ရုပ်ရှင်အစည်အရုံးမှာ ရုပ်ရှင်သမားများအတွက် အလှူငွေတွေလှူဒါန်းပေးသွားမယ့် စမိုင်းလ်

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် စမိုင်းလ်ကတော့ ဒီနေ့ ဇွန်လ (၂၀)ရက်နေ့မှာ အလှူလေးတစ်ခုကိုပြုလုပ်ဖို့ စီစဉ်နေခဲ့ပါတယ်။ စမိုင်းလ်ကတော့ အမြဲတမ်းလိုလို အလှူအတန်းတွေကို စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းပေးလေ့ရှိတာကြောင့် ပရိသတ်တွေကတောင် ချီးကျူးနေခဲ့ရတဲ့ သူတစ်ယောက်ပါ။

ဒီနေ့မှာလည်း စမိုင်းလ်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်သမားများအတွက် ကူညီထောက်ပံ့တဲ့အနေနဲ့ အလှူငွေတွေလှူဒါန်းပေးမှာပဲဖြစ်ပါတယ်။ စမိုင်းလ်က ရုပ်ရှင်အစည်းအရုံးမှာရှိတဲ့ “အမေများအဖွဲ့” “မမများအဖွဲ့” “ကိုလူချောအဖွဲ့” “စက်မှုအဖွဲ့” “ဇာတ်ပို့ဇာတ်ရံအဖွဲ့” “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့” တွေအတွက်ကို (၁၀)သိန်းကျပ်စီ လှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။

စမိုင်းလ်က ကိုယ်တိုင်ကလည်း အနုပညာရှင်တစ်ယောက်ဖြစ်သလို အခုလို Covid ကာလရိုက်ကူးရေးတွေနားနေရချိန်မှာ အခက်အခဲတွေနဲ့ ကျပ်တည်းနေတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ အနုပညာရပ်ဝန်းအလွှာစုံက ညီကိုမောင်နှမတွေ ကူညီထောက်ပံ့လှူဒါန်းပေးခဲ့တာပါ။

စမိုင်းလ်ရဲ့အလှူအတွက် ပရိသတ်တွေကလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦး။

Credit Chilli – CeleGabar
Source – စမိုင်းလ် Smile

Be the first to comment

Leave a Reply

Your email address will not be published.


*