဂါကို လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ဆေးအပင်များ ဖြင့်ကုသခဲ့ရာ ရလဒ်မကောင်းပဲ လူနာများ အသက်ဆုံးရူံးစေခဲ့ရပါတယ်။နောက်ပြီးရောဂါကို မကုသနိုင်ဟုသတ်မှတ်ထားကြပြီး လူနာကို အခြားသူများနှင့် ဝေးဝေးနေစေခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*