
ရိုးရှင်းတဲ့ပစ္စည်းလေးတွေကို အသုံးပြုကာ အံ့အားသင့်စရာကောင်းလှတဲ့ ဓာတ်ပုံရိုက်ကူးမှုတွေကို ပြုလုပ်ခဲ့တဲ့ဓာတ်ပုံဆရာ
ဓာတ်ပုံရိုက်ကူးတဲ့နေရာမှာ စိတ်ကူးစိတ်သန်းကောင်းပြီး အသေးစိတ်ကို မြင်တတ်တဲ့ အမြင်ရှိဖို့က အရေးကြီးပါတယ်။ ဒါပေမယ့်လည်း ဓာတ်ပုံရိုက်ကူးတဲ့အခါ သုံးလို့ရနိုင်တယ့် နည်းအမျိုးမျိုးကို သိထားဖို့ကလည်း အရေးကြီးပါသေးတယ်။ စိတ်ကူးစိတ်သန်းကောင်းပြီးရိုက်ကူးတဲ့ ရှုထောင့် မမှန်ရင်လည်း ကောင်းမွန်ရမယ့်ပုံက သာမန်ဖြစ်သွားတတ်ပါတယ်။ ဓာတ်ပုံဆရာကောင်းဆိုတာ နည်းစနစ်တွေအများကြီးကို သုံးပြီး လှည့်ကွက်အမျိုးမျိုး ရှုထောင့်အမျိုးမျိုးကနေ နှစ်ဖက်မြင် ဓာတ်ပုံတွေကို သုံးဖက်မြင် […]