ကမ္ဘာ့အဆိုးရွားဆုံး Logo ဒီဇိုင်းများကို ပြန်လည်ပြင်ဆင်ခဲ့ရပုံများ

ဘရန်းတစ်ခုရဲ့ Logo ဟာ အဲဒီဘရန်းကို ပေါက်အောင်လည်း လုပ်နိုင်သလို ဆိုးဆိုးရွားရွားတွေ ဖြစ်အောင်လည်း လုပ်နိုင်ပါတယ် ။ အထင်ရှားဆုံး logo ဒီဇိုင်းတွေဖြစ်တဲ့ Apple ကနေ Nike ထိ Logo တွေကို ကြည့်လိုက်မယ်ဆိုရင် ရိုးရှင်းပေမယ့် တစ်ခုခုတော့ ထင်ရှားနေတာမျိုး ရှိတတ်ပါတယ် ။ ဒါပေမယ့် အဲဒါက စည်းမျဉ်းဆိုတာထက်စာရင် ချွင်းချက်လို့ ပြောရင်ပိုမှန်ပါတယ် ။

အီတလီလူမျိုးတစ်ယောက်ဖြစ်တဲ့ဂရပ်ဖစ် ဒီဇိုင်နာ Emanuele Abrate က Logo တွေဟာ ဘယ်လောက်ထိကို ဆိုးရွားတာတွေ ဖြစ်နိုင်လဲဆိုတာ ကောင်းကောင်းသိပါတယ် ။ မရှင်းလင်းတဲ့ ရည်ရွယ်ချက်တွေကနေ ရိုက်နှိပ်ထုတ်ဝေလိုက်တဲ့အထိ အားလုံးစုပေါင်းလိုက်မယ်ဆိုရင် ဒီဇိုင်းတွေက မှားယွင်းမှုတွေ ရှိတတ်ကြပါတယ် ဒါကြောင့် Emanuele က ဒီပြဿနာတွေကို ပစ်မှတ်ထားတဲ့ ပရောဂျက်အသစ်ဖြစ်တဲ့ ” ပြန်လည်ပြုပြင်ရမယ့် အဆိုးရွားဆုံး logo များ “ဆိုတာကို စီစဉ်ခဲ့ပါတယ် ။သူ့အမြင်မှာ စိတ်ပျက်စရာကောင်းလှပြီး တိုးလိုးတန်းလန်းဖြစ်နေတဲ့ ကုမ္ပဏီဒီဇိုင်း logo ၉ပုံကို ရွေးချယ်ပြီး သူ့နည်းသူ့ဟန်နဲ့ ပြင်ဆင်ရွေးဆွဲပေးခဲ့တာ ရလဒ်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၁။

ဒါကတော့ ဒွိဟဖြစ်စေမယ့် ဆိုလိုရင်း အဓိပ္ပာယ် မရှင်းလင်းတဲ့ Logo မျိုးရဲ့ အကောင်းဆုံး ဥပမာပါ ။ သူဟာ အတွေးအခေါ်ကိုတော့ မပြောင်းလဲဘဲ ဘုံကျောင်းရဲ့ ပုံစံကို ပိုပြီး ကြည့်ကောင်းအောင် ဘေးအနားသတ်မျဉ်းတွေကို ဆန်းသတ်ခေတ်မှီစွာ ပြောင်းလဲပေးခဲ့ပါတယ်။ ပုံနဲ့စာသားကိုလည်း ဘေးချင်းယှဉ်တွဲပြီး စာလုံးပုံစံကိုပါ သင်္ကေတနဲ့ ပိုပြီးလိုက်ဖက်အောင် ပြောင်းပစ်ခဲ့ပါတယ်။
Emanuele က ‘ သူ့ကို ဒီကုမ္ပဏီတွေကသာ တကယ် ပိုက်ဆံပေးပြီး ငှားရမ်းမယ်ဆိုရင် ဘယ်လို အကြံဉာဏ်ထုတ်မလဲဆိုတာ ကြိုးစား အဖြေရှာခဲ့ပါတယ်တဲ့ ‘ ရလဒ်က ပျော်စရာကောင်းရုံသာမကဘဲ ပညာသင်ပေးပြီး ဒီဇိုင်းဆိုတာ အနုပညာဆန်ဖို့တင်မဟုတ်ဘဲ ပြဿနာပါ ဖြေရှင်းတတ်ရမယ်ဆိုတာကို နားလည်နိုင်ဖို့ ကူညီပေးပါတယ်တဲ့ ။
“အကောင်းဆုံး logo ဆိုတာ သူ့ကို ကိုယ်စားပြုတဲ့ ဘရန်းဟာ ပတ်ဝန်းကျင်အမြင်မှာ စွဲစွဲမြဲမြဲ ယုတ္တိရှိရှိနဲ့ သက်ရောက်မှုကို ဖန်တီးနိုင်ပြီး လူတွေရဲ့ စိတ်ထဲ ရိုးရိုးလေးနဲ့ စွဲနေအောင် လုပ်နိုင်ရမယ်” လို့ ဒီဇိုင်နာက ပြောခဲ့ပါသေးတယ်။

