အသက်(၂၆)နှစ်ပြည့်မွေးနေ့မှာ မိဘနှစ်ပါးကို သိန်း(၂၀၀)နဲ့ကန်တော့ခဲ့ပြီး ရွာထဲက လူကြီးသူမတွေကို စားစရာနဲ့ အလှူငွေတွေ လှူဒါန်းခဲ့တဲ့ နေဆန်း
ပရိသတ်ကြီးရေ ဖေစ့်ဘွတ် ဆယ်လီ နေဆန်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ မွန်တိုင်းရင်းသား နေဆန်းကတော့ မိဘအပေါ် ကျေးဇူးသိတတ်တဲ့ သားလိမ္မာတစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေကိုလည်း
ရက်ရောစွာ လှူဒါန်းသူတစ်ဦးပဲဖြစ်ပါတယ်။ Facebook ပေါ်မှာ ဟာသဗီဒီယိုအတိုလေးတွေတင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့ကာ Music Video တွေမှာပါ သရုပ်ဆောင် နေရာရလာသူပါ.။ ရိုးသားပြီး မိဘအပေါ် သိတတ်လိမ္မာသူမို့ နေဆန်းကို
ပရိသတ်တွေက အချစ်ပိုနေရပြီး ဒီနေ့ ဇူလိုင်လ( ၃၁)ရက်နေ့မှာလည်း နေဆန်းက သူ့ရဲ့ အသက် (၂၆)နှစ်ပြည့် မွေးနေ့ အမှတ်တရအနေနဲ့ မိဘနှစ်ပါးအတွက် သိန်း(၂၀၀)တိတိနဲ့ ကန်တော့ဂါရဝပြုမယ့်အကြောင်းနဲ့ ရွာထဲရှိ လူကြီးသူမများအတွက်ပါ ကန်တော့လှူဒါန်းတဲ့
ဗီဒီယိုဖိုင်လေးကို “မွေးနေ့မှာ ပျော်လွန်းးလို့ ဘာပြောရမှန်းတောင်မသိတော့ဘူး” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ နေဆန်းကတော့ သူ့ရဲ့ မွေးနေ့အလှူ ကုသိုလ်လေးနဲ့အတူ ချစ်တဲ့ ပရိသတ်တွေကိုပါ သာဓု ခေါ်ဆိုရင်း ပြုံးပျော်စေဖို့ သူ့ရဲ့ အပျော်တွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန်လည် မျှဝေပေးခဲ့တဲ့ ပုံပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း
နေဆန်းရဲ့ အလှူကုသိုလ် ပြုလုပ်တဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ပရိသတ်ကြီးလည်း နေဆန်းရဲ့ မွေးနေ့အလှူလေးကို သာဓု ခေါ်ဆိုရင်း မွေးနေ့ဆုမွန်ကောင်းစကားလေးတွေကိုလည်း ပြောပေးသွားပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source : Nay Sann’s Facebook
Be the first to comment
Leave a Reply
Your email address will not be published.
*