
ကလေး အမေလို့မထင်ရလောက်အောင် ချောမောလှပလာတဲ့ မင်းသမီးချောလေး မယ်လိုဒီကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ မယ်လိုဒီကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။
သူမရဲ့ချစ်စရာကောင်းတဲ့ သားလေး သိဒ္ဒိစစ်နဲ့ သာယာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းလျက်ရှိပါတယ်။ မယ်လိုဒီကတော့ သားလေးနဲ့ အတူ ကြော်ငြာတွေကို ရိုက်ကူးသရုပ်ဆောင်နေတာပါပဲနော်။ သူမက” သေရင်အေးရော မပြောတော့ဘူ တကယ်သေလို့မဖြစ်သေးဘူး နောက်ကရထားတွဲကိုဖြုတ်ချလို့မရသေးသလို နောင်သံသရာ အတွက် ဘာမှသေချာမပြင်ဆင်ရသေးဘူး စကားနောက်တရားပါ မင်္ဂလာရှိသော စကားများသာပြောကြပါ ချစ်ဆုံးတို့ရေ”လို့ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။
သူမသားလေးကြောင့် စိတ်ဓာတ်ကို ကြံ့ခိုင်အောင်နေနေရတဲ့အချိန် နိမိတ်မရှိတဲ့စကားတွေကို မပြောစေချင်ပါလို့ဆိုပြီး တင်ပေးလိုက်တာပါပဲနော် ပရိသတ်ကြီးတို့ရေ။ ပရိသတ်တွေအတွက် မယ်လိုဒီက မင်္ဂလာရှိတဲ့စကားလေးတွေကိုပဲ ပြောစေချင်တဲ့ အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မယ်လိုဒီကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။
Leave a Reply