၂။

ဒီ logo နဲ့ ပတ်သက်ပြီးတော့ ပြဿနာတော်တော်များများ ရှိနေတယ်လို့ Emanuele တစ်ယောက် ပြောပါတယ်။ ဒါကြောင့် တစ်ခုလုံးကို ဖျက်ပြီး K ကိုပဲ အဓိကထားရေးဆွဲဖို့ ချန်ထားလိုက်ပါတယ် ။ “ယုံကြည်မှုကသာ ဘ၀နဲ့ဆက်စပ်နေတယ်” ဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်ဖို့ K ဆိုတဲ့ စာလုံးကို ရိုးရိုးလေးပဲ ရေးဆွဲပေးလိုက်ပါတယ်တဲ့။

၃။

” ဒီ logo ကြီးကတော့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခု မီးလောင်နေတဲ့ ပုံပဲ အား လားလား ” လို့ သူက ဟာသလုပ်ထားပါတယ် ။ ဒီ ပစ္စည်းဆီကနေလူတိုင်း မျှော်လင့်ထားတဲ့ လုံခြုံမှုကို
ပေးနိုင်တဲ့ ပုံစံ Logo မျိုး မဟုတ်တာကြောင့် အတွေးသစ်တစ်မျိုးနဲ့ မီးတောက်ပုံကို ဝိုင်းရံထားတဲ့ စက်ဝိုင်းပုံသဏ္ဍာန် အယူအဆအသစ်ကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ နာမည်ကိုတော့ စာလုံးတိုလေး မြင်တာနဲ့ မှတ်မိသွားစေမယ့် FPP အဖြစ်ကို ပြောင်းလဲသုံးစွဲပေးခဲ့ပါတယ် ။

၄။

ဒါလေးကိုတော့ အယူအဆအသစ်ကို လုံး၀ပြောင်းလဲပြီး ” ဝါသနာကြီးစွာ ချက်ပြုတ်တတ်တဲ့ အမေတစ်ယောက်ရဲ့ ပုံစံ” ကို စိတ်ကူးစိတ်သန်းယူပြီး ရေးဆွဲခဲ့တာပါတဲ့ ။ ” ဝါသနာနဲ့ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို ဖော်ညွှန်းချင်တဲ့အတွက် oven လက်အိတ်လေးကို အသည်းပုံလေးနဲ့ ပူးတွဲရေးဆွဲပြီး အဓိကသင်္ကေတ အဖြစ် သုံးစွဲခဲ့ပါတယ် ။

၅။

Emanuele ကတော့ ဒီဒီဇိုင်းဟာ ဆိုးရွားလွန်းလို့ ပြုပြင်လို့တောင် မရနိုင်တော့ပါဘူးတဲ့ ။ ဒါကြောင့် ‘ ကွန်ပြူတာ မော်နီတာရဲ့ လေးထောင့်ပုံစံကို အတုယူပြီး ကြက်ခြေခတ်ပုံကို ထည့်သွင်းကာ C နဲ့ D ပုံစံမျိုး နဲ့ Logo အသစ်ကို အကြံဉာဏ်ထုတ်ခဲ့တာပါလို့ ရှင်းပြခဲ့ပါတယ် ။

