လူကိုမကြိုက်ကြဖို့ ပရိသတ်တွေကိုတောင်းဆိုလိုက်တဲ့ အဆိုတော် ရာဝန

ပရိသတ်တွေ တခဲနက်အားပေးဝန်းရံနေကြတဲ့ ရာဝနကတော့ ကြယ်ကလေး ဆိုတဲ့အချစ်သီချင်းနဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပြီး လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့အဆိုတော်တစ်ယောက်ပါ ။

အချစ်သီချင်းတွေလည်း သီဆိုသလို ဘဝနဲ့ပတ်သက်တဲ့ သီချင်းတွေကိုလည်း သီဆိုတတ်တဲ့ ရာဝနကိုအားပေးကြတဲ့ ပရိသတ်တွေကတော့အများအပြားပါပဲ ။

အချစ်သီချင်းတွေကို လူငယ်တွေကြိုက်ကြသလို မိဘမဲ့ ဆိုတဲ့ မိဘမရှိတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝရုန်းကန်မှု အကြောင်းရေးသားသီဆိုစဉ်ကလည်း လူကြီး လူငယ်မရွေး အသိမှတ်ပြုအားပေးခဲ့ကြပါတယ် ။

လတ်တလောမှာတော့ သီချင်းတွေကိုပဲကြိုက်ကြပါ လူကိုမကြိုက်ပါနဲ့  ရုပ်ဆိုးလို့ပါ ဆိုတဲ့စာသားကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာတွေ့ရပါတယ် ။

ပရိသတ်တွေကတော့ သီချင်းတွေကိုလည်း ကြိုက်သလို လူကိုလဲကြိုက်ပါတယ်လို့ စနောက် ပြီးမှတ်ချက်ပေးနေကြသလို အနုပညာ ညီအကိုမောင်နှမတွေကလည်း စနောက်နေကြတာတွေ့ရပါတယ် ။ ဘယ်ပဲပြောပြော ရာဝနပရိသတ်တွေကတော့ သူ့ကိုဆက်လက် အားပေးနေကြဦးမှာပါတဲ့ ။

Source : Yarwana
Credit Emily (Cele Gabar)

Be the first to comment

Leave a Reply

Your email address will not be published.


*