ရုရှားကနေ ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်းသန်း ၁၅၀ ဝယ်ယူလိုက်တဲ့ ဗီယက်နမ်

credit photo
credit photo

ဗီယက်နမ်နိုင်ငံဟာလပေါင်းများစွာကိုဗစ် ၁၉ရောဂါကူးစက်မှုတွေမရှိဘဲနေလာပြီးမှ ယခုအခါမှာတော့ ရောဂါတစ်ဖန်ပြန်လည်ကူးစက်လာမှုကြောင့် ပြန်လည်တိုက်ထုတ်နေရပါတယ်။နယူးယောက်တိုင်းစ်သတင်းဌာနရဲ့ဖော်ပြချက်အရဗီယက်နမ်ဟာ ရုရှားနိုင်ငံမှထုတ်လုပ်ထားသောကိုဗစ် ၁၉ကာကွယ်ဆေးများကိုဝယ်ယူဖို့စာရင်းသွင်းထားပြီဖြစ်ကြောင်းနိုင်ငံရဲ့ရုပ်သံလိုင်းတွေကတဆင့်တစ်နိုင်ငံလုံးကိုကြော်ဌာခဲ့ပါတယ်။

credit photo

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(ဩဂုတ်လ ၁၂ရက်)နေ့ကရုရှားဟာလာမယ့် ၂ပတ်အတွင်းကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကိုထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ကမ္ဘာကိုကြေဌာခဲ့ပြီး ကြီးမားတဲ့စမ်းသပ်စစ်ဆေးမှုတွေမရှိတာကြောင့်ကျွမ်းကျင်သူတွေကဒီဆေးအပေါ်ကိုလက်မခံနိုင်တဲ့အချက်အများစွာရှိနေတာကြောင့်ကျွမ်းကျင်သူတွေကစောင့်ကြည့်စစ်ဆေးမယ့်အပေါ်ကိုလည်း ရုရှားနိုင်ငံကကငြင်းဆန်ခဲ့ပါတယ်။

credit photo

ဗီယက်နမ်ကကြိုတင်မှာယူထားတဲ့ကာကွယ်ဆေးအလုံးရေ သန်း၁၅၀အတွင်းမှ အချို့ကိုတော့ရုရှားနိုင်ငံမှလှူဒါန်းပေးသွားမှာဖြစ်ပြီ ကျန်တာတွေကိုတော့ ဗီယက်နမ် ကဝယ်ယူရမှာလည်းဖြစ်ပါတယ်။ကိုဗစ်ကာလအစပိုင်းမှာ ဗီယက်နမ်နိုင်ငံဟာ ကိုဗစ်ရောဂါကိုသေချာစွာထိန်းချုပ်နိုင်ခြင်းကြောင့် ချီးကျူးခံရတဲ့နိုင်ငံစာရင်းမှာပါဝင်ခဲ့ပါတယ်။

credit photo

ယခုအခါမှာတော့ နိုင်ငံအတွင်းမှာနောက်တစ်ကြိမ်ကူးစက်မှုတွေကိုခံစားနေရပြီး ဒီဆေးကတော့ နောက်တစ်ကြိမ်ပြန်လည်ထိန်းချုပ်နိုင်မယ့် အလှည့်အပြောင်းတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။

credit photo

Be the first to comment

Leave a Reply

Your email address will not be published.


*