၆။

“သွားဆရာဝန်လား မြှူဆွယ်ဖြားယောင်းနေတာလား …”
ဒီ logo ကို ကြည့်ပြီး အဲဒီအတွေးမျိုး သူ့ခေါင်းထဲ ရောက်လာပါတယ်တဲ့ ။ ဒါကြောင့် C နဲ့ D စာလုံးကို အပြုံးမျက်နှာလေးတွေ ပုံစံဖန်တီးပြီး ယုံကြည်မှုနဲ့ သန့်ရှင်းမှုကို ကိုယ်စားပြုတဲ့ အပြာရောင်လေးရယ် ရိုးရှင်းတဲ့ မျဉ်းကွေးလေးကို သုံးခဲ့တယ်လို့ ပြောခဲ့ပါတယ် ။
Emanuele ကတော့ လောလောဆယ်မှာ logo ရယ် brand design နဲ့ပတ်သက်တာတွေအားလုံးကို သင်ပေးတဲ့ သင်တန်းတစ်ခုကို ဖွင့်လှစ်ထားပါတယ် ။ အင်စတာဂရမ်မှာလဲ အကောင်းဆုံး Logo တွေကို စုစည်းထားပေးတဲ့ ” logo fonts ” စာမျက်နှာကို စီမံနေပါသေးတယ်တဲ့ ။

၇။

ပထမတော့ ဒါဟာ ဘာမှ အမှားမပါဘူးလို့ ထင်ရပေမယ့် ဒီ logo ကို လှည့်ပတ်ပြီး ကြည့်လိုက်မယ်ဆိုရင်တော့ ရှက်ဖို့ကောင်းတဲ့ ပုံကို မြင်ကြရမှာပါ ။ အစိုးအရအဖွဲ့အစည်းအနေနဲ့ကတော့ ဒါက ကောင်းမွန်တဲ့ ပုံမျိုး မဟုတ်ဘူးတာ သေချာတယ်လို့ Emanuele က ရှင်းပြခဲ့ပါတယ် ။ ဒါကြောင့် သူဟာ စာလုံးတွေကို ပြန်လည်မွမ်းမံပြီး အပြင်ဘေးအနားသတ်မျဉ်းတွေကို ဖယ်ရှားပစ်ကာ ခေတ်မှီဒီဇိုင်းကို ပြန်လည် ဖန်တီးခဲ့ပါတယ်

၈။

ဒါကတော့ “လေးထောင့်ဘောင်တွေကို ထပ်ခါထပ်ခါ မလိုဘဲ သုံးထားတာ…
ဒါ့ကြောင့် သေသပ်သွားအောင် ပိုတာတွေကို ဖယ်ထုတ်လိုက်ကြရအောင်။ အိမ်ဆိုတာ တကယ်တော့ ဒီ logo ရဲ့ အထင်ကရ ဖြစ်တာကြောင့် ဒါကို ပြုပြင်မွမ်းမံလိုက်ကြပါစို့ ” တဲ့

၉။

ကဲ ဒီlogo အသစ်လေးကတော့ တူညီတဲ့ အယူအဆကိုပဲ သုံးထားပေမယ့်ပိုပြီး ယုံကြည်ချက် ရလာစေပါတယ်တဲ့ ။ ရိုးရှင်းတဲ့ စက်ဝိုင်းပုံသဏ္ဍာန်လေးတွေက ပုံကို ပိုပြီး ရင်းနှီးနွေးထွေးမှု ရစေပါတယ်။ စာလုံးတွေကိုလည်း ပုံနှိပ်စာလုံးပုံစံနဲ့ ပိုပြီး ခေတ်မှီအောင် အစားထိုးခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*